အရမ်းတတ်လွန်းအားကြီးတဲ့ ချစ်ဆုံးဦးရယ်

Posted on

သူမ ဆေးလိပ် သောက်နေ တာ ကို ကြည့် ကောင်းကောင်းနဲ့ ထိုင်ကြည့် နေမိသည် . .  ဆေးလိပ် တစ်ဝက်ခန့် ကုန်တော့ ဆက် မသောက် တော့ ပဲ ထိုးချေ မီးသတ် လိုက်သည် . .  ခုချိန် ထိ ဦးချမ်းသာအောင် ဆေးလိပ် မသောက်ဖြစ်သေး . .  “ကိုယ်  . .  မင်းအကြောင်း ကို စိတ်ဝင် စားတယ် နွယ်နီ . .  ကိုယ့် ကို မင်းအကြောင်း ပြောပြ နိုင်မလား . . ”  “ ဟား . .  ” သူမ ရယ်လိုက်သံ က ကဗျာ မဆန် . .  “ မထူးဆန်း ပါဘူး ကိုကြီး ရယ် . . မိမရှိ ၊ ဖမရှိ တစ်ယောက် ထဲ ရုန်းကန် ခဲ့ရတယ့် သာမန် မိန်ကလေး တစ်ယောက်ရဲ့ ဘဝပဲ . .  ”  “ မင်းမှာ မွေးချင်း မရှိဘူးလား . . ”  “ အကို တစ်ယောက် တော့ ရှိတယ် . .  လွန်ခဲ့တဲ့  (၆)  နှစ်လောက် က အိမ်က ထွက်သွားတယ်… တပ်ထဲပဲ ဝင်သွားသလိုလို.. ယိုးဒယား ဘက် ပဲ ရောက်နေ သလိုလို နဲ့ တော့ ပြောကြ တယ် . .  အဆက် အသွယ် တော့ မရှိဘူး . .  ”  “ ခု . . မင်းနေ တော့ . .  ”  “ အဒေါ် အိမ်မှာ . .  အမျိုး အရင်းတော့ မဟုတ်ဘူး . . ဘယ်လို ပြောရမလဲ . . ရပ်ဆွေ ရပ်မျိုး ပေါ့ . . ” သီးသန့် ခန်းလေး အတွင်း အသံ ခဏ တိတ်သွား သည် . . ။ သူမ က ဦးချမ်းသာအောင် ၏ ခွက်ထဲကို အရက် ထပ်ထည့် ပေးရင်း သူမ အအေးခွက်ထဲ ကိုပါ အရက် နည်းနည်း ထည့် လိုက်သည် . .  ရေခဲ ကို ညှပ်ဖြင့် ညှပ်ယူ နေသော သူမ လက်ကို ကြည့်လိုက် မိရာ . .  သူမ လက်တွေ က နူးညံ့လွန်းမယ့်ပုံ .  .  “ မင်း . .  အရက် ကော သောက်တတ် တာလား . . ”  “ အရက် ကိုတော့ အရမ်း မကြိုက်လှဘူး . .  ကိုကြီး တစ်ယောက် ထဲ သောက် နေရင် ပျင်းနေမှာ ဆိုးလို့ နည်းနည်း သောက် မလားလို့ပါ . . ”  “ မင်း . . လက်ကို ကိုယ်ခဏကိုင် ကြည့်လို့ရမလား . . ” “ ရှင် . . ”  သူမ တစ်ချက်ငြိမ်သွားသည် …  ဦးချမ်းသာအောင် သတိထားမိ သည် . .  နွယ်နီက တစ်ခုခု ကို စဉ်းစား လျှင် ရှေ့ တည့်တည့်ကို ကြည့်ပြီး ငြိမ်သက်စွာ စဉ်းစားတတ် ပုံပင် . .  မျက်နှာ က တည်နေပြီး ပတ်ဝန်းကျင် နှင့် အဆက်အသွယ် ပြတ်နေ သည့်ပုံ . . သူမ ဦးချမ်းသာအောင် ကို လှည့်ကြည့် ပြီး မေးလိုက် သည် . .  “ ကိုကြီး က ဘာကြောင့် ကိုင်ကြည့် ချင် တာလဲ . . ”  “ ဟက် . .  မင်းလက် တွေက နူးညံ့ နေမယ် ထင်လို့ . .  ”  “ မရဘူး . .   ”  “  … .. ” နှစ်ယောက်သား တိုင်ပင် မထားပဲ အရက်ခွက်ကို ပြိုင်တူ ကိုင်မိကြသည် . .  တစ်ယောက်ကို တစ်ယောက် ကြည့်လိုက် ပြီး တပြိုင် ထဲ သောက်မိ ကြသည် . . ။

“ အလုပ် ကြမ်းပေါင်းစုံလုပ်ဖူးတဲ့ မိန်းမတစ်ယောက်ရဲ့လက်က ကိုကြီးလက်လောက်တောင် နူးညံ့မှာမဟုတ်ပါဘူး.. ” “အာ.. ထားလိုက်ပါတော့..” စကားပြောလိုက် အရက်သောက်လိုက်နှင့် နှစ်ဦးသား ရေချိန်တော်တော်မှန်လာသည်.. ဦးချမ်းသာအောင်က နွယ်နီကိုသောက်နိုင်လိမ့်မည်ဟု မထင်ခဲ့.. သူမက သူမအကြောင်းတွေ ပြောပြသည်.. “ဒါနဲ့… နွယ်နီ .. မင်းမှာ ရည်းစားရှိလား.. ” “အိုး.. ပေါလို့ .. ဘာလဲ .. ကိုကြီးက နွယ်နီ့ရည်းစားလုပ်ချင်လို့လား.. ဟိ..ဟိ..” “ဟာ.. မဟုတ်ပါဘူး.” “လုပ်ပါ.. ကိုကြီးရယ်.. ဟိ..ဟိ.. တစ်ရက်လောက်ဖြစ်ဖြစ်ပေါ့.. ဟိ.ဟိ” သူမ အနည်းငယ်တော့မူးလာဟန်တူသည်.. အူမြူးလာသည်.. သူမက ဦးချမ်းသာအောင်၏ လက်ကို ရုတ်တရက်ကိုင်လိုက်သည်.. “ထင်တဲ့အတိုင်းပဲ.. ကိုကြီးလက်က နွယ်နီ့လက်ထက် ပိုနုတယ်..” သူမက ဦးချမ်းသာအောင်၏ လက်ဖဝါးကို လက်သည်းများဖြင့် ကုတ်နေသည်..။“နွယ်နီ.. မင်း ကိုယ့်ကို ခွင့်တောင်းသင့်တယ်ထင်တယ်..” “ဘာလို့.. ခွင့်တောင်းရမှာလဲ.. ” “ဘာလို့… ခွင့်မတောင်းရမှာလဲ..” “နွယ်နီက မိန်းကလေးလေ.. ခွင့်တောင်းစရာ မလိုဘူးလေ..” “ခုချိန် .. ကိုယ်အော်လိုက်ရင် မင်းဘာဖြစ်သွားမလဲ..” “နွယ်နီက ဘာမှမဖြစ်း.. ဦးပဲဖြစ်မှာ.. ” “ကိုယ်က ဘာဖြစ်မှာလဲ.. ” “အရူး.. ” “ဟား..ဟား..” “ခစ်..ခစ်..” နှစ်ဦးသား လွတ်လပ်ပေါ့ပါးစွာ ရယ်မိသည်.. တခါတလေ မူးနေသော မိန်းကလေးတွေက ချစ်ဖို့ကောင်းနေတတ်သည်.. ခုချိန်ထိ သူမက ဦးချမ်းသာအောင်၏ လက်ကို မလွတ်ပေးသေး.. ထိုအချိန်မှာ ဦးချမ်းသာအောင်ရဲ့ ဖုန်းမြည်လာသည်.. “.. ကိုယ် ဖုန်းခနပြောမှဖြစ်မယ်..” ဦးချမ်းသာအောင်က ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး ဖုန်းကိုင်လိုက်သည်.. “အေး.. စိုးဦးပြော…” “ရတယ်.. နေ့လည်က ကိုယ်ပြောတဲ့အတိုင်းလုပ်လိုက်.. အရောင်း စင်တာ တစ်ခုဖွင့်ဖို့က ဦးမင်းနဲ့ပဲဆက်လုပ်လိုက်.. ကိစ္စကို မင်းပဲတာဝန်ယူရှင်းလိုက်.. အဆင်မပြေရင် ဖုန်းပြန်ဆက်.. ” ဦးချမ်းသာအောင် ဖုန်းချလိုက်တော့ နောက်ထပ်ဖုန်း တစ်လုံးထပ်ဝင်လာ သည် . . ။

ဦးချမ်းသာအောင် က အပြင်ကိုထွက်လာလိုက်သည်.. “ဦး.. ဖုန်းခေါ်နေတာ.. မအားဘူးတဲ့..ဘယ်သူနဲ့ပြောနေတာလဲ.. ” “ဆောရီး. စနိုး.. ကိုယ်အလုပ်ရှုပ်နေတယ်.. ပြန်ဆက်မယ်..” “ဦး..ဦး.. ခန.. သတိရတယ်.. အားရင်ဆိုင်ကို လာခဲ့ပါလား.. ” “ကိုယ်မအားဘူး.. အားရင်လာခဲ့ပါ့မယ်.. .. ” “ဟုတ်.. ဦး.. လာခဲ့ဦးနော်..” သီးသန့်ခန်းလေးထဲပြန်ဝင်လာတော့ … နွယ်နီက အေးစက်တည်ငြိမ်စွာ သူ့ကို စောင့်နေသည်.. “ဆောရီးး.. ဖုန်းတွေဆက်တိုက်လာနေလို..” နွယ်နီက ထရပ်လိုက်ပြီး ဦးချမ်းသာအောင်ကို မျက်နှာချင်းဆိုင်လိုက်သည်.. “ကိုကြီး .. လက်ပြန်ပေး..” “ဟား..” ဦးချမ်းသာအောင်က သူ့လက်တဖက်ကို သူမဆီသို့ ကမ်းပေးလိုက်သည်.. ဒါပေမယ့် သူမက သူ့လက်ကို မကိုင်.. သူမလက်နှစ်ဖက်က ဦးချမ်းသာအောင်၏ လည်ပင်းကို တွဲခိုလိုက်သည်.. တဆက်ထဲပင် ဦးချမ်းသာအောင်၏ နှုတ်ခမ်းကို နမ်းလိုက်သည်.. ဖွဖွလေးပါပဲ.. နှုတ်ခမ်းချင်းထိထားလျက်နှင့် တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းဆုံကြည့်ကာ အဖြေရှာနေကြသည်.. ငါးစက္ကန့်လောက် ထိတွေ့ပြီးတော့ နှုတ်ခမ်းနှစ်ခု ပြန်လည်ကွဲကွာသွားသည်.. “မင်း.. ကိုယ့်ကို ခွင့်တောင်းသင့်တယ် မထင်ဘူးလား..” “ဘာလို့ခွင့်တောင်းရမှာလဲ..” “ဘာလို့.. ခွင့်မတောင်းရမှာလဲ.. ” “နွယ်နီက မိန်းကလေးလေ .. ခွင့်တောင်းစရာ လိုလား..” နှုတ်ခမ်းနှစ်ခု ထပ်မံထိတွေ့သွားသည်.. ဘယ်သူကစလိုက်တာလဲ မသိတော့မဟုတ်.. ဦးချမ်းသာအောင်က စတင်နမ်းလိုက်ခြင်းပင်.. စောစောက နွယ်နီနမ်းသလိုဖွဖွလေး ထိရုံထိထားခြင်းမဟုတ်.. မွတ်သိပ်ကြမ်းတမ်းသော အနမ်းရိုင်းတစ်ခု.. သူမဖက်ကလဲ ပြန်လည်တုံ့ပြန်နမ်းရှိုက်နေတော့ အနမ်းက ရှည်ကြာသွားသည် . . ။

