“ရီ့ကို ကိုယ်ချစ်တယ်ဆိုတာ အခု ထပ်ပြောမလို့ဟာ”
“အာ ကိုဇော်ကလဲ”
“ဟုတ်တယ် ရီ၊ ကိုယ်လည်း သိပ်ပြီး မစောင့်ထိန်းချင်တော့ဘူး၊ ကိုယ်တို့နှစ်ယောက်က အရင်ကတည်းက တစ်ယောက်ကို တစ်ယောက် ချစ်နေခဲ့ကြတယ်ဆိုတာ အခုသိပြီဘဲ၊ အကြောင်းကြောင်းကြောင့်သာ မပေါင်းရတာ၊ ကိုယ်တော့ လက်ရှိဘဝကို မေ့ထားပြီး အခု ခရီးလေးမှာ ရီနဲ့ ကိုယ် ချစ်သူတွေလိုဘဲ နေချင်တယ်”
……………………………………………………….
ရီက ကျနော့်စကားကြောင့် ကျနော့်ကို မျက်စောင်းထိုးသလို မျက်စိကို စွေကြည့်ရင်း ခပ်ထေ့ထေ့ပြောသည်။
“အခု ခရီးလေးတစ်ခုဘဲလား၊ ကိုဇော်က ဒီကပြန်ရင် ရီ့ကို မေ့လိုက်တော့မယ်ပေါ့၊ ဟုတ်လား”
ရီပြောမှ ကျနော့် စကားကို ရီ ဘယ်လို အဓိပ္ပာယ် ပေါက်သွားလဲဆိုတာ သတိထားမိလိုက်ပြီး
“အာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကိုပြောတာ အဲလိုမဟုတ်ဘူး၊ မေ့လို့ရမလား ရီရာ၊ ချစ်သူလို ပွင့်ပွင့်လင်းလင်း မတော်ရသေးတဲ့ အချိန်ကတောင် မေ့လို့မရခဲ့တာ၊ ချစ်သူလို့ ဖြစ်လာမှတော့ မေ့လို့ရမလား၊ ရီကလည်းကွာ၊ ကိုယ်ဘာကို ဆိုလိုတယ်ဆိုတာ သိသိကြီးနဲ့”
“မသိပါဘူး”
“ကဲ မသိရင်”
ကျနော်က ကားကို လမ်းဘေးထိုးရပ်လိုက်ပြီး စက်ပါသပ်လိုက်သည်။ နောက် ရီ့ဘက်လှည့်ကာ လက်ကို လှမ်းဆွဲလို့ ကျနော့်ဘက် ကိုင်းကျလာတဲ့ ရီ့ကိုယ်ကို ဖက်လိုက်သည်။
“အို့ အို့ ကိုဇော် ကိုဇော်”
“ရီ့ကို ကိုယ်ချစ်တယ်၊ အရမ်းချစ်တယ်၊ အရင်ကလည်း ချစ်တယ်၊ အခုလည်း ချစ်တယ်၊ နောက်လည်း ချစ်တယ်၊ ဘာဖြစ်ဖြစ် ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်၊ အမြဲတမ်း ချစ်တယ်၊ ကဲ သိပလား”
“အဲ့ အဲ့ တော်ပြီ တော်ပြီ၊ လွှတ်၊ လွှတ်၊ ဘာမှန်းလဲ မသိဘူး၊ ကလေးကလားနဲ့၊ မရှက်ဘူးလား”
ရီက ရှက်ကိုးရှက်ကမ်းနှင့် ကျနော်ဖက်ထားတာကို မလွတ်အောင်ရုန်းရင်း ပြောသည်၊ ကျနော်က မလွှတ်ဘဲ အတင်းထပ်ဖက်လိုက်ရင်း
“မရှက်ပါဘူး၊ ချစ်တာ ရှက်စရာမှ မဟုတ်တာ၊ ကိုယ်က အခုမှ ရီ့ကိုချစ်တယ်လို့ ပြောရဲတာ၊ ကိုယ်လည်း ရီ့ဆီက ချစ်တယ်ဆိုတဲ့စကား ကြားချင်တယ်၊ ကိုယ့်ကို ချစ်တယ်လို့ ပြောပါဦး”
“အာကွာ ကိုဇော်ကလဲ”
“မအာကွာနဲ့ကွာ၊ ပြောပါ၊ ကိုယ်လည်း ကြားချင်တာပေါ့၊ မပြောရင် ဖက်နမ်းမှာနော်”
ပြောရင်း ရီ့ခေါင်းက ဆံပင်ကို နမ်းလိုက်သည်။ ကျနော့် အနမ်းကြောင့် ရီ ကမန်းကတမ်းပြောသည်။ ရီ လည်း အခုမှ အပျိုပေါက်စလေးလို အရှက်ပိုနေတာလား မပြောတတ်။
“အို့ အိုး ချစ်တယ် ချစ်တယ်၊ တော်ပြီ တော်ပြီ၊ လွှတ်တော့ လွှတ်တော့”
“အမလေး ဒီစကား ကြားချင်နေတာ၊ ဝမ်းသာလိုက်တာ ရီရာ၊ ကိုယ်လည်း ရီ့ကို အရမ်းချစ်တယ်”
ပြောရင်း ရီ့ကို အားရပါးရဖက်ကာ ပါးကို အကြာကြီး ကပ်နမ်းလိုက်သည်။
“အိုး . . . ကိုဇော်”
ပြီးမှ ရီ့ကိုယ်ကို လွှတ်ပေးလိုက်ပြီး
“အရမ်းပျော်တာဘဲ ရီရာ၊ ကိုယ်တစ်သက်မှာ အပျော်ဆုံးဘဲ၊ ဒီဘဝမျိုး တစ်သက်လုံး မရတော့ဘူး ထင်ထားတာ”
ဝမ်းသာလုံးဆို့နေတဲ့ ကျနော့်မျက်နှာပေါ်မှ အပြုံးက ဘယ်လိုမှ ဖုံးဖိမရ။ ရီလည်း ပျော်နေသလို အပြုံးက ကျနော့်နှင့် အပြိုင်၊ ကျနော့်ကို မျက်စောင်းထိုးရင်း
“ပြောလည်း နမ်းခံထိတာဘဲ၊ ဒီလိုမှန်းသိ မပြောပါဘူး”
“မပြောရင် ပိုနမ်းမှာပေ့ါ”
“ကိုဇော်နော် အခုမှ တော်တော်ကဲနေ၊ ကဲပါ၊ မောင်းပါ”
ရီ့စကားကြောင့် ကားကို စက်နှိုးကာ မောင်းထွက်ခဲ့သည်။ မထင်မှတ်ထားဘဲ အချိန်တိုလေး အတွင်းမှာ အရင်က အုံ့ပုန်းထိမ်းထားသမျှ ပေါက်ကွဲကုန်သည်။ အခုမှ စိတ်လွတ်ကိုယ်လွတ် ဟိုတစ ဒီတစ ခေါင်းထဲရောက်လာသည့် အရင်တုန်းက အဖြစ်တွေကို ပြန်ပြောရင်း တစ်ယောက်နှင့် တစ်ယောက် ပိုနားလည်လာသလို တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာသည်။
…………………………………………………….
ကျိုက္ခမီရောက်တော့ ဘုရားမဖူးခင် မနက်စာ စားကြသည့် အခါလည်း တစ်ယောက်အကြိုက် တစ်ယောက်လိုက်ကာ ချစ်စ ခင်စ ကြင်နာစ လင်မယားလို တစ်ယောက်နှင့် တစ်ယောက် အပြိုင်အဆိုင် အကြင်နာပိုနေကြမိသလို၊ ဘုရားဆီသွားသည့် စင်္ကြန်လမ်း တလျှောက်မှာလည်း တစ်ယောက်လက် တစ်ယောက်တွဲကာ အပြုံးကိုယ်စီနှင့်၊ အရင်က တစ်ယောက်နှင့် တစ်ယောက် အုံ့ပုန်းချစ်ခဲ့သမျှ အခုမှ အားလုံးကို မေ့ကာ ပွင့်ပွင့်လင်းလင်း ချစ်မိကြတော့သည်။
“ရီ”
လက်ဆောင်ပေးဖို့ရော၊ အိမ်အတွက်ရော ဒေသထွက်ပစ္စည်းတွေ လက်မအားအောင် ဆွဲထားရင်းပင် ရီ့ကို ပုခုံးချင်းထိရုံ တိုက်လိုက်ပြီး ခပ်တိုးတိုး လှမ်းခေါ်လိုက်တော့ ရီက
“အင်၊ ဘာထပ်ဝယ်ဦးမလို့လဲ”
“မဝယ်ပါဘူး၊ ဟို သီချင်းကို သတိရလို့၊ ဘာလဲ၊ စက်စဲရောက်ရင် ရေကူးမယ် ဆိုလား”
“ခစ် ခစ် ခစ် ခစ် ကိုဇော်နော်၊ ရီက ရေမကူးတတ်ဘူး”
“စက်စဲမှာ ရေကူးတတ်စရာမှ မလိုတာ၊ ကားတာယာကျွတ်လို လေဘော်လုံးကြီး ငှားပြီး လှိုင်းစီး၊ ပျော်စရာကြီး၊ ရီ ငယ်ငယ်က မစီးဖူးဘူးလား”
“အင်း၊ စီးတော့ စီးဖူးတယ်၊ အခု ရီ့မှာ ရေကူးဝတ်စုံလည်း မရှိဘူး”
“မလိုပါဘူး၊ ဒီအတိုင်းဘဲ ထမီနဲ့ အင်္ကျီနဲ့ ကူးလို့ရတာဘဲ၊ ကိုယ်က ရီနဲ့အတူ ရေကူးဦးမယ်”
“အင်းပါ၊ အင်းပါ”
စက်စဲရောက်တော့ ကမ်းစပ်ကို မျက်နှာမူထားသည့် ဘန်ဂလိုဆောင်လေး တစ်ခု ငှားလို့ရသည်မို့ ပိုအဆင်ပြေသွားသည်။ ရီက ကျနော်နှင့် တစ်ခန်းထဲနေရမှာ ရှက်နေသေးသည်။ အတူသွားငှားတုန်းကတော့ ဘာမှမပြောဘဲ အခန်းသော့ယူကာ အခန်းဆီလာတော့မှ ရီက ကျနော့ကို တိုးတိုး တိုးတိုး နှင့်
“ကိုဇော်ကလည်းကွာ ၂ ခန်းယူလည်း ရရဲ့သားနဲ့ဟာကို”
“ရီကလည်းကွာ တစ်ခန်းထဲနေလည်း ရနေတာဘဲ၊ သူစိမ်းတွေမှ မဟုတ်တာ”
“သူစိမ်းမဟုတ်လို့ပေါ့၊ ချစ်သူတွေ တစ်ခန်းထဲနေတော့ ကောင်းမလား”
“ပိုတောင်ကောင်းသေး၊ ရီ ကိုယ့်ကို ယုံတယ်မို့လား”
“အိုး ဘာဆိုင်လို့လဲ၊ ယုံတာနဲ့ တစ်ခန်းထဲနေတာနဲ့”
“ယုံတော့ တစ်ခန်းထဲနေလည်း ကောင်းတာပေါ့”
တိုးတိုး တိုးတိုး နှင့် ပြောရင်း အခန်းရှေ့ရောက်တော့ လက်ထဲက သော့နှင့် အခန်းတံခါးကို ဖွင့်လိုက်သည်။
“အဲ့တော့ ကုတင်ကလည်း တစ်လုံးထဲ”
“တစ်လုံးထဲပေမဲ့ အကျယ်ကြီးပါ ရီကလဲ၊ ရီက ဘာတွေ တွေးကြောက်နေတာလဲ၊ မပြုတ်ကျပါဘူး”
“ကိုဇော်နော်”
အခန်းတံခါးကို လှမ်းပိတ်လိုက်ပြီး ရီ့ကို မျက်နှာချင်းဆိုင် ဆွဲဖက်လိုက်သည်။
“အို့”
“ချစ်တယ်ရီရာ”
“ကိုဇော်နော်၊ အဲဒါတွေပေါ့ ကြောက်တာ”
“ရီကလည်းကွာ ချစ်သူတွေဘဲ ဒီလောက်တော့ ရှိမှာပေါ့၊ ဘာမှကြောက်စရာ မရှိဘူး၊ ကိုယ်တို့က လူပျိုပေါက်၊ အပျိုပေါက်လေးတွေမှ မဟုတ်တာ၊ ပြီးတော့ ဟိုးအရင်ထဲက တစ်ယောက်နဲ့ တစ်ယောက် ချစ်နေတဲ့သူတွေ”
ပြောရင်း ခါးကို လက်တစ်ဖက်နှင့် တင်းတင်းဆွဲဖက်ကာ လက်တစ်ဖက်က ရီ့မေးစေ့ကို ကိုင်ကာ မော့လိုက်ပြီး နဖူးကို နမ်းလိုက်သည်။
“အရမ်းတော့ မကဲနဲ့ ကိုဇော်ရာ၊ အခုမှ ရီ ကြောက်လာပြီ”
“အင်းပါ၊ ကိုယ့်ကိုယုံ၊ ဟုတ်ပြီလား”
အနမ်းက နဖူးမှ ပါးပြင်သို့၊ နောက် ရီ့နှုတ်ခမ်းကို ကျနော့်နှုတ်ခမ်းနှင့် ထိရုံနမ်းလိုက်ပြီ ချစ်တယ်ရီရာ အရမ်းချစ်တယ်လို့ ပြောရင်း နှုတ်ခမ်းကို ဖွဖွလေး ငုံလိုက်သည်။ ခဏလေးကြာတော့ ရီက ကျနော့်ကျောကို ပြန်ဖက်လာသည်။ ခပ်ကြာကြာလေး နမ်းပြီးမှ ရီ့ နှုတ်ခမ်းနဲ့ ခွာလိုက်ကာ
“ချစ်တယ်ရီရာ၊ ရီရော ချစ်တယ်မို့လား”
