သရုပ် ဆောင် ဥက္ကာမင်းမောင်ကတော့ အလှမောင်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလောကမှာ ထင်ရှားသူတစ်ယောက် ပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ LGBT ဖြစ်တည်မှုနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားခဲ့သလို သူ့ရဲ့နေ့စဉ်အ ကြောင်းအရာလေးတွေကိုလည်း ပရိသတ်တွေကို အမြဲတမ်းမျှဝေပေးနေလျက်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ မိသားစုငွေရေးကြေးရေးကိစ္စနဲ့ မိခင်ရဲ့ ကင်ဆာ ရောဂါတို့ကြောင့် စိတ်သောကတွေခံစားနေရတဲ့ ဥက္ကာမင်းမောင်ဟာ ဒီကနေ့မှာတော့ သူ့အနေနဲ့ သတင်းကောင်းလေးတွေကြားလာရပြီလို့ဆိုပါတယ် ။
ဥက္ကာမင်းမောင် က “နောက်သတင်းကောင်းလေးတွေက အခုလာမယ့် လာမယ့် နိုဝင်ဘာလမှာ ၇ ကြိမ်မြောက် ကျင်းပမယ့် Mister Tourism World ပြိုင်ပွဲကို Brazil နိုင် ငံ Rio de Janeiro မြို့မှာကျင်းပမှာဖြစ်ပါတယ်။ ကျွန်တော် ဒိုင်လူကြီးအဖြစ်သွားရောက်ဆောင်ရွက်ဖို့ ဖိတ်ခေါ်သလို အခု လက်ရှိအသံသွင်းနေ တဲ့ ဒုတိယ album ထဲက English သီချင်းတချို့နဲ့လဲ ဖျော်ဖြေမှာဖြစ်ပါတယ။ နိုင်ငံတကာက Live ကြည့်နေမယ့် ပြိုင်ပွဲမှာ ဖျော်ဖြေရမှာဖြစ်တဲ့အတွက် ကျွန် တော် အစစအရာရာ ကြိုတင်ပြင်ဆင် အစွမ်းကုန်ကြိုးစားပါမယ်။ အဲ့အတွက်လဲ ရင်တွေခုန် စိတ်လှုပ်ရှားနေပါပြီ။ ပြီးတော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က American သ ရုပ်ဆောင်တွေနဲ့ ရိုက်ခဲ့တဲ့ “Shadow of Love” short film က ဇာတ်လမ်းရှည်ရုပ်ရှင်ကားကြီးအဖြစ် ဒီနှစ်ထဲပြောင်းလဲမယ်လို့ ဒါရိုက်တာထုတ် လုပ်သူကပြောပါတယ်။ ခေါင်းဆောင်အဖြစ်သရုပ်ဆောင်ရမယ့်အပြင် ကျွန်တော့်အတွက် International တက်လှမ်းခွင့်ရမယ့် ပထမဆုံး English စ ကားပြောဇာတ်ကားကြီးဖြစ်လာမှာပါ။ ရိုက်ဖို့တော့ လိုပါသေးတယ်။ ကျွန်တော့် ဝတ္ထုစာအုပ်ရော၊ ဒုတိယ album ရော ပရိတ်သတ်လက်ထဲ အမြန်ဆုံးရောက်အောင် ကြိုးစားပါမယ်။ မေကြီးဆီက သူ့ကင်ဆာဆေးစစ်အဖြေ သတင်းကောင်းလေးလဲ ကြားရပြီဆိုတော့ စိတ်လဲ တော်တော် သက်သာသွားပြီ.. ဆက်တော့ကု ရဦးမှာပါ.. သူငယ်ချင်း Chrissy လဲ New York ပြောင်းလာပြီဆိုတော့ ပရိတ်သတ်များအတွက်လဲ ဟာသဗီဒီယိုလေးတွေ ဒီကြားထဲရိုက်ပြီး ပြန်တင်ပေးမယ် နော်။ Beauty pageant နဲ့ ပက်သတ်တဲ့ဗီဒီယိုလေးတွေ Modeling နဲ့ ပတ်သတ်တဲ့ ဗီဒီယိုလေးတွေလဲတင်မယ်။ ကြိုးစားပါမယ်.. အားပေးနော်.. ကံ ကောင်းခြင်းလေးတွေ စတင်ရောက်ရှိလာတော့မယ်လို့ခံစားရတယ်.. မုန်တိုင်းတွေမြန်မြန်ပြီးလို့ လေပြေလာပါတော့လို့ဆုတောင်းနေပါတယ်။” ဆိုပြီးပြောလာ ပါတယ် ။
ဥက္ကာမင်းမောင် က တော့ သူ့အနေနဲ့ စိတ်ပင်ပန်းသောကရောက်ရတာတွေအရမ်းများပြီးတဲ့နောက် အခုဆိုရင် သူ့အတွက် နိုင်ငံတကာအနုပညာလမ်းကြောင်းပေါ် လျှောက် လှမ်းခွင့်ရတော့မှာပဲဖြစ်ပါတယ်။ ဥက္ကာမင်းမောင်တစ်ယောက် ရှေ့လျှောက်ကံကောင်းခြင်းတွေကိုသာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် နော် ။
source : Okkar Min Maung ’ s f b
zawgyi
သ႐ုပ္ ေဆာင္ ဥကၠာမင္းေမာင္ကေတာ့ အလွေမာင္တစ္ေယာက္အျဖစ္သာမက သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း အႏုပညာေလာကမွာ ထင္ရွားသူတစ္ေယာက္ ပဲ ျဖစ္ပါတယ္။ ဥကၠာမင္းေမာင္ကေတာ့ သူ႔ရဲ့ LGBT ျဖစ္တည္မႈနဲ႔ ပက္သတ္ၿပီး ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းခ်ျပထားခဲ့သလို သူ႔ရဲ့ေန႔စဥ္အ ေၾကာင္းအရာေလးေတြကိုလည္း ပရိသတ္ေတြကို အျမဲတမ္းမၽွေဝေပးေနလ်က္ရွိသူတစ္ေယာက္ျဖစ္ပါတယ္။ မိသားစုေငြေရးေၾကးေရးကိစၥနဲ႔ မိခင္ရဲ့ ကင္ဆာ ေရာဂါတို႔ေၾကာင့္ စိတ္ေသာကေတြခံစားေနရတဲ့ ဥကၠာမင္းေမာင္ဟာ ဒီကေန႔မွာေတာ့ သူ႔အေနနဲ႔ သတင္းေကာင္းေလးေတြၾကားလာရၿပီလို႔ဆိုပါတယ္ ။
