ဘဝ ဘဝ (အပိုင်း ၂)

ဦးနီတိုးရဲ့ စိတ်တွေ ခြောက်ခြား တုန်လှုပ်နေသည် ။ သူ ထမင်းစားနေတုန်း ခေါင်းရင်းခြံက သာ၀ ဆိုတဲ့ကောင်ရဲ့ အသံဝါကြီးနဲ့ အော်ပြောလိုက်တဲ့ အသံကို သူ ကြားကတည်းက ရင်တွေတုန် ကယောင်ခြောက်ခြားတွေ ဖြစ်နေသည်။ သာဝ အော်ပြောနေကတည်းက သူကြားလိုက်တာကို သူ မကြားဘူးထင်လို့ သူ့မိန်းမခွေးမက သူ့ကို လာပြောသည် ။

“ ကိုနီတိုး .. ခင်မှုံက ရှင်ထင်သလို လင်နောက်လိုက်သွားတာ မဟုတ်ဘူးတဲ့..။ သေနေတာ… အသတ်ခံရတာတဲ့..။ ဟိုမှာ .. သာ၀ အော်ကျယ်အော်ကျယ်နဲ့ ပြောနေတယ် ..”

“ အေး.. ငါကြားတယ် ခွေးမ .. ငါကြားတယ် …။ ခင်မှုံသေတာ ငါလည်း စိတ်မကောင်းပါဘူး..။ ခဏဟာ.. ထမင်းလေး ဖြောင့်အောင် စားပါရစေဦး …”

တကယ်တော့ သူ ဘယ်လို ထမင်းဆက်စားနိုင်မလဲ ..။ ဘယ်လို မြိုလို့ ကျမလဲ ..။ လက်တွေတုန် ခြေတွေတုန်နဲ့ ..။ ခွေးမက တော်တော် အလိုက်ကန်းဆိုး မသိဘူး ။

“ အင်း.. ခင်မှုံက ကျုုပ်တို့ဆိုင်မှာ အလုပ်လုပ်နေတဲ့သူ ..။ ဒီက အလုပ်ပြီးလို့ ပြန်သွားတာ သူတို့အိမ်ကို ပြန်မရောက်ဘူးလို့ ငတောက်နဲ့ သိန်းကြည်မတို့က ပြောနေတော့ ကျုပ်တို့ဆီလာပြီး အမှုများပတ်နေမလားတော် …”

“ ဖြစ်လာတာ ဘယ်လို တတ်နိုင်မလဲ ခွေးမ ..။ အမှု ပတ်ရအောင် ငါတို့က ဘာလုပ်လို့လဲ ..။ မသိရင် မသိဘူး… ပြောလိုက်ရုံပေါ့ …”

“ ကိုနီတိုး ..”

“ဟေ..ဘာတုန်း …”

“ ခင်မှုံသေတာ ရှင်နဲ့ ဘာမှမဆိုင်တာ သေချာရဲ့လားဟင် …”

“ ဘာ…… ဘာပြောတယ်.. ခွေးမ ..။ ဒါ.. ဘာစကားလဲ …”

“ ကိုနီတိုး .. လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ကျုပ်တို့အိမ်မှာနေတဲ့ ခင်ခင်ရီ ပျောက်သွားတုန်းက လင်နောက်လိုက်တာ ဖြစ်မယ်လို့ ရှင် သူ့ရည်းစားစာတွေပြပြီး သတင်းလွှင့်ခဲ့တာ..။ သူ့ရည်းစား ပိုက်ထွေးဆီလည်း ခင်ခင်ရီ ရောက်မသွားဘူး.. ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ် ..။ အခု သာဝတို့ ပြောနေတာ ခင်မှုံရဲ့ အလောင်းကိုတွေ့တဲ့ ရေတွင်းပျက်ကြီးထဲမှာ လူရိုးစုတစ်ခုလည်း တွေ့တယ်တဲ့ ..။ လူကတော့ အရိုးကျနေပေမဲ့ အဝတ်အစားတချိုု့ အပိုင်းအစတွေနဲ့ ဆံပင်တော့ ရှိနေသေးလို့ မိန်းမ ဆိုတာတော့ သိရတယ် တဲ့..။ ခင်ခင်ရီများ ဖြစ်နေမလား .. ပြောဆိုနေကြတယ်တဲ့ …”

“ ဟေ ”

ဦးနီတိုး အရမ်းတုန်လှုပ်သွားသည် …။ ဘယ်လိုများ.. ဘယ်သူများ တွေ့သွားကြပါလိမ့် ..။ ဒီ ရေတွင်းပျက်ကြီးက အနက်ကြီးဘဲ ..။ အဲဒီနေရာကလည်း လူသူမသွားကြတဲ့ မြေဆိုးခရာတော ..။ ၆ နှစ်လုံးလုံး ခင်ခင်ရီရဲ့အလောင်း ရှိနေတာ ဘယ်သူ သိလို့တုန်း ..။ ခင်မှုံရဲ့ အလောင်းကို ဘယ်လိုတွေ့ကြလဲ သူ သိပ်သိချင်နေသည်..။

“ ကိုနီတိုး ..”

“ ဘာလဲ..ခွေးမ ..”

“ ခင်ခင်ရီ သေတာ ဘာကြောင့်လဲ…။ ရှင် တကယ် မသိဘူးလား …”

“ ခွေးမ.. ဘာသဘောနဲ့ ဒီမေးခွန်းကို ငါ့လာမေးနေတာလဲ ..။ နင်က ငါသတ်ပစ်တယ် ထင်နေလို့လား ..။ ကောင်မ.. နင်.. ငါ့ကို စက်တိုင် တက်စေချင်နေလား…”

“ ဒါကတော့ ရှင် လူသတ်ခဲ့ရင်တော့ ရှင်တက်ချင်တက်ရမှာပေါ့ ..။ ကျုပ် မေးတာက ခင်ခင်ရီသေတာ ဘာကြောင့်လဲ ရှင်မသိဘူးလား.. လို့ဘဲ မေးတာ …”

“တောက်.. ခွေးမနော်.. စကားပြောတာ ကြည့်ပြော…”

“ ရှင့်ဖာသာ အိုးမလုံ အုံပွင့်နေတာ… ကိုနီတိုး….။ ဟင်း … ရှင်…. ရှင်.. တစ်ခုခုတော့ တစ်ခုခုပါဘဲ …”

လူပါးဝနေသော ခွေးမကို ပါးပိတ်တီးပစ်ချင်နေပေမဲ့ စိတ်ကို ချုုပ်တီးထားနေရသည် ..။ ခွေးမ လျှောက်ပြောနေမှ အမှုကြီးနေမည် မဟုတ်လား ။ ဒီအချိန်မှာ အိမ်ရှေ့က

“ ဦးနီတိုး..ဦးနီတိုး …”

လို့ အော်ခေါ်လိုက်တဲ့အသံ ကြားလိုက်ရသည် ။

“ ကိုနီတိုး.. အိမ်ရှေ့မှာ ခေါ်နေတယ် …”

ခွေးမ အိမ်ရှေ့ကို ထွက်ကြည့်သည် ။

“ ဘယ်သူတွေလဲဟာ..။ ငါ ထမင်းကို ဖြောင့်အောင် မစားရဘူး …”

“ အို.. ကိုနီတိုး… ကိုနီတိုး.. မြန်မြန်လာ.. မြန်မြန်လာစမ်း …..။ ရွာလူကြီး ဦးဆိတ်ဖြူတို့တော့ …။ ရဲ….. ရဲတွေ……. ရဲတွေလည်း ပါတယ် ……”

“ ဘာ ….ရဲတွေ….ဟာ……..”