“ ဟင်း . .  ”   “ ဟင်း . . ” နှစ်ဦးစလုံး မောဟိုက်လာတော့မှ အနမ်းရိုင်းကြီးကို အဆုံးသတ်လိုက်ပြီး သက်ပြင်းပြိုင်တူချလိုက်ကြသည်.. ဦးချမ်းသာအောင်က လက်နှစ်ဖက်ဖြင့် နွယ်နီ့ခါးကို ဖက်ထားသလို.. နွယ်နီကလဲ ဦးချမ်းသာအောင်၏ လည်ပင်းကို တွဲခိုဖက်ထားဆဲ…. “ကိုကြီး.. ညီမကို ခွင့်တောင်းသင့်တယ် မထင်ဘူးလား..” “မထင်ပါဘူး..” “ဘာလို့.. ” “ခွင့်တောင်းပြီး လက်စားချေတာ နွယ်နီတွေ့ဖူးလား.. ” ထို့နောက် ဦးချမ်းသာအောင်က နွယ်နီ့ မျက်ဝန်းတွေကို နူးညံ့ရီဝေစွာ စိုက်ကြည့်နေလိုက်သည်.. သူမကလဲ ပြန်ကြည့်နေသည်.. တဖြည်းဖြည်းချင်း ခေါင်းချင်းပြန်လည်နီးကပ်သွားသည်.. ခေါင်းချင်းမထိခင်မှာ နှုတ်ခမ်းချင်းအရင်ထိမိပြန်သည်.. ဒီတစ်ခါအနမ်းတွေက ကြမ်းမယောင်နဲ့ နူးညံ့နေသည်.. ဦးချမ်းသာအောင်က သူမအောက်နှုတ်ခမ်းဖူးဖူးလေးကို ငြင်သာစွာ ငုံယူလိုက်သည်.. သူမရဲ့အသက်ရှူသံနွေးနွေးလေးတွေက အနမ်းခရီးကို ပိုမိုရှည်ကြာလေသလား .. ဦးချမ်းသာအောင်ရဲ့လက်တစ်ဖက်က သူမရင်သားတွေဆီကို ရွေ့လျားကူးပြောင်းလာသောအခါ .. သူမက သူ၏ လက်ကို ဖမ်းဆုပ်လိုက်သည်.. အနမ်းခရီးရှည်လဲ အဆုံးသတ်းသည်.. “ပထမဦးဆုံးတွေ့ကြတဲ့အချိန်မှာ ကိုကြီး ဒီလိုထိလုပ်တာတော့ လွန်တယ်..” သူမက မျက်နှာတည်တည်ဖြင့် ဦးချမ်းသာအောင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်.. ခန္ဓာကိုယ်နှစ်ခုကတော့ပြန်လည်ကွဲကွာမသွားသေး.. သူမရဲ့မျက်နှာကို ဦးချမ်းသာအောင်၏ ရင်ဘတ်ပေါ်မှောက်ချလိုက်သည်.. သူမတစ်မိနစ်ခန့်ငြိမ်သက်သွားပြီး ဦးချမ်းသာအောင်၏ ရင်ဘတ်ကို ကြိတ်ကာကိုက်လိုက် သည်  ။

“အာ့.. ဘာလို့ကိုက်တာလဲ..” “လက်စားချေဖို့ အတွက် ခွင့်တောင်း စရာလိုလို့လား..” ဦးချမ်းသာအောင် သူမကို ငုံ့ကြည့်လိုက်တော့ သူမက ပြုံးစစနဲ့ သူ့ကို ကြည့်နေသည်.. သူက သူမကို တင်းကြပ်စွာ ဖက်လိုက်သည်.. သူမကလဲ သူ့ကိုအလိုက်သင့်ပြန်ဖက်ထားသည်.. ခနနေတော့ “ကိုကြီး .. ဆက်သောက်ဦးမလား.. ” “ရပါတယ်..