လူလေး လှသလို အသားအရည်လေးလည်းအရမ်းကောင်းတဲ့ မင်းသမီးချောလေး သွန်းဆက်ဟာ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်းနဲ့ နာမည်ရလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သွန်းဆက်ဟာ လတ်တလောမှာတော့ အနုပညာအလုပ်တွေ နည်းပါးနေလျက်ရှိပြီး ဇာတ်ကားရိုက်ကူးမှုတွေလတ်တလောမရှိသေးတာကို တွေ့ ရပါတယ်။ ဒါပေမယ့်လည်း သွန်းဆက်က ပွဲတက်လေးတွေကို အချိန်ပေးတက်ဖြစ်နေပြီး ပရိသတ်တွေနဲ့ထိတွေ့နေလျက်ရှိတာပဲဖြစ်ပါတယ်။
ဒီ ကနေ့ မှာ တော့ သွန်းဆက်က နဖူးကွဲသွားခဲ့တဲ့ သူမရဲ့အခြေအနေကိုပြောပြခဲ့ပြီး လတ်တလောမှာတော့ ဖိတ်ကြားထားတဲ့ပွဲတွေတက်ဖြစ်ဦးမှာမဟုတ်ကြောင်း  “ ဒီ ရက်ပိုင်းဖိတ်တဲ့ ပွဲလမ်းသဘင်တွေအားလုံးကို လာချင်ပေမယ့် ဘယ်မှသွားမရလို့ပါရှင့်။ အရမ်းအားနာပါတယ်နော်။ နဖူးနဲ့ မျက်လုံးနားကြား အကြီးကြီး ကွဲသွားလို့ မျက်နှာရော နှာခေါင်းရော အကုန်ယောင်ကိုင်းသွားနေလို့ပါနော်။ အားလုံးကို မီယားနဲ” ဆိုပြီး မျှဝေပေးလာခဲ့ပါတယ်။
သွန်းဆက် က တော့ ချစ်စရာကောင်းတဲ့ မျက်နှာလှလှလေးပေါ်မှာ နဖူးကွဲသွားတဲ့အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ သွန်းဆက် တစ်ယောက် အမြန်ဆုံးဝေဒနာတွေ သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
source :  Thun  Sett ’ s  f b
zawgyi
source :  Thun  Sett ’ s  f b