မင်းသား ကြီး ရဲကိုကို နဲ့ မင်းသမီး လင်းဇာနည်ဇော် တို့ရဲ့ တစ်ဦးတည်းသော သမီး မြူလင်းကိုကို က တော့ အဖေနဲ့ အမေဆီက ချောမောတဲ့အမွေတွေကို ဆက် ခံ ရရှိထားတာမို့ ကြွေရုပ်လေးတစ်ရုပ်လိုလှပသူဖြစ်ပါတယ်။ ရဲကိုကိုနဲ့ လင်းဇာနည်ဇော်တို့က တရားဝင်ကွာရှင်းထားတာမို့ မြူလင်းကိုကို ကသူမရဲ့မိ ခင် လင်းဇာနည်ဇော်နဲ့အတူနေထိုင်ရင်း မေမေ့ရဲ့အလုပ်တွေကို ကူညီလုပ်ဆောင်ပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။
လင်းဇာနည်ဇော် က လည်း ဇာတ်ကားတွေရိုက်သလို သူမရဲ့ အိမ်တွင်းစားသောက်ကုန်လုပ်ငန်းအတွက် အချိန်တွေအများကြီးမြုပ်နှံထားရပေမယ့် သူမရဲ့သမီးလေး မြူလင်းကိုကို ကိုတော့ အမြဲတမ်းဂရုတစိုက် ရှာတာ ပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း လင်းဇာနည်ဇော်နဲ့ မြူလင်းကိုကိုတို့ သားအမိနှစ်ယောက်က အပြင် ထွက် ညစာစားရင်း အချိန်တွေအတူကုန်ဆုံးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
လင်းဇာနည်ဇော် နဲ့ မြူလင်းကိုကို တို့ က တော့ သားအမိတွေဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် အပွင့်လင်းဆုံးဆက်ဆံနေထိုင်ကြတာကြောင့် သူ ငယ်ချင်းလို ညီအစ်မလိုဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လင်းဇာနည်ဇော်နဲ့ မြူလင်းကိုကိုတို့သားအမိနှစ်ယောက်ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျ ကြမယ်လို့ မျှော်လင့်ပါတယ်နော်။
source : Myu Linn Ko Ko ’ s f b
zawgyi