ဦးနီတိုး တုန်တုန်ရင်ရင်နဲ့ ထမင်းစားတာ ရပ်လိုက်ပြီး အိမ်ရှေ့ကို ထွက်လာသည် ။ ရွာအုပ်ချုပ်ရေးမှူး ဦးဆိတ်ဖြူ၊ ကာလသားခေါင်း ကိုတောက်ထိန်၊ ရွာလူကြီး ဦးဝင်းတင်၊ ဦးထွန်းဖေနဲ့ ယူနီဖောင်းဝတ် ရဲသုံးယောက် သူ့အိမ်ရှေ့မှာ ရောက်နေကြသည် ။

“ ကိုဆိတ်ဖြူ.. အဲ.. အုပ်ကြီး …. ဘာကိစ္စ …”

ရွာလူကြီးဦးဆိတ်ဖြူက ..

“ ကိုနီတိုး .. ဒီက စခန်းမှူးကြီးက ခင်ဗျားကို တွေ့ချင်လို့တဲ့ …”

လို့ ပြောလိုက်သည် ။ ဦးနီတိုး စခန်းမှူးဆန်းဦးကို မျက်လုံးချင်း မဆိုင်ရဲ ..။ မျက်နှာကို တစ်ဖက်ကို လွှဲထားသည် ။ မျက်နှာလည်း တအားပျက်နေသည် ။

“ ဘာ…ဘာကိစ္စလဲဗျ …”

“ မေးစရာ နည်းနည်းရှိလို့ ဦးနီတိုး ….”

“ ဟုတ်ကဲ့..မေးပါ ….”

“ ခင်မှုံက ဦးနီတိုးတို့ ဆိုင်မှာ အလုပ်လုပ်တယ်နော် …”

“ ဟုတ်ပါတယ် …”

“ ခင်မှုံ အလုပ်ပြီးလို့ ဦးနီတိုးတို့ အိမ်ကနေ သူတို့အိမ်ကိုပြန်တာ သူတို့အိမ်ကို မရောက်ဘဲ ပျောက်ခြင်းမလှ ပျောက်သွားတယ်လို့ သိရတယ် …။ ခင်မှုံ ပြန်သွားတာ ဦးနီတိုး သိလိုက်လား”

“ သိပါတယ် …”

“ ဘယ်အချိန်လောက်လဲ … ဘယ်နှစ်နာရီလဲ …”

“ နာရီတော့ အတိအကျ မသိဘူး …။ နေစောင်းနေတဲ့အချိန် … မှောင်ခါစပေါ့…”

“ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ဦးနီတိုးတို့ အိမ်မှာနေပြီး အလုပ်လုပ်တဲ့ ခင်ခင်ရီဆိုတဲ့ မိန်းကလေး လည်း ခင်မှုံလိုဘဲ ပျောက်သွားခဲ့တယ်နော် …”

“ ဟုတ်ပါတယ် …။ ပျောက်တယ်လို့ ပြောကြတာပေါ့..။ လင်နောက် လိုက်သွားတယ်လို့လည်း ပြောကြတယ် ”

ဦးနီတိုးရဲ့အသံ မသိမသာ တုန်ခါနေတယ်ဆိုတာ စခန်းမှူးဆန်းဦး သတိထားမိသည် ။

“ မိန်းမတစ်ယောက်ရဲ့ အရိုးစုနဲ့ ခင်မှုံရဲ့ အလောင်း ကို ရေတွင်းပျက်ကြီးထဲမှာ တွေ့တာ… ဦးနီတိုး သိ လား….”

“ ဟုတ်ကဲ့..သိပြီးပြီ …”

“ ခင်ဗျားဆိုင်နဲ့ အိမ်မှာ လုပ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက် သေနေတဲ့နေရာမှာ နောက်ထပ် မိန်းမ အရိုးစု တွေ့တယ်ဆိုတော့ အဲဒီမိန်းမ အရိုးစုက ခင်ဗျားအိမ်ကနေ လင်နောက်လိုက်သွားတယ်ဆိုတဲ့ ကလေးမများ ဖြစ်နေမလားဘဲ …..”

ဦးနီတိုး စခန်းမှူးဆန်းဦးကို မျက်လုံးကြီး အပြူးသားနဲ့ ကြည့်နေသည် ..။

“ ဒါတော့ ကျုပ်လည်း မသိဘူး …။ အဲလို လာစွပ်စွဲလို့တော့ ဘယ်ရမလဲ …။ ဘာဘဲဖြစ်ဖြစ် ကျုပ် ဘာမှမလုပ်ဘူး .. ဘာမှလည်း မသိဘူး ”

“ ကျနော်ကတော့ ဒီအမှုတွေကို မရရအောင် ဖော်ထုတ်မှာဘဲ ….။ ရက်ရက်စက်စက် သတ်ခဲ့တဲ့ လူသတ်တရားခံကို ကျနော် ထောင်ထဲကို မရောက်ရောက်အောင် ပို့မယ်…”

စခန်းမှူးဆန်းဦးက ဦးနီတိုးမျက်နှာကို စိုက်ကြည့်ရင်း ပြောသည် ။ ဦးနီတိုးက ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည် ။ မျက်နှာကြီး ပုတ်နေသည် ။ နှာတန်ထိပ်နဲ့ နားရွက်ဖျားတွေ နီရဲနေသည် ။

“ ဦးနီတိုး …အလောင်းတွေ တွေ့တဲ့ ရေတွင်းပျက်ကြီးကို သိလား …”

“ မသိဘူး ….”

“ သေချာလား .. ဦးနီတိုး ….”

“ ဘာတွေ လာမေးနေတာလဲဗျာ…။ ကျုပ် မသိဘူး …။ ကျုပ် ဘာမှမလုပ်ဘူး …။ မသိဘူး… မသိဘူး …။ ရေတွင်းပျက်လည်း မသိဘူး ….။ ဘာမှမသိဘူး…”

ဦးနီတိုး ဒေါသတွေ ပေါက်ကွဲလာသည် ။ စခန်းမှူးဆန်းဦးက ..

“ ဦးနီတိုးကသာ ရေတွင်းပျက်ကြီး ဘယ်မှာရှိတယ် ဆိုတာ မသိဘူး ပြောနေတယ် ..။ ဟောဒီ ခင်ဗျားရဲ့ ဓါးက အဲဒီက ကျနော် တွေ့လာတယ် …။ ဒါ ခင်ဗျားရဲ့ ဓါး မဟုတ်လား.. ဦးနီတိုး ….”