“ချစ်လို့ ရီလည်း ဘာတွေဖြစ်ကုန်ပြီလည်း မသိဘူး၊ မဖြစ်သင့်တာတွေ အကုန်ဖြစ်ကုန်ပြီ ထင်တယ်”
“ကဲပါ ဒါတွေ မစဉ်းစားနဲ့၊ မဖြစ်သင့်တာ ဘာမှမရှိဘူး၊ ကိုယ်တို့နှစ်ယောက်က ချစ်သူတွေ၊ အခု ချစ်သူတွေလိုဘဲ နေမယ်၊ လာ ပင်လယ်ထဲ ဆင်းမယ်”
ပြောပြောဆိုဆို ရီ့ကိုလွှတ်ကာ ဝတ်ထားတဲ့ တီရှပ်ကို ဆွဲချွတ်လိုက်သည်။ ပြီးတော့ ဂျင်းဘောင်းဘီကို ထိပ်က ကြယ်သီးဖြုတ်ကာ ဇစ်ဆွဲချလိုက်တော့
“အိုး ကိုဇော်ကလဲ၊ ရေချိုးခန်းထဲ သွားလဲတာမဟုတ်ဘူး”
ရှက်ကိုးရှက်ကန်းနဲ့ ရီက ပြောရင်း ဟိုဘက်လှည့်လိုက်တော့
“ဟား ဟား ဟား ဟား”
“တော်ပြီ တော်ပြီ ရီကတော့ ရေချိုးခန်းထဲဘဲ သွားလဲမယ်”
ဟု ဆိုကာ သူ့အိပ်ကိုဖွင့်ကာ ရေကူးဖို့ အဝတ်အစား ထုတ်ကာ ရေချိုးခန်းထဲ ပြေးတော့သည်။ ကျနော်လည်း အိပ်ဖွင့်ကာ အသင့်ပါလာသည့် ရေကူးဘောင်းဘီ ခပ်ပွပွကို ထုတ်လိုက်ကာ လဲဝတ်လိုက်သည်။ နောက်မှ သတိရပြီး နေ့လည်နေ့ခင်း ကမ်းခြေမှာ နေကျဲကျဲတောက် ပူနေသည်မို့ ပါလာတဲ့ နေလောင်ဒဏ် ခံနိုင်သည့် လိုးရှင်းဘူးကို ထုတ်ကာ မျက်နှာနှင့် တစ်ကိုယ်လုံးကို မှီသလောက် လျှောက်လိမ်းနေတုန်း ရီလည်း ရေချိုးခန်းထဲက ထွက်လာသည်။ ရီက ခြေသလုံးလောက်ထိ ဘောင်းဘီနှင့် ဘလောက်စ် အင်္ကျီ ခပ်ပွပွ၊
“တော်သေးတယ် လိုလိုမယ်မယ် ဘောင်းဘီ တစ်ထည်ပါလာလို့”
“အင်း ပါလာလို့ တော်သေးတယ်၊ ကိုယ်တောင်စဉ်းစားနေတာ ဘောင်းဘီတစ်ထည် ဒီနားကဆိုင်မှာ ရီ့အတွက် သွားဝယ်မလားလို့၊ ထမီကြီးနဲ့ဆို တော်ကြာ လှိုင်းပုတ်လို့ လန်သွားရင် ကိုယ်မကြည့်ရဲဘူး ဟား ဟား”
“အိုး ကိုဇော်ကလည်း ခစ် ခစ် ခစ် ခစ်”
“လာ အပြင်မှာ နေက ကျစ်ကျစ်တောက် ပူနေတာ နေဒဏ်ခံနိုင်အောင် လိုးရှင်းလိမ်းလိုက်၊ နို့မိုဆို ရီ့ အသားတွေ နေလောင်ပြီး လန်ကုန်မယ်၊ လာ ကိုယ်လိမ်းပေးမယ်”
“အိုး ကိုဇော်ကလည်း ရီ့ဖာသာလိမ်းမယ် ရပါတယ်၊ ပေး ပေး”
“မဟုတ်ဘူးလေ ရီ မမှီတဲ့ နောက်ကျောဘက်ကို ကိုယ်လိမ်းပေးမယ်၊ ရီကလည်း ကိုယ့်ကြောကို လိမ်းပေး၊ ဘာလဲ ရှက်နေပြန်ပြီလား”
“အင်း”
“အမလေးဗျာ၊ အခုထိ ရှက်တုန်းဆို မဖြစ်ဘူး၊ ထပ်နမ်းဦးမှ”
“ခစ် ခစ် ခစ် ခစ် ကိုဇော်နော် ဘာမှလဲ မဆိုင်ဘူး”
နောက်တော့လည်း ရီက သူ့ဆံပင်ကို ကိုင်ပြီး ပင့်ပေးကာ ခေါင်းငုံ့ပေးတော့ ရီ့ ဂုတ်သားလေးနဲ့ အင်္ကျီအောက်က ပေါ်နေသမျှ ပုခုံးနဲ့ ကြောကို သေသေချာချာ လိမ်းပေးမိသည်။ ရီက ကျနော့်ကြောပြင် ပြောင်ပြောင်ကြီးကို ပြန်လိမ်းလို့။ ကျနော်တောင် ဒါလေးနဲ့ ဒီလောက်ရင်တုန်နေရင် ရီ တော့ ဘယ်လောက် ရင်တုန်နေမလဲ မသိ။
……………………………………………………
တဟေးဟေး တဟားဟား နှင့် ဆယ်ကျော်သက် ကလေးတွေလို ပင်လယ်ထဲမှာ ကားတာရာကျွတ် ဘောကွင်း တစ်လုံးနှင့် အတူလှိုင်းစီးကြသည်။ ရေတက်ချိန်နှင့် ကြုံသည်မို့ လှိုင်းက မသေး။ တစ်ချက် တစ်ချက် လှိုင်းပုတ်လိုက်တိုင်း လူက ဘောကိုဖက်တွယ်ထားရင်း ယိုင်သွားသည်။ ကျနော်က ဘောကိုတစ်ဖက်၊ ရီ့ခါးကို တစ်ဖက် ဖက်ရင်း လှိုင်းပုတ်ဒဏ်ကြောင့် မလွင့်အောင် ထိန်းပေးရသည်။ ရီကလည်း လှိုင်းကြီးလာတိုင်း ဟော ဟော လာပြီ လာပြီနှင့် ကျနော့်ကို အတင်းဖက်တတ်သည်။ ပြီးတော့ တခစ်ခစ် တဟားဟားနှင့် တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ ရယ်မိသည်။
