မယ်ဒလင် တစ်လက်နဲ့အတူ တစ်နိုင်ငံလုံးကပရိသတ်အများစုရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့သူ နိုင်ငံကျော်အဆိုတော်ကြီး တွံတေးစိုးအောင်ဟာ ယနေ့ မတ်လ (၉) ရက် နေ့ ၊ နံနက် (၂) နာရီ (၃) မိနစ်အချိန်က ရန်ကုန်ဆေးရုံကြီးတွင် ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ကာ ကွယ်လွန်သွားခဲ့ကြောင်းကို သားဖြစ်သူကပြော ကြား ထားပါတယ်။တေးသံရှင် တွံတေးစိုးအောင်ရဲ့သားဖြစ်သူ တွံတေးဟိန်းကျော်က ” ကျွန်တော့်ရဲ့အဖေ နိုင်ငံကျော်တေးသံရှင်ကြီး တွံတေးစိုးအောင် ယနေ့ နံနက် ၂ နာရီက ကွယ်လွန်သွားပါတယ်။ သားရင်ထဲမှာ ဘာစကားမှ ပြောစရာဘာမှမရှိတော့ပါဘူး။
သား ရူးတော့မယ် အဖေရေ။ အဖေချစ်တဲ့သားကို အစောကြီးထားသွားတယ်ဗျာ”လို့ ပြော ကြားထားပါတယ်။တေးသံရှင် တွံတေးစိုးအောင်သည် ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက် ကွယ်လွန်သွားတာလို့လည်း သိရပါတယ်။
မြန်မာ သံတေးသံရှင် ကျော်ကိုကိုနိုင်က ‘အပြင်မှာ တွေ့ဖူးမြင်ဖူးပေါင်းဖူးသူမို့ အရမ်းဖြူစင်တဲ့ အနုပညာသမားမို့ အရမ်းနှမြောရပါတယ်။ဂီတလောကအ တွက် ဆုံးရှုံးမှုကြီးပါ။ ကျန်ရစ်သူမိသားစုနဲ့ထပ်တူဝမ်းနည်းပါတယ်။ အထူးသဖြင့် အစ်ကို စိုးအောင်သားလေး တွံတေးဟိန်းကျော် ညီလေးအတွက် ပိုစိတ်မကောင်းပါ ဘူးဆိုပြီးပြောပြလာတာပဲဖြစ်တယ်နော်. ဂီတလောကကနေအစောကြီးရုတ်တရက်ထွက်ခွါသွားတဲ့ တွံတေးစိုးအောင်အတွက် မိသားစုနဲ့ထပ်တူ ကြေကွဲ ဝမ်းနည်းရပါတယ်နော်…။
crd :
zawgyi
crd :