လို့ မေးရင်းပြောရင်း ပလပ်စတစ်အိတ်ကြီး တစ်အိတ်နဲ့ ထည့်လာတဲ့ ဓါးကို ပြသည် ..။ ဦးနီတိုး ပါးစပ်အဟောင်းသားနဲ့ ဓါးကို ငေးကြည့်နေသည် ..။

“ ခင်ဗျားရဲ့ ဓါးဆိုတာ လူတွေ တော်တော်များများ က သိနေကြတယ် ..။ ဒီဓါးကို ဦးနီတိုး တော်တော်ကြာကြာ သုံးခဲ့တယ် ထင်တယ်..။ ရွာထဲက လူတွေက ဓါးကိုမြင်တာနဲ့ သိနေကြတယ်”

“ ဟုတ်တယ် … ကျုပ်ဓါးဘဲ…။ ဒါပေမယ့် ပျောက်နေတာ ကြာပြီ ….”

“ ဘယ်တုန်းက ပျောက်တာလဲ ..”

“ မသိဘူး .. မမှတ်မိဘူး …။ ပျောက်ပါတယ်ဆိုမှ ဘယ်တုန်းက ပျောက်လဲ ဘယ်သိပါ့မလဲ….။ ဘယ်လိုလဲဗျာ … ကျုပ်ကို အမှုလာပတ်နေတာလား … မတရား ဂွင်ဆင်တာလား …”

ဦးနီတိုးရဲ့ ခပ်မာမာ ခပ်ထန်ထန် အမူအရာနဲ့ လေသံကို ဆန်းဦး မကြိုက် ..။ အမှန်က သူ့ကို ဆွဲစိပြီး စစ်ဆေးလို့ရသည် ။ သူ့ကို မလေးမစား မချေမငံ လုပ်နေရင် စခန်းခေါ်ပြီး စစ်ဆေးလို့ရသည် ဆိုတာကို ဦးနီတိုးကို ပြောပြဖို့ လိုနေပြီ ..။

“ ဦးနီတိုး … ကျနော်က တာဝန်အရ မေးနေတာ…။ ခင်ဗျား ကောင်းကောင်း မဖြေဘူးဆိုရင် စခန်းကို ခေါ်သွားရလိမ့်မယ် …”

“ ကျုပ်က ဘာလုပ်လို့ ခေါ်သွားမှာလဲ..။ မတရားလုပ်ရင်တော့ ဘယ်ကောင်းမလဲ…”

ရွာလူကြီးဦးဆိတ်ဖြူက

“ ဟေ့လူ ကိုနီတိုး ..။ ခင်ဗျား ပြေပြေလည်လည် လုပ်ဗျာ…။ စခန်းမှူးကြီး သိချင်တာတွေကို ဖြေလိုက်ပါ ..။ မဟုတ်ရင် အကျယ်အကျယ် မငြိမ်းဖွယ်တွေဖြစ်ရင် မကောင်းဘူး”

လို့ ကြားက ဝင်ပြောလိုက်သည် ။ ဒေါ်ခွေးမလည်း အိမ်ရှေ့ကို ထွက်လာပြီး..

“ ကိုနီတိုး.. ဘယ်လိုဖြစ်နေတာလဲ ..”

လို့ ဝင်အော်ပြောလိုက်သည် ။

“ လုပ်ပါတယ်… အုပ်ကြီးရယ် …။ ဒါပေမယ့် ကျုပ် မသိတာကိုတော့ ဘယ်လိုလုပ် ပြောပြနိုင်မလဲ …”

ဒေါ်ခွေးမက ရဲကြပ်ကြီးဗလ လက်ထဲမှ ပလပ်စတစ်အိတ်ကြီးနဲ့ ထည့်ထားတဲ့ ဓါးကို တွေ့သွားသည် ။

“ ဟင်…. ဒါ…… ဒါ.. ကိုနီတိုးရဲ့ ဓါး ….။ ကိုနီတိုး … ဒီဓါးက ဘယ်လိုဖြစ်ရတာလဲရှင် ….။ ဒီဓါးနဲ့ ဘာလုပ်သလဲ…။ ဒီဓါးကို ဘယ်ကရတာလဲဟင်.. ဆရာတို့ ..”

“ အလောင်းနဲ့ အရိုးစုတွေ့တဲ့ နေရာက….”

“ အို ….”

ဒေါ်ခွေးမ အရမ်း ထိတ်လန့်တုန်လှုပ်သွားသည် ။ တကယ်တမ်း သူ့လင် အမှုပတ်နေပြီဆိုတာ သိတော့ ဒေါ်ခွေးမ အာမချောင်ရဲတော့ ..။ လင် ဒုက္ခရောက်မှာကိုတော့ မလိုလားဘူး ။

ဆန်းဦးလည်း ဒေါ်ခွေးမကို ခင်မှုံနဲ့ ပတ်သက်တာတွေ မေးမြန်းလေသည် ။ ဒေါ်ခွေးမလည်း သူသိသမျှ ဖြေသည် ။ ဦးနီတိုးသည် ဒေါ်ခွေးမ တစ်ခုခု မှားဖြေလိုက်မှာကို စိုးရိမ်နေတဲ့ပုံနဲ့ အံကြိတ်ပြီး ကြည့်နေသည် ။ ဒေါ်ခွေးမက သူ့လင်ဖက်က ကာဆီးကာဆီး လုပ်ပြီး ဒီကလေးမတွေနဲ့ ကိုနီတိုး သိပ်ရင်းရင်းနှီးနှီး မရှိလှဘူးလို့ ဖြေသည် ။

ဆန်းဦး စဉ်းစားနေသည် ။ ဦးနီတိုးကို အခုဘဲ ဆွဲစိလိုက်ရမလား ဆိုတာ ..။ ဒီကအပြန် ဆတ်သေကုန်းရွာကို ဝင်ချင်နေတော့ ဒီဦးနီတိုးကြီးကို ဆွဲခဲ့ရင် သူ့ကို စခန်းပို့ရမှာကြောင့် အချိန်လင့်နေမည် ။ သူ့လို အဖိုးကြီးက ကုန်စုံဆိုင်ကြီးကလည်း ရှိနေတော့ ဘယ်မှ ထွက်ပြေးမှာ မဟုတ်ပါဘူး ..။ ဘယ်တော့ ခေါ်စစ်စစ် ရနေတာဘဲလေဆိုပြီး အခု လတ်တလောတော့ မခေါ်တော့ဘူးလို့ ဆုံးဖြတ်လိုက်သည် ။ ဆတ်သေကုန်းသွားဖို့ စိတ်လောကြီးနေလို့ ဦးနီတိုးကို သူ မဖမ်းခဲ့လိုက်ဘူး ..။

“ ကဲ.. ဦးနီတိုး … ဒေါ်ခွေးမ ..။ ကျနော်တို့ ခင်ဗျား ကို နောက်ထပ်လည်း သိချင်တာတွေ ထပ်မေးပါဦးမယ် ..။ ဒီနေ့တော့ ဒီလောက်ပါဘဲ ..။ စုံစမ်းနေဆဲကာလမှာ ဦးနီတိုး ဒီရွာကနေ ဘယ်ကိုမှ မသွားပါနဲ့..။ သွားမယ်ဆိုရင် အုပ်ကြီးတို့နဲ့ ရဲစခန်းကို ပြောပြီးမှသွားပါ …။ ကဲ … ကျနော်တို့ သွားလိုက်ဦးမယ် …”

ဆန်းဦး ထိုင်ရာက ထရပ်လိုက်သည် ။

“ ကဲ ဦးဆိတ်ဖြူ.. ကျနော် သွားဦးမယ် …။ ခင်မှုံနဲ့ ပတ်သက်လို့ သိတဲ့လူ သတင်းပေးမယ့် လူတွေဘာတွေ ရှိလာခဲ့ရင် စခန်းကို အကြောင်းကြားပါဗျာ…”

“ ဟုတ်ကဲ့ စခန်းမှူးကြီး ..”

