နာမည် ကြီးမင်းသမီးနဲ့ ဒါရိုက်တာတို့ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကတော့ ပရိသတ်တွေအားလုံးသိပြီးသားအတိုင်း ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီး မောင်နှံပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ကတော့ အသက်အရွယ်အားဖြင့် (၉) နှစ်ကွာကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မှုတွေ၊ ကြင်နာမှုတွေ ၊ နားလည်မှု တွေနဲ့ သာယာတဲ့ အိမ်ထောင်တစ်ခုကို အတူတူထုဆစ်ပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး တစ်ယောက် နဲ့ တစ်ယောက် ဂရုစိုက်ကြတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံကို ချစ်ခင်မှုတွေများစွာနဲ့ အားပေး ကြတာပဲ ဖြစ်ပါတယ်။
အာဏာ သိမ်းမှုဖြစ်စဉ်မှာ ဆန္ဒကိုလွတ်လပ်စွာဖော်ထုတ်ခဲ့တာကြောင့် ဝရမ်းထုတ်ခြင်းခံခဲ့ရတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံဟာ လက်ရှိမှာလည်း ဘေးကင်းရာ နေရာမှာတိမ်းရှောင်နေပြီး တော်လှန်ရေးအတွက် အထောက်အကူပြုနိုင်အောင် အနုပညာနဲ့ ကြိုးစားနေဆဲဖြစ်ပါတယ်။ပရိသတ်တွေအတွက် အလှဓာတ်ပုံ တွေမတင်ပေးရတာကြာခဲ့ပြီဖြစ်တဲ့ ပိုင်ဖြိုးသုဟာာ ဒီကနေ့မှာတော့ သူမတို့ဇနီးမောင်နှံနှစ်ယောက် အာဏာမသိမ်းခင်လပိုင်းအလိုက ရိုက်ကူးထားတဲ့ နောက် ဆုံးဓာတ်ပုံလေးကို ပြသလာပါတယ်။
ပိုင်ဖြိုးသု က “Google driveရှင်းရင်းနဲ့ အာဏာမသိမ်းခင်နောက်ဆုံးရိုက်ခဲ့တဲ့မတင်ရသေးတဲ့ပုံလေးတွေထွက်လာလို့ 😁 နောက်ရက်ပိုင်းအတွင်းဘဝတွေ ဇောက် ထိုးမိုးမျှော်ဖြစ်တော့မယ်မသိခင် ပျော်နေခဲ့ကြတာပေါ့ 😅” ဆိုပြီး အမှတ်တရပြောလာပါတယ်။ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ဇနီးမောင်နှံကတော့ အာဏာမသိမ်း ခင် နောက်ဆုံးရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေမှာ ဘဝတွေဇောက်ထိုးမိုးမျှော်ဖြစ်မယ်မသိခဲ့မိလို့ ပျော်ခဲ့ရတယ်လို့ဆိုပါတယ်။
source : Paing Phyoe Thu ‘ s f b
zawgyi
နာမည္ ႀကီးမင္းသမီးနဲ႔ ဒါရိုက္တာတို႔ရဲ့ ၾကည္ႏူးစရာအခ်စ္ဇာတ္လမ္းေလးကေတာ့ ပရိသတ္ေတြအားလုံးသိၿပီးသားအတိုင္း ပိုင္ၿဖိဳးသုနဲ႔ ဏႀကီးတို႔ ဇနီး ေမာင္ႏွံပဲ ျဖစ္ပါတယ္။ ပိုင္ၿဖိဳးသုနဲ႔ ဏႀကီးတို႔ကေတာ့ အသက္အရြယ္အားျဖင့္ (၉) ႏွစ္ကြာၾကေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခင္မႈေတြ၊ ၾကင္နာမႈေတြ ၊ နားလည္မႈ ေတြနဲ႔ သာယာတဲ့ အိမ္ေထာင္တစ္ခုကို အတူတူထုဆစ္ပုံေဖာ္ေနၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းၿပီး တစ္ေယာက္ နဲ႔ တစ္ေယာက္ ဂ႐ုစိုက္ၾကတဲ့ ပိုင္ၿဖိဳးသုနဲ႔ ဏႀကီးတို႔ ဇနီးေမာင္ႏွံကို ခ်စ္ခင္မႈေတြမ်ားစြာနဲ႔ အားေပး ၾကတာပဲ ျဖစ္ပါတယ္။
အာဏာ သိမ္းမႈျဖစ္စဥ္မွာ ဆႏၵကိုလြတ္လပ္စြာေဖာ္ထုတ္ခဲ့တာေၾကာင့္ ဝရမ္းထုတ္ျခင္းခံခဲ့ရတဲ့ ပိုင္ၿဖိဳးသုနဲ႔ ဏႀကီးတို႔ ဇနီးေမာင္ႏွံဟာ လက္ရွိမွာလည္း ေဘးကင္းရာ ေနရာမွာတိမ္းေရွာင္ေနၿပီး ေတာ္လွန္ေရးအတြက္ အေထာက္အကူျပဳနိုင္ေအာင္ အႏုပညာနဲ႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။ပရိသတ္ေတြအတြက္ အလွဓာတ္ပုံ ေတြမတင္ေပးရတာၾကာခဲ့ၿပီျဖစ္တဲ့ ပိုင္ၿဖိဳးသုဟာာ ဒီကေန႔မွာေတာ့ သူမတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ အာဏာမသိမ္းခင္လပိုင္းအလိုက ရိုက္ကူးထားတဲ့ ေနာက္ ဆုံးဓာတ္ပုံေလးကို ျပသလာပါတယ္။
ပိုင္ၿဖိဳးသု က “Google driveရွင္းရင္းနဲ႔ အာဏာမသိမ္းခင္ေနာက္ဆုံးရိုက္ခဲ့တဲ့မတင္ရေသးတဲ့ပုံေလးေတြထြက္လာလို႔ 😁 ေနာက္ရက္ပိုင္းအတြင္းဘဝေတြ ေဇာက္ ထိုးမိုးေမၽွာ္ျဖစ္ေတာ့မယ္မသိခင္ ေပ်ာ္ေနခဲ့ၾကတာေပါ့ 😅” ဆိုၿပီး အမွတ္တရေျပာလာပါတယ္။ပိုင္ၿဖိဳးသုနဲ႔ ဏႀကီးတို႔ဇနီးေမာင္ႏွံကေတာ့ အာဏာမသိမ္း ခင္ ေနာက္ဆုံးရိုက္ခဲ့တဲ့ဓာတ္ပုံေလးေတြမွာ ဘဝေတြေဇာက္ထိုးမိုးေမၽွာ္ျဖစ္မယ္မသိခဲ့မိလို႔ ေပ်ာ္ခဲ့ရတယ္လို႔ဆိုပါတယ္။
source : Paing Phyoe Thu ‘ s f b