ပင်လယ်ကြီးက ရီ့ အရှက်တရားကို ခဝါချလိုက်သလို ကျနော်လည်း ရီ့ကို အကိုင်အတွယ်မှာ အကန့်အသတ်မရှိ ပါမစ်ရသွားသကဲ့သို့ ရဲရဲတင်းတင်းပင် ပွေ့ဖက်ရဲလာသည်။ တဖြေးဖြေး ရဲလာသည်နှင့် မတော်တဆ ထိတွေ့မှု့တွေက များလာသလို ရီက ဘာမှမကန့်ကွက်။ ကျနော်တို့ ကူးနေသည့် နေရာက ဟိုတယ်ပိုင် ကမ်းစပ်ဖြစ်၍ လူကရှင်းနေသည်။ ခပ်လှမ်းလှမ်းမှာတော့ အဖွဲ့လိုက် ရေကူးနေသူတွေ ရှိပေမဲ့ တစ်ယောက်ကို တစ်ယောက် သေချာမမြင်။ ဘေးပတ်ဝန်းကျင်က လူရှင်းနေသဖြင့် ပို၍ ရဲတင်းသည်လား မပြောတတ်။ ပထမ ဘောကွင်းကို ဖက်တွယ်ကာ လှိုင်းစီးရင်း နောက်တဖြေးဖြေးနှင့် ဘောကွင်းပေါ် နှစ်ယောက်သား ပူးပူးကပ်ကပ် အတူပက်လက်အိပ်ကာ လှိုင်းစီးသည့်အထိ ဖြစ်လာသည်။
“ဟော ဟော ကိုဇော် ကိုဇော် ဟိုမှာလာပြီ လာပြီ အိုး အကြီးကြီးဘဲ အကြီးကြီးဘဲ ဒီဘက်ကို ဒီဘက်ကို ယက် ယက်”
ပျော်ရွှင်နေသည့် ကလေးတစ်ယောက်လို အသံစာစာနှင့် တက်လာသည့် လှိုင်းကိုကြည့်ကာနှင့် ကျနော့်ကို ပြောရင်း သူ့လက်တစ်ဖက်ကို ဘောကွင်း လည်သွားအောင် ရေကိုယက်သည်။ ကျနော်ကလည်း ရီပြောသလို လက်တစ်ဖက်နှင့် ရီ ယက်ခိုင်းသလို ယက်သည်။ ကျန်လက်နှစ်ဘက်က ဘောကွင်းအတွင်းမှာ တစ်ယောက်လည်ပင်း တစ်ယောက်ဖက်လို့။
လှိုင်းဒဏ်ကို ကြွတက်နေသည့် ဘောကွင်းဘက်က မခံဘဲ ဘောကွင်း မလန်သွားအောင် လေးသည့် ကျနော့်ဘက်က ဆီးခံမှ ဘောကွင်း မမှောက်မှာကို စီးနေရင်း အတွေ့အကြုံအရ သိသည်မို့ လှိုင်းကို ကြည့်ကာ ဘောကွင်းကို လည်သွားအောင် အတူတူ ယက်ကာ ဘောကွင်းမမှောက်ဘဲ ညိမ့်ကနဲ လှိုင်းစီးသလို ဖြစ်အောင် အတူကြိုးစားရသည်က အရသာလိုဖြစ်လာသည်။ အစကတော့ အထာမကျဘဲ ခဏခဏ မှောက်ပေမဲ့ ခဏကြာတော့ အကြောင်းသိလာကာ မမှောက်တော့။ ကမ်းစပ်ရောက်ကာ ဘောကွင်း သောင်ပေါ်တင်သည်အထိ စီးလာလိုက်၊ ပြီးတော့ နှစ်ယောက်သား ဘောကွင်းပြန်ဆွဲကာ ခပ်လှမ်းလှမ်း ရေနက်ပိုင်းဆီ ပြန်သွားလိုက်နှင့် ခေါက်တုန့်ခေါက်ပြန် စီးနေကြသည်။
ဘယ်နှစ်ခေါက်မှန်းမသိ စီးပြီးတဲ့ အခါမှာတော့ လူက ပန်းလာသည်။ ဘောကွင်းက ကမ်းစပ်သောင်ပြင်ပေါ် လာတင်သော်လည်း ဘောကွင်းပေါ်က လူတွေက မထချင်တော့။ နှစ်ယောက်သား ဘောကွင်းပေါ် ပက်လက်မှိန်းနေရာက
“တော်ပြီ ကိုဇော်ရာ မောပြီ၊ နားရင်း အုန်းရည်လေး ဘာလေး သောက်ရအောင်”
“အင်း ကောင်းသားဘဲ”
အစောပိုင်း အခေါက်ပေါင်းမြောက်များစွာက ကမ်းစပ်ရောက်သည်နှင့် နှစ်ယောက်သား ဘောကွင်းပေါ်က ဘယ်လို ထလိုက်လဲမသိ။ အခု နားတော့မယ်ဆိုမှ ထလို့ မရတော့။ နှစ်ယောက်လုံး ခန္ဓာကိုယ်အောက်ပိုင်းက ဘောကွင်းမှာ စွပ်ပြီး မကြွ။ ကျနော်ကလည်း ရုန်းထ၊ ရီကလည်း ရုန်းထဖို့ကြိုးစားပေမဲ့ ဘောကွင်းမှ ကျွတ်မသွားဘဲ တစ်နေသည်။ နှစ်ယောက်သား ဟိုရုန်း ဒီရုန်းနှင့် ထမရသည်မို့ လေးငါးကြိမ်အရောက်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မိသည်။ နောက်မှ ကျနော်က ရီ့ကို
“ရီ ညိမ်ညိမ်နေ၊ ကိုယ် ဒီဘက်က ရုန်းလိုက်မယ်”
လို့ပြောရင်း ဘေးက ဘောကွင်းကို လက်တစ်ဖက်နှင့် အတင်းဖိပြီး အားနှင့် တစောင်းရုန်းထွက်လိုက်မှ ရီဘက်က ကိုယ်ကို ကျုံ့ပေးလိုက်လို့လားမသိ အစက ကျွတ်မထွက်သည့် ကိုယ်က ရုတ်တရက် လျှောလျှောရှူရှူ ကျွတ်ထွက်လာတာမို့ အရှိန်နှင့် ဘောကွင်းပေါ် ပက်လက်ဖြစ်နေသည့် ရီ့ ကိုယ်ပေါ်မှောက်ရက်ကျသွားသည်။
“အို့”