အမှောင်ထု မစိုးမိုးခင် မမှောင်ခင် သူ ဆတ်သေကုန်းရွာကို အရောက်သွားလိုသည် ။ ညိုတင်ရဲ့မြင်းလှည်းနဲ့ ဆတ်သေကုန်းရွာကို သူ ရောက်သွားသည် ။ သူနဲ့ ရဲတပ်ကြပ်ကြီးဗလ ပါလာခဲ့သည် ။ ချစ်ကမ္ဘာစားသောက်ဆိုင်ကို တန်းပြီး သွားလိုက်သည် ။ ချစ်ကမ္ဘာ စားသောက်ဆိုင်သည် ဆတ်သေကုန်းရွာထိပ်မှာ ရှိသည် ။

လမ်းမကြီးပေါ်မှာ ရှိပြီး အဝေးပြေးဘတ်စ်ကားတွေ ရပ်တဲ့ နေရာမို့ နေ့လည်နေ့ခင်းမှာ တော်တော် ရောင်းကောင်းသည် ။ ညနေပိုင်းမှာတော့ ပုလင်းလာထောင်တဲ့ ရွာနီးချုပ်စပ်က ကဇော်သမားတွေနဲ့စည်ကားသည် ။သူတို့လှည်း ဆိုင်ရှေ့မှာ ရပ်လိုက်တာနဲ့ ဆိုင်ထဲက ပုန်းညက် ပြေးထွက်လာသည်။

ပုန်းညက် …။

ဆန်းဦး ဆတ်သေကုန်းကို လာရခြင်း အကြောင်းက ပုန်းညက်နဲ့ တွေ့ဖို့ …။ တော်တော်လှတဲ့ မြင်ကွင်း ..။ ရုပ်ရှင်ဆန်သည် ။ ရုပ်ရှင်ထဲကလိုဘဲ ။ ကောင်မလေးလှလှလေး ပြေးထွက်လာတာ …။

ပုန်းညက်သည် ဆန်းဦးမျက်လုံးထဲမှာ တော်တော့်ကို လှနေသည် ။ ပုန်းညက်သည် မြန်မာဗီဒီယို ဇာတ်ကားတွေထဲက နာမည်ကြီးလာတဲ့ တက်သစ်စ မင်းသမီးလေးတစ်ယောက်နဲ့ တော်တော်ဆင်သည် ။ ပုန်းညက်က ဒီမင်းသမီးလေးထက် ရင်သားတွေ တင်ပါးတွေ ပိုကြီးသည် ။ ပုန်းညက် ပြေးလာချိန် ရင်နှစ်မွှာက တုန်ခုန်နေသည် ။ လှုပ်နေသည် ။ တင်ပါးတွေကတော့ ပြောစရာမရှိ ..။ တဆတ်ဆတ် ခါနေသည် ။

ခါးလေးက သေးလို့ အဲဒီအောက်က တင်ပါးတွေက သိသိသာသာကြီး ဖြစ်နေသည် ။ ဒီတင်ပါးတွေကြောင့် ဒီဆိုင်လေး လူစည်နေသည်လို့ တချို့က ပြောကြသည် ။ ဒီကောင်မလေးရဲ့ တင်တွေကို စွဲမက်ပြီး လာလာကြည့်တဲ့ လူတွေက အများကြီးတဲ့ ။ ဟူး …။ ဒါတွေကို စွဲမက်နေတဲ့လူတွေထဲ ဆန်းဦးလည်း ပါသည် ။ ရှေ့ဆုံးက …။

ဆန်းဦး လှည်းပေါ်က ခုန်ဆင်းသည် ။ ရဲကြပ်ကြီးဗလက သူ့ကျောပိုးအိတ်ကို သယ်ချပေးသည် ။ ပုန်းညက်က ဆန်းဦးလက်မောင်းကို တွဲချိတ်လိုက်သည် ။

“ ဝမ်းသာလိုက်တာ.. အစ်ကိုရယ် …။ အစ်ကို့ကို ပုန်းညက်မျှော်နေတာ..”

ပုန်းညက်သည် ချစ်ကမ္ဘာစားသောက်ဆိုင်ပိုင်ရှင် ဒေါ်အမာနီရဲ့ သမီး ဖြစ်သည် ။ ဆန်းဦးက ဆတ်သေကုန်းရွာကို အမှုကိစ္စရှိလို့ သွားခဲ့ရင် ပုန်းညက်တို့ ချစ်ကမ္ဘာဆိုင်မှာ တထောက် နားတတ်သည် ။ စတည်းချတတ်သည် ။ မနက်စာ.. ညစာ ဝင်စားတတ်သည် ။

ဆိုင်ရှင် ဒေါ်အမာနီက ထမင်းဆိုင် စားသောက်ဆိုင် အလုပ် လုပ်သူမို့ ပေါင်းတတ်သင်းတတ်သည် ။ ရဲနဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေကို ပေါင်းသင်းထားရမည်ကို နားလည်သည် ။ ဒေါ်အမာနီက ဆန်းဦး ထမင်းလာစားရင် ဘယ်တော့မှ ပိုက်ဆံမယူဘူး ။ ထမင်းတင်မက တောအရက်ပုလင်းလေးပါ ထပ်ဆောင်းချပေးတတ်သည် ။ အမြည်းလည်း လုပ်ပေးသည် ။

သမီးပျို ချောချောလှလှလေးနဲ့ အရက်ရောင်း.. အမြည်းရောင်းနေတဲ့ ဒေါ်အမာနီကို ဆန်းဦး အံ့သြနေသည် ။ အမူးသမားတွေက ပြီတီတီ ရိသဲ့သဲ့နဲ့ လုပ်တဲ့ကြားထဲ ပုန်းညက်လေး ဈေးရောင်းနေတာကို ဆန်းဦး သနားနေသည် ။ သမီးအရင်းမှ ဟုတ်ရဲ့လားလို့တောင် ထင်ခဲ့မိသည် ။ သမီးကို ဆိုင်လုပ်ခိုင်းပေမယ့် ဒေါ်အမာနီက သူ့သမီးကို ကလေကဝကောင်တွေ လာကပ်လို့ကတော့ ကက်ကက်လန်အောင် စွာပစ်တတ်သည် ။ သာမန်အချိန်ဆိုရင် သနပ်ခါး အဖွေးသားနဲ့ ပြုံးပြုံးရွှင်ရွှင်နဲ့ နေတတ်ပေမယ့် သူ့သမီးကို လာထိရင်တော့ ဘီလူးမကြီးတစ်ယောက်လို အစွယ်တငေါငေါနဲ့လို့ အကြောင်းသိတဲ့ ရဲကြပ်ကြီးဗလက ဆန်းဦးကို ပြောပြဖူးသည် ။

