Posted on

သရုပ် ဆောင် မင်းသားချော ဇေရဲထက် က တော့ သရုပ်ဆောင် ကောင်းပြီး ကိုရီးယားမင်းသားတစ်ဦးလို ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် သူ့ကိုအားပေးကြတဲ့ ပရိသတ်တွေက ဝိုင်းဝိုင်းလည်နေကြတာ ဖြစ်ပါတယ်။ သူရဲ့ပရိသတ်တွေထဲမှာတော့ ဇေရဲထက်ကို အမာခံအားပေးကာ စွဲလန်းနေတဲ့ စိတ်ဝေဒနာရှင် အမျိုးသမီးငယ်လေးတစ်ယောက်လည်း ပါဝင်တာ ဖြစ်ပါတယ်။ ထိုကောင်မလေးကတော့ ဇေရဲထက်တစ်ယောက်ထဲကိုသာ ယနေ့တိုင် အသည်းစွဲပြီး အားပေးချစ်ခင်နေတာ ဖြစ်ပါ တယ် ။

( ၂၀၁၉ ) ခုနှစ်တုန်းကတော့ ဇေရဲထက်က သူ့ကိုအရူးအမူးကြိုက်တဲ့ စိုးစန္ဒာထွန်းဆိုတဲ့ မိန်းကလေးတစ်ယောက်ကို သူကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့တာ ပရိသတ်ကြီးမှတ်မိကြဦးမယ် ထင်ပါတယ်။ ဇေရဲထက်ကို အရမ်းကြိုက်တဲ့ အဆိုဝါသနာရှင်လေး စိုးစန္ဒာထွန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၉) ရက်နေ့ကပဲ အိပ်ပျော်နေရင်းကနေ ရုတ်တရက်ဆုံးပါးသွားခဲ့ပြီလို့ သိရပါတယ်။

စိုးစန္ဒာထွန်း က တော့ သီချင်းဆိုတာကို အရမ်းဝါသနာပါပေမယ့် သူ့ရဲ့ဘဝပေးအခြေအနေကမလှပတာကြောင့် အိပ်မက်တွေဖြစ်လာခွင့်မရှိသလို အခုလိုငယ်ရွယ်နုနယ်သေးတဲ့အချိန်မှာလည်း ဆုံးပါးသွားခဲ့တာ ဝမ်းနည်းစရာပါပဲ။ ဒီအကြောင်းကို ဇေရဲထက်သာသိခဲ့မယ်ဆိုရင်လည်း စိုးစန္ဒာထွန်းလေးအတွက် စိတ်မကောင်းဖြစ်နေမယ်ဆိုတာ အသေအချာပါပဲ။

source  :   မာမီတိုး ’ s  f b

zawgyi




source  :   မာမီတိုး ’ s  f b