ကျနော့်ကိုယ်က သူ့ပေါ်ပိကျလာသည်မို့ ရီ့ဆီက အို့ ကနဲ အသံထွက်လာသည်။ ကျနော်ကလည်း မမျှော်လင့်ဘဲ ဖြစ်သွားသည့် အခြေအနေက အခွင့်ကောင်းလို ဖြစ်နေတာမို့ ရီ့ကိုယ်ကို ထပ်လျှက် အလိုက်သင့်နေကာ ခေါင်းထောင်ပြီး ရီ့ကို ကြည့်လိုက်သည်။ အနားမှာလည်း လူသူရှင်းကာ နှစ်ယောက်ထဲ တစ်ကမ္ဘာ ဖြစ်နေသည်မို့ မပြောကောင်း မဆိုကောင်း ကျနော်တို့ နှစ်ယောက်ကို ပင်လယ်ထဲက ငါးမန်းတက်ဆွဲရင်တောင် အနားမှာ ကူမဲ့သူ မရှိသည့် အခြေအနေ။
ရီကလည်း သူ့ကိုယ်ပေါ်ပိနေသည့် ကျနော့်ကို ပြန်ကြည့်တော့ တစ်ယောက်နှင့် တစ်ယောက် ခဏမျှ မျက်လုံးချင်းဆုံကာ ကြည့်ရင်း အရမ်းချစ်တာဘဲ ရီ ရာလို့ အလိုလို ပါးစပ်ကထွက်သွားသလို ပင်လယ်ရေစက်တွေနှင့်သီးနေသည့် ရီ့ပါးကို ငုံနမ်းလိုက် သည်။ အစောပိုင်းက နမ်းလျင် ရှက်တတ်သည့် ရီ က အခုကြ အသံမထွက်ဘဲ သူ့ကိုယ်ပေါ်ပိနေသည့် ကျနော့်ကျောကိုပင် ပြန်ဖက်လာသည်။
ရီ့ဘက်ကလည်း လိုက်လိုက်လျောလျော ရှိလာသည်မို့ အခွင့်ကောင်းယူကာ ပါးကို နမ်းရာက နှုတ်ခမ်းချင်း ဆက်လိုက်သည်။ ပင်လယ်ရေကြောင့် အစက ငံကျိကျိ အရသာ ခံစားလိုက်ရသော်လည်း ချက်ခြင်းဆိုသလို ချိုမြသည့် အရသာက ပါးစပ်ထဲ စီးဝင်လာသည်။ အောက်နှုတ်ခမ်းသားကို အသာငုံထားရင်း ကျနော့်လျှာက ရီ့ပါးစပ်ထဲ တိုးဝင်သွားတော့ ရီကလည်း အလိုက်သင့် ကျနော့်လျှာကို စုပ်ဆွဲလိုက်သလို လက်က ကျောပြင်ကို ခပ်တင်းတင်း လာဖက်တာ ခံစားလိုက်ရသည်။
နှစ်ယောက်သား အနမ်းကြောမှာ ဘယ်လောက်ကြာကြာ နစ်မြောသွားသည် မသိ။ နားထဲမှာ ဟေး ဟေး ဟား ဟား နှင့် ခပ်သဲ့သဲ့ အော်သံကြားလိုက်မှ အသိပြန်ဝင်လာသည်။ ဒီတော့မှ လန့်ပြီး ခေါင်းထောင်ကာ ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ မနီးမဝေးမှ စောစောက ရေကူးနေသည့် အဖွဲ့က ဆူဆူညံညံ အသံပြုရင်း ကမ်းပေါ်တက် လာကြသည်ကို တွေ့လိုက်သည်။ ကျနော်တို့နှစ်ယောက် ဘောပေါ်ထပ်နေကြသည်ကိုဘဲ လှမ်းနောက်သလား မပြောတတ်။ ရီလည်း အဲဒီတော့မှ သတိဝင်လာသလို ရှက်ကိုးရှက်ကန်းနှင့်
“ကိုဇော်ကလည်း ဘာမှန်းလဲ မသိဘူး၊ ရှက်စရာကြီး၊ သူများတွေ တွေ့ကုန်ပြီလား မသိဘူး”
“မတွေ့ပါဘူး၊ နည်းနည်းလှမ်းနေတာဘဲ၊ သူတို့ဖာသာ အော်နေကြတာ နေမှာပါ”
ဟု ပြန်ပြောရင်း ရီ့ကိုယ်ပေါ်မှ ကြွလိုက်ကာ ထရပ်လိုက်သည်။ ရီ့ကို လက်ကမ်းပေးလိုက်တော့ ရီက ကျနော့်လက်ကို အားပြုကာ ထရပ်သည်။ ရီ မတ်တပ်ဖြစ်သွားသည်နှင့် လက်ကို ဆွဲကာ ဘန်ကလိုရှိရာ ပြေးတော့သည်။
“အိုး အိုး ကိုဇော် ကိုဇော်”
ရုတ်တရက် ရီ့ကို လက်ဆွဲပြီး ပြေးတော့ ရီ့ဆီမှ အသံထွက်လာသည်။ လေး၊ ငါး၊ ဆယ်လှမ်းလောက် ပြေးပြီးမှာတော့ သောင်ပြင်ပေါ်ချထားသည့် အခန်းသော့နှင့် တိုလီမုတ်စ ထည့်ထားသည့် ကျွတ်ကျွတ်အိပ် နေရာကိုရောက်သည်နှင့် ပြေးတာကို ရပ်ကာ အိပ်ကိုကောက်ယူလိုက်သည်နှင့်
“အုန်းရည် သွားသောက်တာဘဲ ဖြေးဖြေးသွားပါ ကိုဇော်ရာ၊ မောတယ်၊ ရီ မပြေးနိုင်ဘူး”
ရီ့ စကားကြောင့်
“အုန်းရည်ကနောက်မှ သောက်တော့မယ်၊ အခုအခန်းဘဲ ပြန်တော့မလို့၊ ကိုယ် မအောင့်နိုင်တော့ဘူးကွာ”
ရီက ကျနော် ဘာပြောသည်ကို သိသည့်အလား
“အိုး ဒီမှာ တစ်ကိုယ်လုံး ဆားရည်တွေနဲ့ စေးကပ်နေတဲ့ဟာကို”
“ရေအရင်ချိုးမယ်လေ ရီကလည်း၊ ရေချိုးပြီးမှ”
“ကိုဇော်နော် ဘာရေချိုးပြီးမှလဲ”
“အာ ရီကလည်းကွာ သိသိကြီးနဲ့”
“ကိုဇော်က အရမ်းကဲတာဘဲ”
“အရမ်းချစ်တာပါ”
တစ်ယောက်နှင့် တစ်ယောက် နားလည်နိုင်သည့် စကားကို အပြန်အလှန်ပြောရင်း ရီ့ကိုလက်ဆွဲကာ ခပ်သွက်သွက် ဘန်ဂလိုရှိရာ လှမ်းလာကြသည်။
…………………………………………………………….