ဆန်းဦးက ဒေါ်အမာနီကို သူ တတ်နိုင်တဲ့ဖက်က ပြန်ကူညီ မစသည် ။ သမီးတစ်ယောက်နဲ့ မုဆိုးမမို့ စော်ကားမော်ကား လုပ်ချင်တဲ့လူ ထိကပါး ရိကပါး လုပ်ချင်တဲ့လူ ရှိလာရင် ဆန်းဦးနဲ့ အဖွဲ့နဲ့ ထိပ်တိုက်တွေ့မည်ဆိုတဲ့ သတင်းက ဒီနယ်တဝိုက်မှာ ပျံ့နှံ့နေသည် ။ ဒေါ်အမာနီနဲ့ ပုန်းညက်ကို ဘယ်သူမှ ပြီတီတီ မလေးမစား မလုပ်ရဲကြ ။ ဆန်းဦးသည် သူ့ကို ဒေါ်အမာနီက အထာပေး လမ်းခင်းနေတာကို သိသည် ။ သူသည် ဒေါ်အမာနီထက် သူ့သမီး ပုန်းညက်ကို သဘောကျနေသည် ။ ပုန်းညက်ကလည်း ဆန်းဦးကို သဘောကျနေတာ သေချာသည် ။ ဒေါ်အမာနီကိုလည်း သူ့သမီးကို ကြိုက်နေတာကြောင့် ပစ်ပစ်ခါခါ မလုပ်ရဲ ..။ အလိုက်အထိုက် ပြေပြေလည်လည် ဆက်ဆံနေရသည် ။

ဒေါ်အမာနီကလည်း လင်သေသွားတာကြာလို့ အထီးကျန်နေတဲ့ မိန်းမကြီးတစ်ယောက်လေ ..။ ဆန်းဦးကို ရေလာဖို့ မြောင်းကြီးပေးနေသည် ။ ဆန်းဦးကလည်း အမေကို မကြိုက် .. သမီးလေးကို ချိန်နေတာ ..။

ပုန်းညက်သည် မျက်လုံးဝိုင်းစက်စက် မျက်နှာလုံးလုံးဝိုင်းဝိုင်း အသားဖွေးဖွေးနဲ့ လုံးကြီးပေါက်လှ ကောင်မလေး ။ ခါးသေးရင်ချီ အိုးက ကောင်းကောင်းနဲ့ ပုန်းညက်ကို မြင်မြင်ချင်းကတည်းက ဆန်းဦး အရမ်းသဘောကျသွားတာ ။ ပုန်းညက်ကလည်း အသားလတ်လတ် ပိန်ပိန်ပါးပါးနဲ့ ကြည့်ကောင်းတဲ့ တရုတ်သိုင်းကားထဲက ဇာတ်လိုက်လေးတစ်ယောက်နဲ့ တူတဲ့ ဆန်းဦးက တပည့်တပန်းတွေနဲ့ လူတွေ လေးစားရတဲ့ ရဲစခန်းမှူးလည်း ဖြစ်တော့ ဆန်းဦးကို အရမ်း အရေးပေး ဆက်ဆံတော့တာပေါ့ ..။

ဆန်းဦးနဲ့ ပုန်းညက်က အရမ်း ပတ်သက်နေတော့ ဆိုင်နီးနားချင်းတွေနဲ့ ပုန်းညက်ရဲ့ ငယ်သူငယ်ချင်းတွေက ပုန်းညက်ကို ကွယ်ရာမှာ “ စခန်းမှူးကတော်လေး ” လို့ နောက်ပြောင်ခေါ်နေကြသည် ။ ဒါကို ပုန်းညက်ကလည်း ကျေနပ်သာယာနေတာပါ ။ တဖြည်းဖြည်းနဲ့ ဆန်းဦးနဲ့ ပုန်းညက် ပိုပိုပြီး ရင်းနှီးသထက် ရင်းနှီးလာကြသည် ။ ဆန်းဦး ထမင်းလာစားရင် ပုန်းညက်က တချိန်လုံး ဆန်းဦးကို ဟင်းထည့်ပေးရတာနဲ့ ရေခပ်ပေးရတာနဲ့..။ ဒေါ်အမာနီကလည်း ဆန်းဦးကို စေတနာက ပိုသည် ။ တချိန်လုံး ဆန်းဦးအနားမှာ ပြာယာခပ်နေတတ်လို့ ပုန်းညက်က “ အမေက တကယ့်ကို အနားပြာဘဲ..။ အစ်ကို့အနားမှာ အမြဲပြာယာခပ်နေတယ်..” လို့ သူ့အမေကို ပြောသည် ။

တစ်ရက် ဒုရဲအုပ်မြင့်မောင်မောင်က ဆန်းဦးနဲ့ ဆတ်သေကုန်းရွာဖက်ကို ဓါးပြမှု စုံစမ်းဖို့ ပါသွားတော့ ချစ်ကမ္ဘာစားသောက်ဆိုင်မှာ တထောက်နား ထမင်းဝင်စားကြတဲ့အခါ ဒေါ်အမာနီက ဆန်းဦးကို တအား စေတနာပိုပြ .. ပုန်းညက်နဲ့လည်း ပုတ်လားခတ်လား တအားရင်းနှီးနေတာကို တွေ့တော့

“ စခန်းမှူး .. အမေလား.. သမီးလား ..”

လို့ စပ်ဖြဲဖြဲနဲ့ မေးသည် ။ ဆန်းဦးက

“ ခင်မင်ကြတာပါဗျာ…”

လို့ ပြုံးပြုံးကြီး ပြန်ဖြေသည် ။ အခုလည်း ဆန်းဦး ဆိုင်ကို ရောက်တာနဲ့ ပုန်းညက်က

“ အစ်ကို ဘာစားမလဲ… လာမယ်ဆို ကြိုပြောရောပေါ့။ ပုန်းညက် ဟင်းကောင်းကောင်းတွေ ချက်ထားမှာပေါ့..”

လို့ ပြောရင်း ဆန်းဦးလက်ကို ဆွဲပြီး ဆိုင်ထဲကို ဝင်သည် ။

“ ဒေါ်နီ..မရှိဘူးလား …”

လို့ ဆန်းဦးကမေးရင်း ပုန်းညက် နေရာချထားပေးတဲ့ စားပွဲမှာ သူ့ပစ္စည်းတွေကိုချသည် ။ ကုလားထိုင်မှာ ဝင်ထိုင်သည် ။

“ အမေ မရှိဘူး .. အစ်ကို ..။ အသုဘအိမ်သွားတယ်…။ အစ်ကို သိတယ် မဟုတ်လား..။ ခင်မှုံဆိုလား အသတ်ခံရတာလေ ..။ ဆင်ကျုံးရွာက …”

“ အစ်ကိုလည်း အဲဒီအမှုနဲ့ ဒီဖက်ကို ရောက်လာတာဘဲလေ ..”