နွယ်နီကော..” “ဒီမှာမသောက်ချင်တော့ဘူး.. တနေရာရာသွားပြီး ဆက်သောက်ချင်တယ်.. ” “ဘယ်မှာသွား… ” သူ၏စကားမဆုံးခင် သူ၏နှုတ်ခမ်းကို သူမက လက်ညိုးတစ်ချောင်းဖြင့် ပိတ်လိုက်ပြီး.. “ရှူး.. မမေးနဲ့.. ” ဒီလိုနဲ့ပဲ ပိုက်ဆံရှင်းပြီး ဆိုင်ကထွက်လာခဲ့သည်.. ကားပေါ်ရောက်တော့ သူမက အဲကွန်း ပိတ်ခိုင်းလိုက်ပြီး မှန်ချခိုင်းလိုက်သည်.. “မရှိဆင်းရဲသားမလေးတစ်ယောက်အတွက် အဲကွန်းလေထက် သဘာဝလေက ပိုကောင်းပါတယ်.. ” သူမဆီက ထိုစကားသံတိုးတိုးကို ကြားလိုက်ရတော့ သူမမျက်နှာကို တချက်လှမ်းကြည့်မိသည်.. သူမက ရှေ့ကိုတည့်တည့်ကြည့်ပြီး မျက်နှာတည်တည်ဖြင့်ပြောလိုက်ခြင်းဖြစ်သည်.. သူမလမ်းညွန်မှုနောက်ကို လိုက်ရင်း ကန်ဘောင်တစ်ခုဆီသို့ရောက်သွားခဲ့သည်.. လတ်ဆတ်သောလေအဝှေ့မှာ ဘာရယ်မဟုတ် သူ့စိတ်တွေ နည်းနည်းကြည်သွားသလိုပင်.. ထိုအချိန်မှာ မျက်ဝန်းတောက်တောက်နှ င့်မိန်းကလေးမျက်နှာက သူ့အတွေးထဲပေါ်လာခဲ့သည်..။

အတွေးတွေကို မောင်းထုတ်လိုက်ပြီး.. “နွယ်နီ ဘယ်မှာသောက်မှာလဲ ..” “ဒီမှာလေ.. ” “ခုံလဲမရှိပဲနဲ့.. ” “သဘာဝကပေးထားတဲ့ မြေကြီးလောက်ကောင်းတဲ့ခုံ တွေ့ဖူးလား..” ကားပေါ်က အရက်ပုလင်း၊ ရေသန့်ဗူးနှင့် အမြည်းတချို့ထည့်ထားသော ဗော့ဘူးများကို ယူပြီးသူမဆင်းလာခဲ့သည်.. အချိန်တိုလေးအတွင်း ကန်ဘောင်အစပ် မြက်ခင်းပေါ်တွင် အရက်ဝိုင်းလေးတစ်ခုဖြစ်သွားသည်.. မခမ်းနားပေမဲ့ ရိုးရှင်းလွန်လှသည်.. ခွက်လေးထဲက အရက်တခွက်ကုန်တော့ .. “စောစောက နာသွားလား..” “မနာပါဘူး..” “နာအောင် ကိုက်လိုက်ရမှာ..ဟင်း..” “ဒါဆို ဘာလို့နာအောင်မကိုက်တာလဲ..” “မကိုက်ရက်လို့ပေါ့..” ဘာမပြော ညာမပြောနဲ့ သူမက သူ့အနားရွေ့လာပြီး သူ၏ ရင်ခွင် ထဲသို့ တိုးဝင်လာသည်.. သူကလဲ သူမကို ပွေ့ဖက်ထားလိုက်သည်.. အရက်ဆက်မသောက်ဖြစ်တော့ဘဲ ငြိမ်သက်စွာဖြင့် ကန်ရေပြင်ကိုကြည့်နေကြသည်.. “ကိုကြီး.. ” “ဟင်..” “ဘာမှမဟုတ်တော့ပါဘူး..” ဆောင်းဦးလေနုရိုင်းအဝှေ့မှာ စိမ့်ခနဲ့ဖြစ်သွားသည်.. ဦးချမ်းသာအောင်က လက်ပတ်နာရီကို ကြည့်လိုက်တော့ ၉ နာရီထိုးတော့မည်.. “နွယ်နီ.. ပြန်ရအောင် ..” “သူမက စကားမပြန်တော့ပဲ သူ့ခါးကို တင်းကြပ်အောင် ဖက်လိုက်သည်.. “ကိုကြီး.. ” “အင်း..