ကြိုက်သလောက်စား မကုန်စေရဘူး အာမခံတယ်ရှင့်
အ လုပ်လုပ် နေရာ မှ အသင်းအမှုဆောင်ကိုသောင်းစိန်နှင့်အတူဝင်လာသောမိန်းမလှလေးဆီမျက်စိကရောက်ဖြစ်သည်။ “အောင်သူ ဒါ မင်းနဲ့အတူ တာဝန်ကျတဲ့ အရောင်းပဲ” ကိုသောင်းစိန်ကတည်တည်တန့်တန့်မိတ်ဆက်ပေး၏။ အောင်သူကသမဝါယမ ကုန်ဝယ် စာအုပ်များအစီအရီထပ်ထားသောစာပွဲဘေး နှစ်တောင်ခန့်ကုန်ဝယ်စာအုပ်များ၏စာအုပ်ပုံလေးပုံကြားမှခါးဆန့်၏။ “ဟုတ်ကဲ့ ဦးလေး သူ့ကို ဘာတာဝန်ပေးရမလဲ ဟင်” […]