“ ထင်တော့ ထင်သားဘဲ..။ အစ်ကိုတော့ အလုပ်များတော့မှာဘဲလို့ …”

ပုန်းညက်သည် ဆန်းဦးအတွက် ဟင်းတွေ ပြေးယူလိုက်.. ဖန်ခွက်ပြေးယူလိုက်နဲ့ လုပ်နေသည် ။ ခါးသေးသေးအောက်က တင်လှလှတွေက တုန်ခုန်နေတာတွေကို ဆန်းဦး ကြည့်ကောင်းကောင်းနဲ့ ကြည့်နေသည် ။

“ အစ်ကို ဆိတ်သားစားမယ် မဟုတ်လား …။ ကြက်သားဆီပြန်လည်း ရှိတယ် ..။ နောက် ဘာစားချင်သေးလဲ”

“ ဘာဖြစ်ဖြစ်ပါ ပုန်းညက်ရယ်.. ပုန်းညက်ကျွေးတာဆို အကုန်စားမှာ…”

“ ဟုတ်လို့လား ..”

ပြုံးပြုံးလေး မျက်လုံးလေး ထောင့်ကပ်ကာ ပြောလိုက်တဲ့ ပုန်းညက်ရဲ့ ဟန်ပန်အမူအရာလေးက ဆန်းဦးကို ရင်ခုန်သွားစေသည် ။ ပုန်းညက်ရဲ့ နှုတ်ခမ်းထူထူလေးတွေက စုပ်နမ်းပစ်ချင်စရာဘဲလို့ ဆန်းဦး တွေးနေသည် ။ ပုန်းညက်တို့ဆိုင်မှာ ဒေါ်အမာနီ မရှိလို့ ပုန်းညက်ရယ်.. ဆိုင်အလုပ်သမား သုံးယောက်ရယ်ဘဲ ရှိနေသည် ။ ဆန်းဦးလည်း ပုန်းညက်နဲ့ ပလူးပလဲ နေနေရတာမို့ လူသတ်မှုကိစ္စ ကို သတိမရတော့ ။ ပုန်းညက်ရဲ့ အလှအပတွေကိုဘဲ ငေးမော နေမိတော့သည် ။

—————————————–

ဦးနီတိုးသည် တဟောဟော တခူးခူး ဟောက်ကာ အိပ်နေတဲ့ ဒေါ်ခွေးမကို ကြည့်ပြီး စိတ်ပျက်စွာနဲ့ ခြင်ထောင်ထဲက ထွက်လိုက်သည် ။ ခွေးမကို စိတ်ပျက်လို့လည်း ဆိုင်မှာ ခိုင်းတဲ့ ကောင်မလေးတွေကို သူ အတင်းအဓမ္မကြံစည်မိခဲ့တာ ။ အိပ်လို့ မပျော်ဘူး ..။ အိပ်မက်ဆိုးတွေ မက်သည် .။ အိပ်မက်ထဲမှာ ခင်မှုံနဲ့ ခင်ခင်ရီတို့ သူ့ဆီကိုလာကြလို့ သူ ကြောက်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးသည် ။ ချွေးတွေပြန်ပြီး လန့်နိုးသည်။ ရေငတ်လာသည် ။ သောက်ရေအိုးစင်ဆီကို သူအသွား အိမ်ရှေ့ဆီက ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံကြောင့် သူ့စိတ်တွေ ဒုန်းကနဲ တုန်လှုပ်သွားသည် ။ ဖျန်းကနဲ.. ဖျန်းကနဲ ကြက်သီးတွေ ထသွားသည် ။

ညနေက စခန်းမှူးနဲ့အဖွဲ့ ရွာလူကြီးတွေနဲ့ ရောက်လာပြီး မေးခွန်းတွေ ဟိုမေးဒီမေး လုပ်သွားခဲ့သည် ။ သူ့အိမ်မှာ အလုပ်လုပ်တဲ့ မိန်းကလေးမို့ ပျောက်သွားပြီး အလောင်းပြန်တွေ့တော့ ဒီလောက်တော့ လာမေးမှာပေါ့..။ ထူးဆန်းတာက ခင်ခင်ရီတုန်းက နှစ်နဲ့ချီအောင် မပေါ်ခဲ့ဘဲ ခင်မှုံကြတော့ ချက်ချင်း အလောင်းဖျောက်ဖျက်တဲ့နေရာကို လူသိသွားတာ ဆန်းတယ် ။ ဘေးအိမ်က သာ၀ ပြောနေတာကို ကြားတာတော့ လူဝင်စား ကလေးလေးတစ်ယောက်က အလောင်းတွေရှိတဲ့ နေရာကို ဖော်တယ် ဆိုဘဲ ..။ ဘယ်သူ ဝင်စားတာလဲ …။ ငါ့နာမည်ကို ပြောလိုက်ရင်တော့ သောက်ဂွဘဲ …။

ခင်ခင်ရီကို ဖျောက်ဖျက်ပစ်ခဲ့တာ ဘယ်သူမှ မသိကြတာနဲ့ ဒီရေတွင်းပျက်ကြီးထဲကိုဘဲ ခင်မှုံကို ချပစ်လိုက်တာ ..။ ခင်မှုံကိုရော ခင်ခင်ရီကိုရော သူ သဘောကျတယ် ။ ကြိုက်တယ် ။ ခွေးမသာ မရှိရင် ဒီလို ငယ်ငယ်ချောချောလေးတွေကို သူ မယား အဖြစ် လက်ထပ်ပေါင်းသင်းမှာပါဘဲ ။ တကယ်တော့ ခွေးမသိမှာ ကြောက်ပြီး ငါ သတ်လိုက်မိတာလား …။ ဒါမှမဟုတ် ကောင်မလေးတွေရဲ့ အဖေတွေ အစ်ကိုတွေရဲ့ ဓါးကိုကြောက်ပြီး နှုတ်ပိတ်လိုက်မိတာလား …။ ကိုယ့်ကိုယ်ကို ဝေခွဲလို့ မရတော့ ..။ အင်း.. သတ်တာတော့ သတ်လိုက်မိပြီ …။ အင်း.. သူ မှားသွားတာ ..။ တကယ်တော့ ခွေးမကို သူ သတ်ပစ်လိုက်ရမှာ ..။အခုတော့ ရုပ်ဆိုးအကျည်းတန်ပြီး စွာကျယ်လွန်းတဲ့ မိန်းမကြီးကို ဆက်ပေါင်းနေရပြီး နုနုရွရွလေးတွေကို ရက်ရက်စက်စက် သတ်ပစ်မိလိုက်တယ် ..။ ငါမှားတယ်…. ငါမှားတယ် …. ။

အခုလည်း ရဲက မသင်္ကာ ဖြစ်နေပြီ ..။ အရေးထဲ ဆောင်နေကြ ဓါးကလည်း ရေတွင်းပျက်ကြီးနားမှာမှ ကျကျန်ခဲ့ရသေးတယ် ။ အင်းလေ .. အလောင်း ဖျောက်ဖျက်တဲ့အချိန် လူက အရမ်း စိတ်တွေ လှုပ်ရှားနေခဲ့တာ ..။ ဓါးကျန်ခဲ့တာတောင် မသိဘူး ။ ခင်မှုံကို ရေတွင်းပျက်ထဲ တွန်းချတုန်းက ခင်မှုံက ပြန်ရန်မူလို့ တော်တော့်ကို ကသောင်းကနင်း ဖြစ်ခဲ့ရတယ် ..။ ဒါကြောင့် ဓါးကို သတိမရတော့တာ ..။

ဟော …။ ခွေး တစ်ကောင် မကဘဲ တစ်အုပ်ကြီး ဝိုင်း အူနေပြီ ။ သူ ဘတ်ဂွ (လောက်လေးဂွ ) နဲ့ လောက်စာလုံးတွေ ယူသည် ။ ပြတင်းပေါက်ကို ဖွင့်ပြီး ခွေးတွေကို ပစ်သည် ။ အသံဘလံတွေကြောင့် ခွေးမ နိုးလာသည် ။

“ ကိုနီတိုး… ဘာတွေ ဖြစ်နေတာလဲ..။ ဟင်.. ခွေးတွေ အူလှချည်လား…. တစ်ခုခုဘဲ.. နာနာဘာဝတွေများလား ..”