ပြောလေ..” “ဒီည အိမ်မပြန်ပဲ နေရအောင်.. မကောင်းဘူးလား” နွယ်နီ့အသံက နောက်နေတဲ့အသံမဟုတ်.. အရမ်းမူးနေတာမဟုတ်သော်လည်း သူမမျက်လုံးတွေက ရီဝေနေသည်.. ဦးချမ်းသာအောင်လဲ နွယ်နီ့ကို အသာဖေးမပြီးထရပ်လိုက်သည်.. ဟိုတယ်အခန်း ထဲရောက်တော့ နွယ်နီက အိမ်သာ ထဲဝင်သွားသည်.. အရာရာက တည်ငြိမ်အေးဆေးနေသည်..။

ဦးချမ်းသာအောင်က အခန်းထဲရှိ ဆိုဖာဆက်တီပေါ်ထိုင်ရင်း ဆေးလိပ်တစ်လိပ်ကို မီးညှိဖွာရှိုက်နေသည်.. နွယ်နီ အိမ်သာ ထဲက ထွက်လာတော့ သူမရဲ့ခန္ဓာကိုယ်ပေါ်တွင် တဘက်တစ်ထည်သာ ပြန်ပါလာသည်.. သူမဝတ်လာသော ပါတိတ်ဝမ်းဆက်လေးကို သပ်သပ်ရပ်ရပ်ခေါက်ပြီး လက်ကကိုင်လာသည်.. “ကိုကြီး .. ဆေးလိပ်တိုက်..” ဦးချမ်းသာအောင်က ဆေးလိပ်ဗူးကို ကမ်းပေးလိုက်တော့ .. “ဟင့်အင်.. ကိုကြီး သောက်လက်စပဲပေး..” ဦးချမ်းသာအောင်က ဆေးလိပ်ကို တချက်ဖွာရှိုက်လိုက်ပြီး သူမကိုကမ်းပေးလိုက်သည်.. သူမက ဆေးလိပ်ကို ကျင်လည်စွာ ရှိုက်သွင်းလိုက်ပြီး မီးခိုးငွေ့များကို ဦးချမ်းသာအောင်၏ မျက်နှာဆီသို့မှုတ်ထုတ်လိုက်သည်.. ထို့နောက် ဦးချမ်းသာအောင်၏ နားနားကိုကပ်ပြီး လေသံတိုးတိုးလေးဖြင့် “ကိုကြီး ဆေးလိပ်သောက်တာ အရမ်း စမတ် ကျတယ်..” “မင်းလဲတူတူပါပဲ.. ” သူမက ဦးချမ်းသာအောင်ကို ဆွဲထူလိုက်သည်.. တိုင်ပင်စရာမလိုသော နှုတ်ခမ်းနှစ်ခု ထိတွေ့မိပြန်သည်.. တစ်ဦး၏ တိုက်စစ်ဆင်နေသော အနမ်းများကို တစ်ဦးက ပြန်လည်ခုခံရင်း အနမ်းစစ်ပွဲလေးတစ်ခုဖြစ်လာသည်.. အနမ်းတွေပြင်းထန်လာသလို ပွေ့ဖက်မှုတွေကလဲ တင်းကြပ်လာသည်.. သူမက ဦးချမ်းသာအောင်ကို ဆွဲခေါ်ရင်း တဖြည်းဖြည်နောက်ကို ဆုတ်လာသည်.. ကုတင်စောင်းနှင့် သူမခြေထောက်ထိမိချိန်တွင် နောက်ကို လှန်လှဲချလိုက်သည်.. ဦးချမ်းသာအောင်လဲ သူမနဲ့ထပ်လျက်လဲကျသွားသည်..။

