ညဉ့်နက် နေ တာ တောင် လမ်းမ တွေပေါ် မှာ ဆိုင်ကယ်တွေကဆူညံပြည့်နှက်နေသည်..။မီးပွိုင့်နှစ်ခုလောက်သွား အပြီးသူ့ဟန်းဖုန်း..မြည်လာသည်။မီးနီမှာရပ်နေ တုံးဖုန်းကိုင်လိုက်သည်..။“ဆရာ..ကျနော် မောင်ကွန်းပါ..”“အေး..ပြော…” “ဆရာဘယ်မှာလဲ…”“ငါ၂၆လမ်းပေါ်မှာ..ဘာဖြစ်လဲ..ပြော..အရေးကြီးလား…”“ဟုတ်ကဲ့ဆရာ..အရေးကြီးတယ်..ဆရာလာခဲ့နိုင်မလား..”“ဘယ်ကိုလဲ..”ခေါ်သူကသူ့လက်အော က်ကရဲကြပ်ကြီးမောင်ကွန်း..။မောင်ကွန်းနဲ့အဖွဲ့ကမူးယစ်ဆေးဝါးးအမှုတွေ ကိုလိုက်နေသည်..။သူလက်ရှိလုပ်နေဆဲအလုပ်တွေဖြစ်ပေမဲ့သူကနယ်ပြောင်းတော့မှာမို့သိပ်စိတ်မဝင်စားတော့တာအမှန်..။မောင်ကွန်းကသူတို့ရှိနေတဲ့နေရာ ကိုပြောသည်..။သူဦးတည်နေတာနဲ့ဆန့်ကျင်ဘက်ဖြစ်နေလို့သူနောက်ကြောင်းပြန်လှည့်ရသည်..။သူရောက်သွားတော့မောင်ကွန်းနဲ့အတူသူ့လက်အောက်ကကောင်လေးတယောက်ကိုအရပ်ဝတ်တွေနဲ့တွေ့သည်..။“ရွေငါး”လို့ခေါ်ကြတဲ့တိုယိုတာကားတစီးနဲ့မှောင်ရိပ်မှာသူ့ကိုစောင့်နေကြသည်..။ကားနောက်ခန်းမှာဆံပင်တိုတိုနဲ့မိန်းမတယောက်ရှိနေသည်..။မောင်ကွန်းကသူ့ကိုကားနောက်ဖုံးကိုဖွင့်ပြသည်..။ကျောပိုးအိတ်တလုံး..ရှိနေသည်..။မောင်ကွန်းကရာဘ(မြင်းဆေး)တွေဖြစ်ကြောင်းရှင်းပြသည် . . ။ ဒီ ဆော်ကို