“ ခွေးမ ပါးစပ်ပိတ်ထားဟာ…။ နင်ပြောတာတွေက အပေါက်မတည့်ဘူး ..”

“ကိုနီတိုး .. ရှင် ခင်မှုံ ပျောက်တဲ့ ညနေကတည်းက ဂဏာမငြိမ်ဘူး ..။ ရှင် တစ်ခုခု ဖြစ်နေလား …။ ခင်မှုံကို ရှင် သတ်လိုက်လား …. ”

“ ခွေးမရယ် … ကြမ်းကြားလေကြား.. နင် ငါ့လည်ပင်းကို ကြိုးကွင်း မစွပ်ချင်ပါနဲ့ ..။ နင့်ကြောင့် ငါ စက်တိုင် တက်နေရပါမယ်ဟာ …”

“ ဟင်း..ခက်တယ်..ခက်တယ် …”

ဒေါ်ခွေးမပါးစပ်က တဗျစ်တောက်တောက် ညည်းရင်း တဘောဘောနဲ့ လေလည်လိုက်ပြီး ပြန်အိပ်ပျော်သွားသည် ။ ဦးနီတိုးကတော့ စိတ်တွေ ကရောက်ကရက်နဲ့ အိပ်လို့မရဘူး ..။

ဟာ… ခွေးတွေ ပြန်အူပြန်ပြီ …။ တစ်ကောင်ပြီး တစ်ကောင် အူတာ ..။ တိတ်ဆိတ်နေတဲ့အချိန် ခွေးအူသံတွေက စိတ်ကို ခြောက်ခြားစေသည် ။ ဦးနီတိုး ပြတင်းပေါက်က ကြည့်လိုက်သည် ။ ခွေးတွေ သူ့ခြံဝက စိန်ပန်းပင်ကြီးကို ဝိုင်းအူနေကြတာ …။ လောက်လေးခွနဲ့ သူ ပစ်သည် ။ အင်း … သူ သရဲတစ္ဆေ မယုံဘူး ..။ ငယ်ငယ်က သရဲခြောက်တယ်ဆိုတဲ့ သူတို့မြို့က ကျောင်းတစ်ကျောင်းထဲ လောင်းကြေးစားကြေးနဲ့ သူ တစ်ညလုံး ဝင်အိပ်ခဲ့ဖူးသည် ။ ဘာသရဲမှ မတွေ့ ..။ သင်းချိုင်းကုန်းထဲလည်း ညဖက် အရက်ထိုင်သောက်ခဲ့ဖူးသည် ။ အခုဟာက သာမန်ထက် ထူးခြားနေသည် ။

ခင်ခင်ရီကို သတ်ပစ်ခဲ့တုန်းက ဘာမှ မထူးခြားခဲ့ ..။ ခြောက်နှစ်တိုင်ခဲ့သည် ။ အခု ခင်မှုံကြတော့မှ ထူးခြားလာတာ…။ ခင်မှုံ မကျွတ်ဘူးလား ..။ ခင်မှုံများ လာခြောက်နေတာလား ..။

ဦးနီတိုးသည် ခင်မှုံနဲ့ ခင်ခင်ရီတို့နဲ့ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတွေကို ပြန်လည် မြင်ယောင်လာသည် ။

သူသည် သူ့ကုန်စုံဆိုင်မှာ လာအလုပ်လုပ်တဲ့ ကောင်မလေးတွေကို ကြံစည် ကျင့်ကြံခဲ့တာ ခင်မှုံနဲ့ ခင်ခင်ရီတို့ မတိုင်မီကတည်းကပါ ။ အရင် ကောင်မလေးတွေ ကိစ္စတွေက အေးအေးဆေးဆေး ဖြေရှင်းခဲ့နိုင်လို့ ခင်မှုံနဲ့ ခင်ခင်ရီတို့လို သတ်ပစ်ဖို့ မလိုခဲ့ဘူး ..။

နီထွေးဆိုတဲ့ ကောင်မလေးဆိုရင် သူ့ကို နှစ်တော်တော်ကြာကြာ လိုတာတွေ ပေးနေခဲ့သည် ။ ဒေါ်ခွေးမ လစ်ပြီဆိုတာနဲ့ သူ နီထွေးနဲ့ စိတ်ကြိုက် ပျော်ပါးခဲ့ကြသည် ။ နီထွေးက သူတို့ရွာနဲ့ တော်တော်လှမ်းတဲ့ နေရာကဖြစ်လို့ သူ့မိဘဆီ ပြန်ရင်း ပိုးထိ (မြွေကိုက်) ခံရပြီး သေဆုံးသွားခဲ့သည် ။

ခင်ခင်ရီနဲ့ ခင်မှုံတို့က သူတို့ ကိုယ်ဝန်ရှိတယ်လို့ ပြောတော့ သူ ငွေပေးပြီး ဖျက်ချခိုင်းတာဘဲ ။ သူတို့ ကိုယ်ဝန်တွေကို သူခိုင်းတဲ့အတိုင်း သူတို့ရွာတွေမှာ ကလေးဖျက်ချပေးနေတဲ့ ဝမ်းဆွဲဆရာမနဲ့သာ ဖျက်ချကြမယ်ဆိုရင် သူတို့ကို သတ်ပစ်စရာလိုမှာ မဟုတ်ဘူး ။

——————————————

ပုန်းညက်နဲ့ ဆန်းဦး မတွေ့ကြတာ ကြာပြီမို့ စကားတွေ ပြောမကုန်ဘူး ။

“ ညနက်နေပြီ .. အမေကလည်း ပြန်မလာဘူး ..။ ကြည့်ရတာ အသုဘအိမ်မှာပဲ ညများ အိပ်မလား မသိဘူး”

“ ပုန်းညက် ဆိုင်သိမ်းပြီး အိမ်ပြန်ရင် ကိုယ် လိုက်ပို့ပေးမယ်လေ ..”

“ အင်း.. ပို့ပေး…. အခုပြန်မယ်လေ..။ ဆိုင်ကို ဒေါ်ကြီးစောတို့ကို ပိတ်ခိုင်းလိုက်ရင် ရတယ် …”

ပုန်းညက်က ဆန်းဦးနဲ့ မခွဲချင်သေးဘူး ..။ ပုန်းညက်တို့အိမ်က ဆတ်သေကုန်းရွာရဲ့ အလည်ခေါင်လောက်မှာ …။

“ ဒေါ်ကြီးစောနဲ့ သန်းခင် …ပုန်းညက် အိမ်ပြန်နှင့်မယ်..။ အေးဆေး ဆိုင်ပိတ်ပြီး ပြန်ခဲ့ကြ..”