တပြိုင်နက်ထဲပင် နှစ်ဦးသား တပတ်လှည့်လိုက်ကြရာ ဦးချမ်းသာအောင်က အောက်က သူမက အပေါ်ကဖြစ်သွားပြီး.. လျှိုု့ဝှက်အပ်သော အရာနှစ်ခုက တိုက်ရိုက်မဟုတ်သော်လည်း အဝတ်များခံကာထိတွေ့နေသည်.. ဦးချမ်းသာအောင်၏ ခန္ဓာကိုယ်ပြာင်းအလဲကို သူမသိရှိနေသည်.. ရုတ်တရက် သူမကအနမ်းတွေကို ရပ်တန့်လိုက်ပြီး .. “ကိုကြီး.. ချစ်လား..” “….” သူမက အောက်ကို အနည်းငယ်လျောကာ ဦးချမ်းသာအောင်၏ ရင်ဘတ်ပေါ်တွင် မျက်နှာအပ်ကာ အိပ်လိုက်သည်.. “ကိုကြီး .. ဖြေဦးလေ.. ” “ကိုယ်မချစ်တတ်ဘူး..” သူမအသံတိတ်သွားခဲ့သည်.. သူမက တချက်ရှိုက်လိုက်ပြီး.. “ကိုယ့်ကိုမချစ်တဲ့သူကို ဒီထက်ပိုပြီး အခွင့်အရေး မပေးချင်ဘူး..” “ဆောရီးး.. ကိုယ်တကယ်မချစ်တတ်တာ..” “ကိုကြီးကို ချစ်တတ်လာအောင် သင်ပေးရင်ကော.. ” “နှလုံးသားမရှိတဲ့လူတစ်ယောက်ကို သင်ပေးနေလဲ အပိုပါပဲ.. ” နွယ်နီ ဦးချမ်းသာအောင်၏ ကိုယ်ပေါ်မှ ဖယ်ခွာသွားပြီး ေစောစောက ဦးချမ်းသာအောင် ထိုင်ခဲ့သော ကုလားထိုင်တွင် သွားထိုင်ကာ ဆေးလိပ်တစ်လိပ်ကို ထုတ်ယူသောက်နေသည်.. စောစောကရမ္မက်တွေနှင့်ပြည့်နေသော လူသားနှစ်ဦးမှာ ယခုတည်ငြိမ်အေးခဲသွာသည်..ဦးချမ်းသာအောင် ကုတင်ပေါ်ကထကာ ဗီရိုအတွင်းမှ ညအိပ်အကျီနှစ်ထည်ကိုထုတ်ကာ နွယ်နီ့ကို တစ်ထည်ကမ်းပေးလိုက်သည်.. သူမက ဦးချမ်းသာအောင်ကို ကျောပေးကာ ညအိပ်အကျီကိုလဲဝတ်လိုက်သည်..။

ဦးချမ်းသာအောင်လဲ ရေချိုးခန်းထဲဝင်ပြီး ကိုယ်လက်သန့်ရှင်းရေးလုပ်လိုက်သည်.. သူပြန်ဝင်လာတော့ နွယ်နီက ကုတင်ပေါ်တွင်လှဲနေသည်.. သူမရဲ့ပင်ကိုယ်ဟန်အတိုင်းမျက်နှာတည်တည်ဖြင့် မျက်နှာကျက်ကိုငေးနေသည်.. သူပြန်ဝင်လာသံကြားတော့ သူ့ဘက်ကိုလှည့်ကြည့်ကာ “ကိုကြီး.. နွယ်နီအိပ်ချင်ပြီ..” “အင်း.. အိပ်တော့လေ..” “ကိုကြီးရဲ့ရင်ခွင်ထဲမှာ အိပ်ချင်တာ.. ” ဦးချမ်းသာအောင်လဲ နွယ့်နီ့ဘေးတွင်ဝင်အိပ်လိုက်ပြီး နွယ်နီ့ကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်.. သူမ၏ လက်တစ်ဖက်က ဦးချမ်းသာအောင်၏ ညအိပ်အကျီအတွင်းထိုးထည့်ကာ ဦးချမ်းသာအောင်၏ ရင်ဘတ်ကို ပွတ်ပေးနေသည်.. “ဆောရီးး နော် ကိုကြီး.. စိတ်အနှောင့်အယှက် ဖြစ်သွားလား.. ” “ရပါတယ်.. ကိုယ်လဲတောင်းပန်ပါတယ်..ကိုယ်မလိမ်ချင်လို့ပါ..” “ညီမလေ.. ဘယ်သူဆီကမှ ဘာမှမမျှော်လင့်ဘူး.. ဘာမှလဲမလိုချင်ဘူး.. ညီမ.. အချစ်ပဲလိုချင်တာ.. ” စကားသံတွေတိတ်ဆိတ်ကုန်သွားသည်.. အသက်ရှူသံတွေက မပြင်းလှသော်လည်း… တိုးတိုးငြင်းငြင်းလေးကြားနေရသည်..။

