Celebrity

သူကတော့ Barမှာ ပရိတ်သတ်တောင်းဆိုလို့သီချင်းဆိုပေးတာဖြစ်ပြီး တစ်ဖက်လူကိုတော့ ရိုင်းစိုင်းတဲ့ စကားတစ်ခွန်းနဲ့ ဒဲ့ပြောချလိုက်တဲ့ အိမ့်ချစ်

အဆိုတော် အိမ့်ချစ် ကတော့ သူမရဲ့ ဖခင် အဆိုတော်ကြီး ဦးချစ်ကောင်းရဲ့ အနုပညာ အမွေတွေကို ဆက်ခံရရှိပြီး အောင်မြင်တဲ့ ဂီတ လမ်းကြောင်းပေါ်ကို ရောက် ရှိခဲ့တာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်က ပြီးခဲ့တဲ့ ချစ်သူ များနေ့မှာ ရန်ကုန်မြို့က Radio Bar မှာ သီချင်းဆိုခဲ့ပြီး မော်ဒယ်လ် စူးရှထက်က Live လွှင့်ခဲ့တာကြောင့် စူးရှထက်နဲ့ ပြဿနာတွေ တက်ခဲ့ရတာပဲဖြစ်ပါတယ်။

ထိုကိစ္စနဲ့ ပတ်သက်ပြီး စူးရှထက်ကလည်း အိမ့်ချစ်နဲ့ ပြောထားတဲ့ စာတွေကို SS တွေနဲ့တကွ ပြသလာပြီး အိမ့်ချစ်ကလည်း သူမရဲ့ ဖေ့စ်ဘုတ် Story ကနေ “အရှက်မရှိတဲ့သူနဲ့ ပြိုင်မဖြစ်ဘူး။ သူမှန်ရင် ကိုယ့်ကို Block ပြီး သူကိုယ့်ကို ပြောတာတွေဖျက်ပြီး တင်စရာမှ မလိုတာ။ သူ့အကြောင်း သိလို့ ပွဲရှာတယ်လို့ပြောတာ။ သူ့စိတ်ဓာတ်ကို အားလုံးက သိပြီးသားပဲ ရှင်းပြနေ စရာမလိုပါဘူး ” လို့ ရေးပြီးတင်လာခဲ့ပါတယ်။

ဒါ့အပြင် အိမ့်ချစ်က စူးရှထက် ဘက်ကပြောတဲ့ ပရိသတ် တစ်ယောက်ကို “J ဝင်ရအောင် ကျွန်မက ဘားမှ တိုက်ဆိုင်စွာရောက်လာပြီး ပရိသတ် တောင်းဆိုလို့ တက်ဆိုပေးတာ။ Valentines Day မှာ _ံ ဖို့ ဘားမှာ ဈေးလာညှိနေတာ မဟုတ်ဘူးရှင့်” လို့ပြောဆိုခဲ့တာကြောင့် ပရိသတ်တွေက အိမ့်ချစ်ဟာ ထင်မထားလောက်အောင် အပြောအဆို ရိုင်းစိုင်းတယ် ဆိုပြီး သူမရဲ့ ပိုစ့်တွေမှာ ဝေဖန် နေကြတာပဲ ဖြစ်ပါတယ်။

Zawgyi

အဆိုေတာ္ အိမ့္ခ်စ္ ကေတာ့ သူမရဲ့ ဖခင္ အဆိုေတာ္ႀကီး ဦးခ်စ္ေကာင္းရဲ့ အႏုပညာ အေမြေတြကို ဆက္ခံရရွိၿပီး ေအာင္ျမင္တဲ့ ဂီတ လမ္းေၾကာင္းေပၚကို ေရာက္ ရွိခဲ့တာပဲ ျဖစ္ပါတယ္။ အိမ့္ခ်စ္က ၿပီးခဲ့တဲ့ ခ်စ္သူ မ်ားေန႔မွာ ရန္ကုန္ၿမိဳ႕က Radio Bar မွာ သီခ်င္းဆိုခဲ့ၿပီး ေမာ္ဒယ္လ္ စူးရွထက္က Live လႊင့္ခဲ့တာေၾကာင့္ စူးရွထက္နဲ႔ ျပႆနာေတြ တက္ခဲ့ရတာပဲျဖစ္ပါတယ္။

ထိုကိစၥနဲ႔ ပတ္သက္ၿပီး စူးရွထက္ကလည္း အိမ့္ခ်စ္နဲ႔ ေျပာထားတဲ့ စာေတြကို SS ေတြနဲ႔တကြ ျပသလာၿပီး အိမ့္ခ်စ္ကလည္း သူမရဲ့ ေဖ့စ္ဘုတ္ Story ကေန “အရွက္မရွိတဲ့သူနဲ႔ ၿပိဳင္မျဖစ္ဘူး။ သူမွန္ရင္ ကိုယ့္ကို Block ၿပီး သူကိုယ့္ကို ေျပာတာေတြဖ်က္ၿပီး တင္စရာမွ မလိုတာ။ သူ႔အေၾကာင္း သိလို႔ ပြဲရွာတယ္လို႔ေျပာတာ။ သူ႔စိတ္ဓာတ္ကို အားလုံးက သိၿပီးသားပဲ ရွင္းျပေန စရာမလိုပါဘူး ” လို႔ ေရးၿပီးတင္လာခဲ့ပါတယ္။

ဒါ့အျပင္ အိမ့္ခ်စ္က စူးရွထက္ ဘက္ကေျပာတဲ့ ပရိသတ္ တစ္ေယာက္ကို “J ဝင္ရေအာင္ ကၽြန္မက ဘားမွ တိုက္ဆိုင္စြာေရာက္လာၿပီး ပရိသတ္ ေတာင္းဆိုလို႔ တက္ဆိုေပးတာ။ Valentines Day မွာ _ံ ဖို႔ ဘားမွာ ေဈးလာညႇိေနတာ မဟုတ္ဘူးရွင့္” လို႔ေျပာဆိုခဲ့တာေၾကာင့္ ပရိသတ္ေတြက အိမ့္ခ်စ္ဟာ ထင္မထားေလာက္ေအာင္ အေျပာအဆို ရိုင္းစိုင္းတယ္ ဆိုၿပီး သူမရဲ့ ပိုစ့္ေတြမွာ ေဝဖန္ ေနၾကတာပဲ ျဖစ္ပါတယ္။

Y T