ဥကၠာမင္းေမာင္ က “ေနာက္သတင္းေကာင္းေလးေတြက အခုလာမယ့္ လာမယ့္ နိုဝင္ဘာလမွာ ၇ ႀကိမ္ေျမာက္ က်င္းပမယ့္ Mister Tourism World ၿပိဳင္ပြဲကို Brazil နိုင္ ငံ Rio de Janeiro ၿမိဳ႕မွာက်င္းပမွာျဖစ္ပါတယ္။ ကၽြန္ေတာ္ ဒိုင္လူႀကီးအျဖစ္သြားေရာက္ေဆာင္ရြက္ဖို႔ ဖိတ္ေခၚသလို အခု လက္ရွိအသံသြင္းေန တဲ့ ဒုတိယ album ထဲက English သီခ်င္းတခ်ိဳ႕နဲ႔လဲ ေဖ်ာ္ေျဖမွာျဖစ္ပါတယ။ နိုင္ငံတကာက Live ၾကည့္ေနမယ့္ ၿပိဳင္ပြဲမွာ ေဖ်ာ္ေျဖရမွာျဖစ္တဲ့အတြက္ ကၽြန္ ေတာ္ အစစအရာရာ ႀကိဳတင္ျပင္ဆင္ အစြမ္းကုန္ႀကိဳးစားပါမယ္။ အဲ့အတြက္လဲ ရင္ေတြခုန္ စိတ္လႈပ္ရွားေနပါၿပီ။ ၿပီးေတာ့ လြန္ခဲ့တဲ့ ၃ ႏွစ္ေက်ာ္က American သ ႐ုပ္ေဆာင္ေတြနဲ႔ ရိုက္ခဲ့တဲ့ “Shadow of Love” short film က ဇာတ္လမ္းရွည္႐ုပ္ရွင္ကားႀကီးအျဖစ္ ဒီႏွစ္ထဲေျပာင္းလဲမယ္လို႔ ဒါရိုက္တာထုတ္ လုပ္သူကေျပာပါတယ္။ ေခါင္းေဆာင္အျဖစ္သ႐ုပ္ေဆာင္ရမယ့္အျပင္ ကၽြန္ေတာ့္အတြက္ International တက္လွမ္းခြင့္ရမယ့္ ပထမဆုံး English စ ကားေျပာဇာတ္ကားႀကီးျဖစ္လာမွာပါ။ ရိုက္ဖို႔ေတာ့ လိုပါေသးတယ္။ ကၽြန္ေတာ့္ ဝတၳဳစာအုပ္ေရာ၊ ဒုတိယ album ေရာ ပရိတ္သတ္လက္ထဲ အျမန္ဆုံးေရာက္ေအာင္ ႀကိဳးစားပါမယ္။ ေမႀကီးဆီက သူ႔ကင္ဆာေဆးစစ္အေၿဖ သတင္းေကာင္းေလးလဲ ၾကားရၿပီဆိုေတာ့ စိတ္လဲ ေတာ္ေတာ္ သက္သာသြားၿပီ.. ဆက္ေတာ့ကု ရဦးမွာပါ.. သူငယ္ခ်င္း Chrissy လဲ New York ေျပာင္းလာၿပီဆိုေတာ့ ပရိတ္သတ္မ်ားအတြက္လဲ ဟာသဗီဒီယိုေလးေတြ ဒီၾကားထဲရိုက္ၿပီး ျပန္တင္ေပးမယ္ ေနာ္။ Beauty pageant နဲ႔ ပက္သတ္တဲ့ဗီဒီယိုေလးေတြ Modeling နဲ႔ ပတ္သတ္တဲ့ ဗီဒီယိုေလးေတြလဲတင္မယ္။ ႀကိဳးစားပါမယ္.. အားေပးေနာ္.. ကံ ေကာင္းျခင္းေလးေတြ စတင္ေရာက္ရွိလာေတာ့မယ္လို႔ခံစားရတယ္.. မုန္တိုင္းေတြျမန္ျမန္ၿပီးလို႔ ေလေျပလာပါေတာ့လို႔ဆုေတာင္းေနပါတယ္။” ဆိုၿပီးေျပာလာ ပါတယ္ ။
ဥကၠာမင္းေမာင္ က ေတာ့ သူ႔အေနနဲ႔ စိတ္ပင္ပန္းေသာကေရာက္ရတာေတြအရမ္းမ်ားၿပီးတဲ့ေနာက္ အခုဆိုရင္ သူ႔အတြက္ နိုင္ငံတကာအႏုပညာလမ္းေၾကာင္းေပၚ ေလၽွာက္ လွမ္းခြင့္ရေတာ့မွာပဲျဖစ္ပါတယ္။ ဥကၠာမင္းေမာင္တစ္ေယာက္ ေရွ႕ေလၽွာက္ကံေကာင္းျခင္းေတြကိုသာ ရရွိပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ ေနာ္ ။
source : Okkar Min Maung ’ s f b