ဘန်ဂလို တံခါးဖွင့်ကာ အထဲရောက်သည်နှင့် ရီ့ကို ရေချိုးခန်းထဲ ဆွဲခေါ်လာကာ ရေပန်းကို ဖွင့်ချလို့ ရီ့ကိုပါ ရေပန်းအောက် ဆွဲသွင်းလိုက်သည်။ နောက်တဆက်ထဲ ရီ ဝတ်ထားသည့် ဘလောက်စ်အင်္ကျီကို ခေါင်းကနေ အတင်းဆွဲချွတ်လိုက်သည်။ ဆားရည်နှင့် စေးကပ်နေသည်မို့ အင်္ကျီက ခပ်ပွပွ ဖြစ်နေ သော်လည်း တကယ်ချွတ်တော့ ကြပ်နေသည်။ ရီ က အလိုက်သင့် လက်ကိုမြှောက်ပေးရင်း အို့ အို့ အ အ နှင့် အသံထွက်နေသည်။ ငြင်းငြင်းဆန်ဆန် မရှိ။ အင်္ကျီကျွတ်သွားတော့ ရီ့ အပေါ်ပိုင်းမှာ ဘရာစီယာ အသားရောင်လေးသာ ကျန်တော့သည်၊
“ခေါင်းလျှော်ဦးမယ်ကွာ၊ ဆံပင်တွေလည်း ဆားရည်တွေနဲ့ စေးကပ်နေတာ ခေါင်းလျှော်မှ ရမယ်”
“အင်း၊ အင်း”
လက်ထဲပါလာသည့် အင်္ကျီကို ပစ်ချလိုက်ပြီး ဟိုတယ်မှ ပေးထားသည့် ခေါင်းလျှော်ရည်ဘူးသေးလေးကို လှမ်းယူပြီး ရီ့ခေါင်းပေါ် ညှစ်ချပေးလိုက်သည်။ ရီက သူ့ဆံပင်တွေကို ပွတ်သည်။ ကျနော်က ဘူးကို ပြန်တင်ရင်း ရီ့ ဘရာစီယာ နောက်ကဂျိတ်ကို ဖြုတ်လိုက်သည်။ ဘရာကို ကျွတ်သွားအောင် ဆံပင်ပွတ်နေသည့် ရီ့လက်ကနေ အတင်းပင့်ချွတ်တော့
“အိုး ကိုဇော်ကလည်း ဘာတွေလောနေလည်း မသိပါဘူး၊ ဒီမှာ ခေါင်းတောင်လျှော်လို့ မပြီးသေးတဲ့ဟာ”
“ဆပ်ပြာပါ တစ်ခါတည်း တိုက်ပေးမလားလို့”
“ကိုဇော်နော် မသိဘူးများ မှတ်နေလား၊ ကလေးလို ကဲမနေနဲ့”
ဘရာကျွတ်သွားတဲ့ ရီ့ရင်သား အစုံက ခပ်တွဲတွဲလေး ဖြစ်နေပေမဲ့ ရုပ်ဆိုးလောက်အောင် မတွဲ။ တွဲကျပုံလေးက ချစ်စရာပင်ကောင်းသေး။ ရေပန်းအောက်မှာ ရီ့ကိုယ်လုံးက ကြည့်လို့ကောင်းလှသည်။ အသက်အရွယ်ကြောင့် ဗိုက်သားက ချပ်ချပ်ရပ်ရပ် မရှိသော်လည်း မသိမသာလေး ဖောင်းနေသည်ကပင် ရီ့ကို ပိုလှအောင် အထောက် အပံ့ပေးနေသလို ဖြစ်နေသည်။
ရီက ခေါင်းလျှော်နေသည်မို့ မျက်စိမဖွင့်နိုင်။ အပေါ်ပိုင်း ဘလာဖြစ်သွားသည့် ရီ့အလှကို ကြည့်ရင်း ဆပ်ပြာရည်ဘူးကို လှမ်းယူကာ လက်ထဲ အနည်းငယ်ထည့်လိုက်ပြီး ရီ့ပုခုံးမှ စပြီး ပွတ်လိုက်သည်။ တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှ မကြုံဘူးသည့် အဖြစ်မို့ ကိုယ့်ဖာသာကိုယ်ပင် ဘာဖြစ်နေမှန်း မသိတော့။ ရင်ဘတ်ထဲမှာတော့ ထကြွသောင်းကျန်းနေသည့် ပိုးပေါင်းသောင်းခြောက်ထောင်လောက်နှင့် ဘလောင်ဆူနေသည်။ ဆပ်ပြာနှင့် ရီ့ကို ပွတ်ရင်း လက်က မြှောက်ထားသည့် ဂျိုင်းကြားကို ရောက်သွားတော့
“အို့ ယားတယ်”
ရီ့ဆီက အသံထွက်ရင်း မြှောက်ထားသည့် လက်က ချက်ခြင်းကျလာသည်။ ရီ့ဆီက အသံထွက်လာတော့ လူက အယောင်ယောင်အမှားမှားနှင့် နို့ကို လက်နှစ်ဘက်ဖြင့် စုံကိုင်ပြီး ဆပ်ပြာတိုက်ပေးမိပြန်သည်။ ရီက ဘာမှ မပြောဘဲ
“ဟွန်း”
ဟု အသံပြုရင်း ကျနော့်ဗိုက်ကို တစ်ချက်မနာအောင် လိမ်ကာ သူ့ခေါင်းကို ရေပန်းအောက်ဝင်ပြီး လျှော်နေသည်။ သူက ဟွန်း ဆိုတော့လည်း ကျနော်လည်း ပွမ်ပွမ်ဟု အသံထွက်မလားဆိုပြီး ဆပ်ပြာတိုက်ပေးရင်း ညှစ်ကစားကြည့်တော့ ပွမ်ပွမ်လို့ မထွက်ဘဲ ကိုဇော်နော်ဟု အသံထွက်လာသည်။
