ဒါရိုက် တာ တစ်ယောက်လည်း ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ညိုမင်းလွင်ကတော့ လက်ရှိမှာ သူ့ရဲ့အသစ်ထပ်မံရိုက်ကူးထားတဲ့ “The Teacher” ရုပ် ရှင် ကားကြီးနဲ့ ပရိသတ်စိတ်ဝင်စားမှုကို ရရှိနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဒါရိုက်တာညိုမင်းလွင်က သူ့ရဲ့ “The Teacher” ရုပ်ရှင်ကားကြီး ဟာ အိန္ဒိ ယ ဇာတ်ကားကိုကော်ပီယူရိုက်ကူးထားတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့အတူ သူ့ရဲ့ ပရိသတ်တွေကိုလည်း ခြိမ်းခြောက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲ ချက်ကို အခုလိုပဲဖြေရှင်းလာခဲ့ ပါ တယ် ။

ဒါရိုက် တာ ညိုမင်းလွင်က “ခင်ဗျားနဲ့ကျွန်တော်ဘာရန်ညှိုးရှိလို့ ကျွန်တော့်ကားကိုဝန်းရံပေးတဲ့မိန်းကလေးတစ်ယောက်ကို သွားခြိမ်းခြောက်နေရတာလဲဗျာ။ ခင်ဗျား မကျေနပ်တာရှိရင် အချိန်မရွေးဖုန်းဆက်ပြောလို့လည်းရနေတာပဲ၊ ကျွန်တော်လည်းအခုဖုန်းဆက်နေတာ ခင်ဗျားမှမကိုင်တာ။ ကျွန်တော့်ကားကိုကော်ပီ လို့စွပ်စွဲထားလို့ သူက သူကြည့်ပြီးပြီ၊မဟုတ်ဘူးလို့ပြန်ရှင်းပေးတာလေ၊ ကျွန်တော့်ကားကိုကော်ပီလို့ဘလိုင်းကြီးစွပ်စွဲတဲ့သူက စစ်တပ်ကဗိုလ်မှူးလို့သူ လည်းဘယ်သိမှာလဲ။ ဖွတယ်ထင်ခံရမှာစိုးလို့တော်ရုံပြဿနာကို တက်မရေးပါဘူး။ ခင်ဗျားလည်းကျွန်တော့်ဖုန်းနံပါတ်သိနေတာပဲ၊ ကြိုက်တဲ့အချိန်သာဖုန်း ဆက် လိုက်ပါ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။

ဒါရိုက် တာ ညိုမင်းလွင်ရဲ့ “The Teacher” ရုပ်ရှင်ကားကြီးကို ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် အောက်တိုဘာလမှာ ရိုက်ကူးပြီးစီးခဲ့တာဖြစ်ပြီး ကော်ပီပါတယ်လို့ စွပ်စွဲခံရ တဲ့ အိန္ဒိယဇာတ်ကားဟာ (၂၀၂၂) ခုနှစ် ဒီဇင်ဘာလမှာမှ ထွက်ရှိခဲ့တယ်လို့ ဆိုပါ တယ် ။

Source: Nyo Min Lwin’s fb

zawgyi

ဒါရိုက္ တာ တစ္ေယာက္လည္း ျဖစ္သလို သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္တဲ့ ညိဳမင္းလြင္ကေတာ့ လက္ရွိမွာ သူ႔ရဲ့အသစ္ထပ္မံရိုက္ကူးထားတဲ့ “The Teacher” ႐ုပ္ ရွင္ ကားႀကီးနဲ႔ ပရိသတ္စိတ္ဝင္စားမႈကို ရရွိေနတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ဒါရိုက္တာညိဳမင္းလြင္က သူ႔ရဲ့ “The Teacher” ႐ုပ္ရွင္ကားႀကီး ဟာ အိႏၵိ ယ ဇာတ္ကားကိုေကာ္ပီယူရိုက္ကူးထားတယ္ဆိုတဲ့ ေဝဖန္မႈေတြနဲ႔အတူ သူ႔ရဲ့ ပရိသတ္ေတြကိုလည္း ၿခိမ္းေျခာက္မႈေတြရွိေနတယ္ဆိုတဲ့ စြပ္စြဲ ခ်က္ကို အခုလိုပဲေျဖရွင္းလာခဲ့ ပါ တယ္ ။

ဒါရိုက္ တာ ညိဳမင္းလြင္က “ခင္ဗ်ားနဲ႔ကၽြန္ေတာ္ဘာရန္ညႇိုးရွိလို႔ ကၽြန္ေတာ့္ကားကိုဝန္းရံေပးတဲ့မိန္းကေလးတစ္ေယာက္ကို သြားၿခိမ္းေျခာက္ေနရတာလဲဗ်ာ။ ခင္ဗ်ား မေက်နပ္တာရွိရင္ အခ်ိန္မေရြးဖုန္းဆက္ေျပာလို႔လည္းရေနတာပဲ၊ ကၽြန္ေတာ္လည္းအခုဖုန္းဆက္ေနတာ ခင္ဗ်ားမွမကိုင္တာ။ ကၽြန္ေတာ့္ကားကိုေကာ္ပီ လို႔စြပ္စြဲထားလို႔ သူက သူၾကည့္ၿပီးၿပီ၊မဟုတ္ဘူးလို႔ျပန္ရွင္းေပးတာေလ၊ ကၽြန္ေတာ့္ကားကိုေကာ္ပီလို႔ဘလိုင္းႀကီးစြပ္စြဲတဲ့သူက စစ္တပ္ကဗိုလ္မႉးလို႔သူ လည္းဘယ္သိမွာလဲ။ ဖြတယ္ထင္ခံရမွာစိုးလို႔ေတာ္႐ုံျပႆနာကို တက္မေရးပါဘူး။ ခင္ဗ်ားလည္းကၽြန္ေတာ့္ဖုန္းနံပါတ္သိေနတာပဲ၊ ႀကိဳက္တဲ့အခ်ိန္သာဖုန္း ဆက္ လိုက္ပါ” ဆိုၿပီး သူ႔ရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာတာပဲျဖစ္ပါတယ္။

ဒါရိုက္ တာ ညိဳမင္းလြင္ရဲ့ “The Teacher” ႐ုပ္ရွင္ကားႀကီးကို ၿပီးခဲ့တဲ့ (၂၀၂၂) ခုႏွစ္ ေအာက္တိုဘာလမွာ ရိုက္ကူးၿပီးစီးခဲ့တာျဖစ္ၿပီး ေကာ္ပီပါတယ္လို႔ စြပ္စြဲခံရ တဲ့ အိႏၵိယဇာတ္ကားဟာ (၂၀၂၂) ခုႏွစ္ ဒီဇင္ဘာလမွာမွ ထြက္ရွိခဲ့တယ္လို႔ ဆိုပါ တယ္ ။

Source: Nyo Min Lwin’s fb