သရုပ် ဆောင် သျှင်းမြတ် က တော့ ပရိသတ်ကြီးအားလုံးသိပြီးသားအတိုင်း မင်းသမီးချောလေး မေမြင့်မိုရ်ရဲ့ မောင်အရင်းလေးပဲ ဖြစ်ပါတယ်။ သျှင်းမြတ်ဟာ “ ရသ မော်ကွန်း အင်္လကာ ” ၊ “၁၀၁% ချစ် ခြင်း “၊ “အိပ်မက်ငိုတော” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အများကြီး ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီ ကနေ့ မှာ တော့ သျှင်းမြတ်က သူ့ရဲ့ အနုပညာခြေလှမ်းသစ်ကို ပရိသတ်တွေဆီ မျှဝေလာခဲ့ပါတယ်။ သျှင်းမြတ်က အကယ်ဒမီ ယွန်းယွန်းနဲ့ အတူတူ ခေါင်း ဆောင်ပြီး သရုပ်ဆောင်မယ့် သင်္ကြန်ရုပ်သံဇာတ်လမ်းတွဲ “ နွေဥဩ “ အတွက် ကန်တော့ပွဲပြုလုပ်ခဲ့ပြီး သူ့ရဲ့ ခြေလှမ်းသစ်အတွက် စိန်ခေါ်မှုအသစ်လို့ ပြောလာ ခဲ့ပါတယ်။
သျှင်းမြတ် က တော့ သူ့အနေနဲ့ ခေါင်းဆောင်မင်းသားအဖြစ် ပထမဦးဆုံးအကြိမ်သရုပ်ဆောင်မယ့် ဇာတ်ကားအတွက် စိန်ခေါ်မှုတွေ စတင်ခဲ့ပြီလို့ ပြောလာခဲ့တာ ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သျှင်းမြတ် သရုပ်ဆောင်မယ့် “နွေဥသြ” ဇာတ်လမ်းတွဲလေးထွက်ရှိလာရင် အားပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ် နော်။
source : Shinn Myat’ s f b
zawgyi
သ႐ုပ္ ေဆာင္ သၽွင္းျမတ္ က ေတာ့ ပရိသတ္ႀကီးအားလုံးသိၿပီးသားအတိုင္း မင္းသမီးေခ်ာေလး ေမျမင့္မိုရ္ရဲ့ ေမာင္အရင္းေလးပဲ ျဖစ္ပါတယ္။ သၽွင္းျမတ္ဟာ “ ရသ ေမာ္ကြန္း အလၤကာ ” ၊ “၁၀၁% ခ်စ္ ျခင္း “၊ “အိပ္မက္ငိုေတာ” စတဲ့ ဇာတ္လမ္းတြဲေတြနဲ႔ ေအာင္ျမင္ခဲ့ၿပီး ပရိသတ္ေတြရဲ့ အားေပးမႈကိုလည္း အမ်ားႀကီး ရရွိပိုင္ဆိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ဒီ ကေန႔ မွာ ေတာ့ သၽွင္းျမတ္က သူ႔ရဲ့ အႏုပညာေျခလွမ္းသစ္ကို ပရိသတ္ေတြဆီ မၽွေဝလာခဲ့ပါတယ္။ သၽွင္းျမတ္က အကယ္ဒမီ ယြန္းယြန္းနဲ႔ အတူတူ ေခါင္း ေဆာင္ၿပီး သ႐ုပ္ေဆာင္မယ့္ သၾကၤန္႐ုပ္သံဇာတ္လမ္းတြဲ “ ေႏြဥဩ “ အတြက္ ကန္ေတာ့ပြဲျပဳလုပ္ခဲ့ၿပီး သူ႔ရဲ့ ေျခလွမ္းသစ္အတြက္ စိန္ေခၚမႈအသစ္လို႔ ေျပာလာ ခဲ့ပါတယ္။
သၽွင္းျမတ္ က ေတာ့ သူ႔အေနနဲ႔ ေခါင္းေဆာင္မင္းသားအျဖစ္ ပထမဦးဆုံးအႀကိမ္သ႐ုပ္ေဆာင္မယ့္ ဇာတ္ကားအတြက္ စိန္ေခၚမႈေတြ စတင္ခဲ့ၿပီလို႔ ေျပာလာခဲ့တာ ပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း သၽွင္းျမတ္ သ႐ုပ္ေဆာင္မယ့္ “ေႏြဥၾသ” ဇာတ္လမ္းတြဲေလးထြက္ရွိလာရင္ အားေပးၾကပါဦးလို႔ ေတာင္းဆိုလိုက္ပါတယ္ ေနာ္။
source : Shinn Myat’ s f b