ဆပ်ပြာကို တစ်ကိုယ်လုံးအနှံ့ ပွတ်ပေးရင်း လက်က အလိုလို ဘောင်းဘီကို ကြယ်သီးဖြုတ်ကာ ဇစ်ကို ဆွဲချလို့ အသာတွန်းချွတ်မိသည်။ တင်ပါးလောက်မှာ ဘောင်းဘီက ဆက်တွန်းချလို့မရ၊ ရေစိုကာ ကပ်ပြီး ကြပ်နေသည်။ ကျနော်လည်း ရီ့ရှေ့ ငုတ်တုတ်ထိုင်ချလို့ ဘောင်းဘီကို ခြေသလုံးနား အစကနေ ဆွဲချွတ်သည်။ ဒီတော့မှ ဘောင်းဘီက လျှောကျလာသည်။ ကျလာသည့် ဘောင်းဘီကို ခြေကျင်းဝတ်ထိ ဆွဲချရင်း အောက်က အနီရောင် အတွင်းခံကိုပါ တဆက်ထဲ ဆွဲချလိုက်သည်။
မြင်လိုက်သည့် မြင်ကွင်းက ကိုယ့်မျက်စိကိုပင် ကိုယ်မယုံ၊ ရှက်ရှက်နှင့် ဝန်ခံရလျှင် ကျနော် ကိုယ်တိုင်ကလည်း မိန်းမအတွေ့အကြုံ များများစားစားမရှိ။ မရှိဆို အခု ယူထားသည့် မိန်းမတစ်ယောက်နှင့်သာ ကြုံဖူးသည်။ ယောကျ်ားပီပီ ဗီဒီယို နှင့် စာ အတွေ့အကြုံ အတော်များများ ရှိခဲ့ပေမဲ့ မိန်းမနှင့် ပတ်သက်လာရင်တော့ လက်တွေ့က မူကြိုအဆင့်လောက်ပင်ရှိသည်။
တသွင်သွင် စီးကျနေသည့် ရေက ရီ့ ပေါင်ကြားမှ ခပ်ကျဲကျဲနှင့် ခပ်ရှည်ရှည် ပေါက်နေသည့် အမွေးတွေကို ဖြတ်စီးသွားသလို အမွေးတွေကြားက ရေစက်တွေ တပေါက်ပေါက် ကျနေသည်ကို မမြင်ဖူးသလို ကြည့်နေမိသည်။ တခါမှ သက်ရှိမိန်းမတစ်ယောက်၏ ပေါင်ကြားကို အခုလို မကြည့်ဖူးသေး။ အမွေးကြဲကြဲအောက်မှ အကွဲကြောင်းကလည်း ဖြူဖြူဖွေးဖွေးနဲ့ မို့ဖောင်းနေသည်မှာ ထိရက်စရာပင် မရှိ။ ပေါင်ကြားတင်မက သွယ်ပြီး ဖြောင့်တန်းနေသည့် ပေါင်နှစ်ဘက်ကလည်း အပြစ်အနာအဆာ မရှိဘဲ သွေးကြောလေးများ ပေါ်လောက်အောင်ပင် ဖွေးဖွေးဖြူနေသည်။
လက်ရှိယူထားသည့် မိန်းမ ပေါင်ကြားကို မြင်ဖူးပေမဲ့ ရီ့ပေါင်ကြားကို မြင်သလောက် တခါမှ ရင်မခုန်မိ။ အခုမှ ကိုယ်ထဲက ပိုးပေါင်း သောင်းခြောက်ထောင်တို့က အခုမှ ပိုမိုသောင်းကျန်းလာသလို လူက ကတုန်ကရင် ဖြစ်လာသည်။
ရီက ကျနော် ငေးကြည့်နေတာ မသိထင်။ အောက်ကို ပုံကျလာသည့် သူ့ဘောင်းဘီကို ခြေထောက်ဖြင့်နင်းကာ ချွတ်နေသည်။ ခေါင်းလျှော်နေသည်မို့ ငုံ့မကြည့်အားတာလည်း ဖြစ်မည်။ ကျနော်လည်း ခဏမျှ မှင်သက်ငေးနေရာမှ ဘာဖြစ်သွားသည်မသိ ထိုင်လျှက်နှင့် ရီ့တင်ပါးကို လှမ်းဖက်လို့ ဆီးခုံကို မျက်နှာအပ်လိုက်သည်။
“အို့ အိုး အို့ အို့ ကိုဇော် ကိုဇော်”
ဆိုသည့် အသံနှင့်အတူ ကျနော့်ခေါင်းကို ကိုင်ကာ
“ကိုဇော်၊ ကိုဇော်၊ အို့ အို့၊ မတော်တရော်တွေ လုပ်ပြီ၊ ကိုယ့်ဖာသာချိုးလေ၊ သူဘဲ လောနေပြီး”
“ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်”
“ကိုဇော်ကလည်း ကလေးလိုဘဲ၊ အင်းပါ၊ ချစ်ပါ၊ ချစ်ပါ၊ ရေချိုးပြီး ကြိုက်သလိုချစ်၊ ကိုဇော့် သဘော၊ အခုတော့ ရေပြီးအောင် ချိုးလိုက်ဦးနော် နော် နော်”
ရီက ကျနော့်ကို ချော့မော့ပြောရင်း ဆွဲထူကာ ရေပန်းထဲ ဆွဲသွင်းသည်။ ကျနော်လည်း ဘာဖြစ်လို့ ဖြစ်မှန်း မသိတော့။ တသက်နှင့် တကိုယ် တခါမျှ မိန်းမပေါင်ကြားလည်း မျက်နှာမအပ်ဖူး။ ရေချိုးပြီး ကြိုက်သလိုချစ် ဆိုတာမို့ ထရပ်ပြီး ကမန်းကတမ်း ခေါင်းလျှော်ရည်ကို လှမ်းယူကာ ကိုယ့်ခေါင်းပေါ်ကိုယ်လောင်းချရင်း ချိုးတော့သည်။ ရီလည်း ဆပ်ပြာရည်ဘူး လှမ်းယူကာ သူ့ဖာသာတိုက်သည်။ ကျနော်လည်း ဘာမှ မမြင်တော့။
