မင်းသမီး ချော မေကဗျာ က တော့ (၂၀၀၀) ခုနှစ် ပတ်ဝန်းကျင် က အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲ ဖြစ်ပါတယ်။ မေကဗျာကတော့ ညိုစိမ့်စိမ့်လေးနဲ့ တမူထူးခြား လှပသူမို့ ပရိသတ်တွေကြားထဲမှာ ညိုချောမင်းသမီးလေးအဖြစ် တင်စားခံရတာပဲ ဖြစ်ပါတယ်။ မေကဗျာက နောက်ပိုင်းမှာတော့ ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပဲ မိသားစုစီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေလျက် ရှိပါတယ် ။
အလုပ်တွေ အရမ်းလုပ်ပြီး နေရာအနှံ့ကိုသွားလာနေရတဲ့ မေကဗျာဟာ ဒီကနေ့မှာတော့ သူမအနေနဲ့ သွားလာလှုပ်ရှားပြီး ပင်ပင်ပန်းပန်းအလုပ်လုပ်တာတွေကို အနားယူသင့်နေပြီဆိုပြီး ကိုယ့်ကိုကိုယ်အသိပေးလာပါတယ်။ မေကဗျာက ခြေထောက်ထောက်မရလို့ ဆေးခန်းပြကြည့်ရမှ ခြေထောက်အတက်ထွက်နေပြီး ဘေးတွေကိုပါပျံ့နှံ့နေပြီဆိုပြီး သူမရဲ့ ကျန်းမာရေးအခြေအနေကိုပြောပြလာပါတယ်။
မေကဗျာ က တော့ အလုပ်တွေ မနားမနေဆက်တိုက်လုပ်လွန်းလို့ ခန္ဓာကိုယ်ကတောင်အနားယူဖို့ အချက်ပြနေပြီပဲဖြစ်ပါတယ်။ မေကဗျာတစ်ယောက် ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။
source : May Kabyar ’ s f b
zawgyi
မင္းသမီး ေခ်ာ ေမကဗ်ာ က ေတာ့ (၂၀၀၀) ခုႏွစ္ ပတ္ဝန္းက်င္ က အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ၿပီး ဒီေန႔ဒီအခ်ိန္ထိ ပရိသတ္ေတြရဲ့ အားေပးမႈကို ရရွိေနဆဲ ျဖစ္ပါတယ္။ ေမကဗ်ာကေတာ့ ညိဳစိမ့္စိမ့္ေလးနဲ႔ တမူထူးျခား လွပသူမို႔ ပရိသတ္ေတြၾကားထဲမွာ ညိဳေခ်ာမင္းသမီးေလးအျဖစ္ တင္စားခံရတာပဲ ျဖစ္ပါတယ္။ ေမကဗ်ာက ေနာက္ပိုင္းမွာေတာ့ ဇာတ္ကားေတြမရိုက္ကူးျဖစ္ေတာ့ပဲ မိသားစုစီးပြားေရးလုပ္ငန္းေတြကို ဦးစားေပးလုပ္ကိုင္ေနလ်က္ ရွိပါတယ္ ။
အလုပ္ေတြ အရမ္းလုပ္ၿပီး ေနရာအႏွံ့ကိုသြားလာေနရတဲ့ ေမကဗ်ာဟာ ဒီကေန႔မွာေတာ့ သူမအေနနဲ႔ သြားလာလႈပ္ရွားၿပီး ပင္ပင္ပန္းပန္းအလုပ္လုပ္တာေတြကို အနားယူသင့္ေနၿပီဆိုၿပီး ကိုယ့္ကိုကိုယ္အသိေပးလာပါတယ္။ ေမကဗ်ာက ေျခေထာက္ေထာက္မရလို႔ ေဆးခန္းျပၾကည့္ရမွ ေျခေထာက္အတက္ထြက္ေနၿပီး ေဘးေတြကိုပါပ်ံ႕ႏွံ့ေနၿပီဆိုၿပီး သူမရဲ့ က်န္းမာေရးအေျခအေနကိုေျပာျပလာပါတယ္။
ေမကဗ်ာ က ေတာ့ အလုပ္ေတြ မနားမေနဆက္တိုက္လုပ္လြန္းလို႔ ခႏၶာကိုယ္ကေတာင္အနားယူဖို႔ အခ်က္ျပေနၿပီပဲျဖစ္ပါတယ္။ ေမကဗ်ာတစ္ေယာက္ ခံစားေနရတဲ့ ေဝဒနာေတြ အျမန္ဆုံးသက္သာေပ်ာက္ကင္းပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္ေနာ္။
source : May Kabyar ’ s f b