ပရိသတ် ကြီးရေ သရုပ်ဆောင် မြတ်သူသူတို့အတွဲလေးကတော့ အခက်အခဲတွေများစွာ ကျော်ဖြတ်ပြီးနောက်ဆုံးမှာတော့ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ် ။ သူမ တို့ နှစ်ယောက်လုံးဟာ ပရိသတ်တွေရဲ့ဝေဖန်ပြောဆိုမှုတွေကို အတော်လေးကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဝေဖန်ခံရတိုင်းလည်း အမြဲလိုလိုဖြေရှင်းတာကြောင့် လည်း အသိအမှတ်ပြုကြသူတွေလည်း ရှိကြပါတယ်။
မြတ်သူ တို့ အတွဲလေးဟာ မကြာသေးခင်က Pre-Wedding လေးလည်း ရိုက်ကူးပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။ မကြာသေးခင်က မြတ်သူသူရဲ့လူမှုကွန်ရက်စာမျက်နှာ တွင် ဓာတ်ပုံတစ်ချို့ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ မကြာခင်မှာ ကျင်းပတော့မယ့် သူမတို့ရဲ့မင်္ဂလာဖိတ်စာလေးကို အားလုံးမြင်ဖူးအောင် ထုတ် ပြလိုက်တာ ဖြစ်ပါတယ်။
” အား လုံးကို ဖိတ်ဖို့အဆင်မပြေတာမို့ ထပ်တူဝမ်းသာရအောင်ပဲ အသိပေးပါရစေရှင် ” ဆိုပြီး မြတ်သူသူမှ ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိ နိုင်အောင် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
crd :
zawgyi
crd :