“ ကောင်းပြီ..ပုန်းညက် …”

ဒေါ်ကြီးစောနဲ့ သန်းခင်တို့က ပုန်းညက်တို့ အိမ်မှာဘဲနေ.. ဆိုင်မှာ ဝိုင်းလုပ်တဲ့ ဆွေမျိုးနီးစပ်တွေ ။ ပုန်းညက်က တစ်နေ့တာ ရောင်းရငွေတွေ ထည့်ထားတဲ့ အိတ်ကို စလွယ်သိုင်းလွယ်ပြီး ဆန်းဦးနဲ့အတူ ဆိုင်က ထွက်သည် ။ ခါးမှာ ဗျောက်ချိတ်ထားတဲ့ ရဲစခန်းမှူး ဘော်ဒီဂတ်နဲ့ အိမ်ပြန်ရတာကို ပုန်းညက် တအားကျေနပ်နေသည် ။ ဟင်း .. အဲ့လို တသက်လုံး လိုက်ပို့လိုက်ကြိုပေးမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ… လို့ စိတ်ထဲမှာ တွေးနေသည် ။

လမ်းမီးတိုင် မရှိတဲ့ နေရာတွေမှာ ဆန်းဦးက တုတ်မီး ( လက်နှိပ်မီး ) နဲ့ လမ်းပြပေးသည် ။ ဒါတောင် ပုန်းညက် ခလုပ်တိုက်လဲမလို တခါတခါ ဖြစ်လို့ ဆန်းဦးက ပုန်းညက်ကိုယ်လုံးလေးကို သိမ်းဖက်ပြီး ထိန်းပေးလိုက်ရတာ ခဏ ခဏဘဲ ။ အမှောင်ထဲမှာ ထိမိဖက်မိတာတွေကြောင့် ပုန်းညက် စိတ်တွေ လှုပ်ရှားနေသည် ။ ဆန်းဦးကတော့ ပြောမနေနဲ့တော့ ..။ စိတ်တွေ ဖောက်ပြန်တာမှ ဘောင်းဘီထဲက ဖွားဖက်တော်က ကုန်းရုန်းထနေတာ ငေါငေါကြီး ဖြစ်နေရသည် ။ တော်ပါသေးရဲ့ ။ မှောင်နေလို့ ။ ပုန်းညက်ရဲ့ တင်ပါးအိအိကြီးတွေကိုလည်း ကိုင်မိရသလို ရင်ထွားထွား တင်းတင်းတွေနဲ့လည်း ထိမိရသည်ဆိုတော့ ဆန်းဦး ကာမစိတ်တွေက အုံကြွ ပြင်းထန်နေသည် ။ ပုန်းညက်တို့ ခြံဝိုင်းထဲ ရောက်တော့ ပုန်းညက်က

“ အစ်ကို.. အိမ်ပေါ်တက်ဦးလေ ..။ အမေပြန်လာတဲ့အထိ ပုန်းညက်နဲ့ နေပေးမယ် မဟုတ်လား ..”

လို့ မေးလိုက်သည် ။ အိမ်တံခါးသော့ကို ဖွင့်နေတဲ့ ပုန်းညက်ရဲ့ လက်တွေ တုန်နေသည် ။

“ စောင့်ပေးမှာပေါ့ ပုန်းညက်ရယ် ..”

ဆန်းဦးရဲ့ အသံတွေလည်း မသိမသာ တုန်နေသည် ။ အရှေ့အိမ်က ခွေးက လှမ်းဟောင်သည် ။ အိမ်ကြီးတစ်ခုလုံး မှောင်မဲနေသည် ။ ကျွန်းလှေခါးကြီးအတိုင်း အပေါ်ထပ်ကို ပုန်းညက်က ဦးဆောင်ပြီး တက်သည် ။ ဆန်းဦး စိတ်တွေ ဖောက်ပြန်လွန်းနေသည် ။ ပုန်းညက် မီးခလုပ်ဆီကို အမှောင်ထဲ လျှောက်သွားရင်း လက်နဲ့စမ်းပြီး ခလုပ်ကို နှိပ်လိုက်သည် ။ ချောက်ကနဲ အသံနဲ့အတူ မျက်နှာကျက်က မီးလုံးဝါဝါလေး လင်းလာသည် ။

“ အစ်ကို .. တစ်ခုခု သောက်ပါလား..။ ကော်ဖီ ဖျော်ပေးမယ်နော် ..။ အိုဗာတင်း သောက်မလား ..”

“ ဘာဘဲဖြစ်ဖြစ်ပါ..။ အစ်ကိုက ပုန်းညက်နဲ့ဘဲ အတူတူနေနေချင်တာပါ ..”

“ ဟင့်.. ဟုတ်လို့လား..။ အစ်ကို တကယ်ပြောတာလား …”

“ လာ ဒီမှာ လာထိုင် …”

ဆန်းဦးက သူထိုင်နေတဲ့ ကြိမ်ခင်း နှစ်ယောက်ထိုင် သစ်သားထိုင်ခုံကို လက်နဲ့ ပုတ်ပြရင်း ခေါ်သည် ။ ပုန်းညက်က

“ ကော်ဖီ ဖျော်လိုက်မယ်လေ ..”

လို့ ပြောတော့ ဆန်းဦးက

“ နောက်မှဖျော် .. ဒီကိုအရင်လာခဲ့ ..”

လို့ ခေါ်သည် ။ ပုန်းညက်လည်း အနားရောက်ရော ဆန်းဦးက ပုန်းညက်ရဲ့ လက်တွေကိုဆွဲပြီး သူ့ဘေးမှာ ထိုင်ခိုင်းလိုက်သည် ။

“ အစ်ကို ..လွှတ်ပါ …ဟင်း..သူ…တအားဘဲ….”

ပုန်းညက်က မျက်စောင်းလှလှလေး ထိုးပစ်လိုက်တော့ ဆန်းဦးက ပုန်းညက်ခါးလေးကို ဆွဲကာ ဖက်လိုက်ရင်း …

“ ပုန်းညက်ရယ် … လှလိုက်တာ..။ အစ်ကိုတော့ ပုန်းညက်ကို အရမ်းချစ်မိနေရတယ် …”

လို့ ပြောဆိုရင်း ပုန်းညက်ကို နမ်းလေသည် ။ ပုန်းညက်မှာ ဆန်းဦးကို မဆွတ်ခင်ထဲက ညွှတ်ချင်နေသူ ဖြစ်ပေမယ့် တကယ်တမ်း တအားဖက် တအားနမ်းတော့ ရှက်လန့်တကြား ရုန်းကန်မိလေသည် ။

“ အစ်ကို…လွှတ်..လွှတ်ပါ….”

အပိုင်း (၃) ဆက်လက်ဖတ်ရှု့ရန် နှိပ်ပါ 👉 ဘ၀ ဘ၀ (အပိုင်း ၃)

Scroll to Top