ရေချိုးနေရင်း ဘောင်းဘီကို ချွတ်ချကာ ရီ့လိုပင် ကိုယ်ဗလာဖြင့် ရေချိုးတော့သည်။ ရေပန်းအောက်မှာ လူချင်းက ကပ်နေသဖြင့် မာန်ကြွနေသည့် ကျနော့်ဇာတ်လိုက်က ရီ့ကို ခဏခဏ ထိုးမိသည်။ ကျနော်လည်း မနေနိုင်တော့ဘဲ ရီ့ကို ဆွဲဖက်ကာ
“ဟင်အင်း ဟင်အင်း မအောင့်နိုင်တော့ဘူး၊ မအောင့်နိုင်တော့ဘူးကွာ၊ ချစ်တယ်၊ ချစ်တယ် အရမ်းချစ်တယ်”
“အင်းပါ၊ ချစ်ပါ၊ ချစ်ပါ၊ ဒီနေရာကြီး မကောင်းပါဘူး ကိုဇော်ရာ၊ ရေချိုးပြီးမှ ကိုဇော့်သဘောကျချစ်၊ ခဏလေးနော် ခဏလေး၊ နော် နော်၊ ကိုဇော်က လိမ္မာပါတယ်၊ နော် နော်”
“အခု ရေချိုးပြီးပြီ၊ လာ၊ လာ၊ ချစ်မယ်”
“အာ ရေတွေစိုနေတဲ့ဟာ၊ အိပ်ယာတွေ အကုန်စို ကုန်တော့မယ်၊ ခဏ ခဏ ရေစင်အောင် သုတ်ဦးမယ်”
ပြောရင်း မျက်နှာသုတ်ပုဝါ တင်ထားသည့် စင်မှ ပုဝါကို လှမ်းယူကာ ရီက သူ့ခေါင်းကို ပတ်သလို ကိုယ်ကိုလည်း ပတ်သည်။ ပြီးတော့
“ခေါင်းကို ခြောက်အောင်သုတ်ဦး၊ တော်ကြာ ရေစိုကြီးနဲ့ နှာစေးနေမယ်၊ ရီ သုတ်ပေးမယ်”
ရီ ပြောရင်း ကျနော့်ခေါင်းကို ပုဝါဖြင့် သုတ်ပေးသည်။ အခု ကျနော်စေးနေသည့်နှာက ခေါင်းရေစိုလို့ မဟုတ်မှန်း ကိုယ့်ဖာသာကိုယ် သိနေသည်။
…………………………………………………………
မရတော့၊ ရေခြောက်အောင်ပင် မစောင့်နိုင်တော့၊ ရီ့ကို တင်ပါးက ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲမှ ထွက်လာသည်။ ရီ့ဆီမှ တခစ်ခစ် ရယ်သံပင် ကြားမိသလိုလို ရီလည်း ကျနော့်လိုပင် ရောဂါသဲနေလားမသိ။ အချစ်ဆိုသည့် စိတ်က တော်တော်ထူးဆန်းမှန်း အခုမှ သိသည်။ နှစ်ပေါင်းမြောက်များစွာ ငုတ်လျှိုးနေသည့် ချစ်စိတ်က အခုမှ အစွမ်းပြလာသည်လား မပြောတတ်။ တသက်နှင့် တကိုယ် မလုပ်ဖူးသည့် ချစ်နည်းပေါင်းစုံနှင့် ချစ်မိတော့သည်။
“ကိုဇော် ကိုဇော်၊ အရမ်းမကဲနဲ့နော်”
“အင်းပါ”
“ပြောရင် အင်းပါ အင်းပါနဲ့၊ နားလည်းမထောင်ဘူး”
“နားထောင်ပါတယ်ကွာ”
“အို့ အို့၊ ဖြေးဖြေးနမ်းပါ ကိုဇော်ရာ၊ အရမ်းကြမ်းတာဘဲ၊ ကြောက်လာပြီ”
“အင်းပါ”
“လာပြန်ပြီ”
“ဒီဘက်နဲနဲရွှေ့ ရီ၊ ကိုယ်ပြုတ်ကျတော့မယ်”
“အို့ အဲဒီနေရာကြီး၊ ကိုဇော် ကိုဇော်၊ အို့ အို့ ပြောလို့လဲ မရဘူး၊ အို့ အို့ အိုး”
“ချစ်တယ် ရီရာ”
“အင်း ချစ်ပါ ကိုဇော်ရယ် ချစ်ပါ။ အ အ အင်း အင်း အင်း၊ အို့ လုပ်ပြန်ပြီကွာ”
“ဟင်း ဟင်း ဟင်း ဟင်း”
“အို့ အ အ အို့ အို့”
“မနေနိုင်ဘူးရီရာ”
“အို့ နာတယ်၊ ပေါင်ကို အတင်းမဖိနဲ့လေ”
“ဆောရီး ဆောရီး”
“အား ကျွတ် ကျွတ် ကျွတ် ကျွတ်၊ နဲနဲလျှော့ကွာ”
“အို့ အို့ မရဘူးထင်တယ်၊ ဖြေး ဖြေး၊ အို့ အို့၊ ရီက အပျိုပြန်ဖြစ်နေတာ ကြာပြီ ကိုဇော်ရ”
“ရပြီ ရပြီ”
“အ အ အ ခန ခန၊ ခနလေး ကိုဇော် ခနလေး”
“အင်းပါ၊ ရပြီလား”
“အင်း”
“အား ကိုဇော်ရာ ချစ်တယ် ချစ်တယ် အ အ၊ ချစ်လိုက်တာ ကိုဇော်ရာ”
ပြီးပါပြီ….။