ပရိသတ် ကြီးရေ သရုပ်ဆောင် ထူးခြားကတော့ လူမှုရေးဖောက်ပြန်မှုကြောင့် သူ့ရဲ့ချစ်ဇနီးနဲ့ တရားဝင် ကွာရှင်းခဲ့ရတာ ဖြစ်ပါတယ်။ ကွာရှင်းရတဲ့ ကိစ္စကိုလည်း ထူးခြားမှ တရားဝင်ပြောကြားတာ မဟုတ်ဘဲ သူ့ရဲ့ဇနီးမှ လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ ဖြစ်ပါတယ်။ ဒီသတင်းကြားကြားချင်းမှာပဲ ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့မှာ တော့ ထူးခြားတို့နှစ်ယောက်ဟာ တရားရုံးတွင် တရားဝင်ကွာရှင်းခဲ့ကြပြီ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ မကြာသေးခင် နာရီပိုင်းလောက်က ခိုင်ဦးရဲ့Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ တဖြည်းဖြည်းနဲ့ပျက်စီးသွားခဲ့တဲ့ ခင်ပွန်းဟောင်းရဲ့အဖြစ်ကိုကြည့်ပြီး နှမျောနေတာ ဖြစ်ပါတယ်။
“ လူ နှစ်ယောက် ပတ်သက်တုန်းကတော့ ပျော်ဖို့အရမ်းကောင်းပေမယ့် တရားဝင် တရားရုံးမှာ လမ်းခွဲကြပြီဆိုတော့လည်း တကယ့် သူစိမ်းတွေလိုပါပဲ။ (၈)နှစ်အတွင်းမှာ တရားဝင်နောက်ဆုံးအနေနဲ့ အပြီးသတ် မတွေ့မဖြစ်လို့ တွေ့ခဲ့ရပေမယ့် လပိုင်းလေးအတွင်း physically ပြောင်းလဲသွားလိုက်တာ သူ့ကို ကြည့်ပြီး ရင်ထဲမကောင်းဘူး။ သူလျှောက်တဲ့လမ်းမှာ သူပျော်မယ်လို့ ယူဆရပေမယ့် ဘေးလူအနေနဲ့ကြည့်ရတဲ့ ကိုယ်က သူ့အတွက် ချစ်ခြင်းမုန်းခြင်းမပါဘဲ စိတ်ပူပြီးနှမျောနေမိတာ မညာချင်ဘူး။ အများကြီး အကောင်းဘက်ကို ဦးတည်အောင် အချိန်တွေ စိတ်တွေနှစ်ပြီး လုပ်ပေးခဲ့တာကို ဖျက်ဆီးပစ်တော့လည်း ခဏလေးရယ် ဘာလို့များဆိုတာကို ခဏခဏတွေးနေမိတယ် နင်မိုက်လိုက်တာ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
crd : Cele Thadin
zawgyi
ပရိသတ္ ႀကီးေရ သ႐ုပ္ေဆာင္ ထူးျခားကေတာ့ လူမႈေရးေဖာက္ျပန္မႈေၾကာင့္ သူ႔ရဲ့ခ်စ္ဇနီးနဲ႔ တရားဝင္ ကြာရွင္းခဲ့ရတာ ျဖစ္ပါတယ္။ ကြာရွင္းရတဲ့ ကိစၥကိုလည္း ထူးျခားမွ တရားဝင္ေျပာၾကားတာ မဟုတ္ဘဲ သူ႔ရဲ့ဇနီးမွ လူမႈကြန္ရက္ေပၚတြင္ ေရးသားထားတာ ျဖစ္ပါတယ္။ ဒီသတင္းၾကားၾကားခ်င္းမွာပဲ ပရိသတ္ေတြအားလုံး အံ့အားသင့္ခဲ့ရတာ ျဖစ္ပါတယ္။
ဒီေန႔မွာ ေတာ့ ထူးျခားတို႔ႏွစ္ေယာက္ဟာ တရား႐ုံးတြင္ တရားဝင္ကြာရွင္းခဲ့ၾကၿပီ ျဖစ္ပါတယ္။ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီးေတာ့ မၾကာေသးခင္ နာရီပိုင္းေလာက္က ခိုင္ဦးရဲ့Facebook Story တြင္ ပုံေလးတစ္ပုံ တင္ထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ တျဖည္းျဖည္းနဲ႔ပ်က္စီးသြားခဲ့တဲ့ ခင္ပြန္းေဟာင္းရဲ့အျဖစ္ကိုၾကည့္ၿပီး ႏွေမ်ာေနတာ ျဖစ္ပါတယ္။
“ လူ ႏွစ္ေယာက္ ပတ္သက္တုန္းကေတာ့ ေပ်ာ္ဖို႔အရမ္းေကာင္းေပမယ့္ တရားဝင္ တရား႐ုံးမွာ လမ္းခြဲၾကၿပီဆိုေတာ့လည္း တကယ့္ သူစိမ္းေတြလိုပါပဲ။ (၈)ႏွစ္အတြင္းမွာ တရားဝင္ေနာက္ဆုံးအေနနဲ႔ အၿပီးသတ္ မေတြ႕မျဖစ္လို႔ ေတြ႕ခဲ့ရေပမယ့္ လပိုင္းေလးအတြင္း physically ေျပာင္းလဲသြားလိုက္တာ သူ႔ကို ၾကည့္ၿပီး ရင္ထဲမေကာင္းဘူး။ သူေလၽွာက္တဲ့လမ္းမွာ သူေပ်ာ္မယ္လို႔ ယူဆရေပမယ့္ ေဘးလူအေနနဲ႔ၾကည့္ရတဲ့ ကိုယ္က သူ႔အတြက္ ခ်စ္ျခင္းမုန္းျခင္းမပါဘဲ စိတ္ပူၿပီးႏွေမ်ာေနမိတာ မညာခ်င္ဘူး။ အမ်ားႀကီး အေကာင္းဘက္ကို ဦးတည္ေအာင္ အခ်ိန္ေတြ စိတ္ေတြႏွစ္ၿပီး လုပ္ေပးခဲ့တာကို ဖ်က္ဆီးပစ္ေတာ့လည္း ခဏေလးရယ္ ဘာလို႔မ်ားဆိုတာကို ခဏခဏေတြးေနမိတယ္ နင္မိုက္လိုက္တာ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။
crd : Cele Thadin