ယောကျာ်းကချစ်လွန်းလို့ကံကောင်းရုံမကပဲ အရိပ်တကြည့်ကြည့်နဲ့ချစ်ပေးတဲ့ယောက္ခမကြောင့် ယောက္ခမကံပါကောင်းလွန်းတယ်ဆိုတဲ့ ခင်လွှမ်း

Posted on

သရုပ်ဆောင် ခင်လွှမ်း က တော့ လူလေးကလဲလှသလို ခန္ဓာကိုယ် အချိုးအစား ကလည်းပြေပြစ် လှပလွန်းတာ ကြောင့် ပရိသတ် တွေရဲ့ အားပေး နှစ်ခြိုက်မှုကို ရရှိထား သူ ဖြစ်ပါတယ်။ ခင်လွှမ်း ဟာ အခုဆို ရင် အိမ်ထောင်ရှင် ကလေး တစ်ယောက် မေမေ ဖြစ်လို့နေပြီ ဆိုပေမယ့် သူမရဲ့ အလှအပ တွေ က တော့ အပျိုတုန်းကအတိုင်းပဲ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးမွေးပြီးတဲ့နောက် ခန္ဓာကိုယ်အလေးချိန်တက်လာခဲ့တဲ့ ခင်လွှမ်းဟာ အခုဆိုရင် ဝိတ်လျှော့နေလျက်ရှိတာဖြစ်ပြီး သူမရဲ့ယောက္ခမ စည်ဖြိုးရဲ့မေမေက သူမရဲ့ ကျန်းမာရေးအတွက် စိတ်ပူနေကြောင်း ခင်လွှမ်းက အခုလိုပဲပြောလာပါတယ်။

ခင်လွှမ်းက “ချစ်ယောက္ခမကပြောတယ် သမီးတော်တော့်ကို ပိန်နေပြီထပ်မချနဲ့တော့တဲ့ ဒီထက်ပိုပိန်ရင် မလှတော့ဘူးတဲ့  ကိုယ့်ချွေးမကို အဲလို အမြဲ အရိပ်ကြည့်ကြည့်နဲ့ကိုနေတာ  ကံကောင်းတယ်ဆိုတာ ယောကျ်ားတင်မကဘူး ယောက္ခမတွေပါ ကံကောင်းတာနော် . ဘာမှဟုတ်ဘူး အကြွားပိုစ့်ပါ ” ဆိုပြီး သူမရဲ့ယောက္ခမကပါ သူမကို အရိပ်တကြည့်ကြည့်နဲ့ချစ်ကြောင်း ပြောပြလာခဲ့တာပဲ ဖြစ်ပါတ်ယ။

ခင်လွှမ်း က တော့ ယောကျာ်းရကံကောင်းရုံတင်မကပဲ ယောက္ခမကပါ အရိပ်တကြည့်ကြည့်နဲ့ချစ်ပေးတာကြောင့် ယောက္ခမကံပါကောင်းတယ်လို့ သူမကိုယ်သူမ ဆိုလာခဲ့တာပဲဖြစ်ပါတယ်။ ခင်လွှမ်းကတော့ အမျိုးသမီးထုကြီးအားကျရတဲ့ ကံကောင်းသူလေးတစ်ယောက်ပါပဲနော်။

Source: Khin Hlwan ‘s fb

zawgyi


ခင်လွှမ်းက “ချစ်ယောက္ခမကပြောတယ် သမီးတော်တော့်ကို ပိန်နေပြီထပ်မချနဲ့တော့တဲ့ ဒီထက်ပိုပိန်ရင် မလှတော့ဘူးတဲ့ ကိုယ့်ချွေးမကို အဲလို အမြဲ အရိပ်ကြည့်ကြည့်နဲ့ကိုနေတာ ကံကောင်းတယ်ဆိုတာ ယောက်ျားတင်မကဘူး ယောက္ခမတွေပါ ကံကောင်းတာနော် . ဘာမှဟုတ်ဘူး အကြွားပိုစ့်ပါ ” ဆိုပြီး သူမရဲ့ယောက္ခမကပါ သူမကို အရိပ်တကြည့်ကြည့်နဲ့ချစ်ကြောင်း ပြောပြလာခဲ့တာပဲ ဖြစ်ပါတ်ယ။


Source: Khin Hlwan ‘s fb