“ကိုကြီး.. လိုချင်နေတာလား..” “မင်း လိုအပ်တာကို ကိုယ်မပေးနိုင်ခဲ့တဲ့အတွက်.. ကိုယ် လိုအပ်တာကို မဖြည့်ပေးပါနဲ့.. ” စကားအဆုံးမှာ နွယ်နီ့ရဲ့လက်က တဖြည်ဖြည်းအောက်ဆင်းလာသည်.. ဦးချမ်းသာအောင်ရဲ့ ဗိုက်သားများကို အသာအယာပွတ်သပ်ပေးနေသည်.. လှုုံ့ဆော်မှုအတိုင်း တုံ့ပြန်လေ့ရှိသော ခန္ဓာကိုယ်က အလိုက်ကမ်းဆိုးမသိစွာ ပြောင်းလဲလာသည်.. နွယ်နီ့လက်တွေက ပိုပိုပြီးနိမ့်ဆင်းလာသည်.. ဦးချမ်းသာအောင်က နွယ်နီ့လက်လေးကို အသာအယာဆုပ်ကိုင်ပြီး ခေါင်းခါပြလိုက်သည်.. နွယ်နီက သူ့အား နှစ်လိုစွာပြန်လည်ပြုံးပြပြီး သူ့မရဲ့လက်ကို ရုန်းလိုက်သည်.. “ငြိမ်ငြိမ်လေးနေ.. မျက်စိမှိတ်ထားနော်.. ” သူမလက်က မထိတွေ့သင့်သောအရာတစ်ခုကို ထိကိုင်လိုက်စဉ်တွင် ဦးချမ်းသာအောင် တချက်တွန့်သွားသည်.. နွေးထွေးသော လက်တစ်ဖက်၏ ဆုပ်ကိုင်မှုကြောင့် နှလုံးသွေးတွေ ဆူပွက်လာသည်.. သူမ၏ သာယာပျော့ပြောင်းသော လှုပ်ရှားမှုနောက်သို့ ဦးချမ်းသာအောင် စီးမျောသွားသည်.. သူမက ဦးချမ်းသာအောင်နားရွက်တစ်ဖက်ကို လျှာဖျားလေးနှင့် အသာအယာတို့ထိလိုက်သည်.. ခံစားမှုကို စည်းချက်မြှင့်လိုက်သဖြင့် ဦးချမ်းသာအောင်က သူမ၏ နှုတ်ခမ်းဖူးဖူးလေးကို ဆွဲယူနမ်းရှိုက်လိုက်သည်.. ဦးချမ်းသာအောင်၏ လက်တစ်ဖက်က နွယ်နီ့ ရင်သားဆီသို့ လှမ်းလာခဲ့သည်.. သူ့လက်နှင့် သူမရင်သားထိတွေ့ချိန်တွင် သူမကျောလေးကော့သွားသည်.. အထက်စုန်ဆန်လှုပ်ရှားမှုကို မရပ်တန့်လိုက်သော်လည်း အနမ်းတွေ ရပ်သွားသည်.. “အိ.. ကိုကြီးရယ်..” သူမ၏ ရင်သားတွေက နူးညံ့လွန်းနေသည်..။

လက်ဖြင့်အသာအယာ ပွတ်သပ်လိုက်ချိန်တွင် သူမရဲ့လက်လှုပ်ရှားမှုပိုမိုသွက်လက်လာသည်.. သူမ၏ နို့သီးခေါင်းလေးကို ထိတွေ့သွားချိန်တွင် သူမက ဦးချမ်းသာအောင်ကို မွတ်သိပ်စွာ နမ်းလိုက်သည်.. ဖိုမလူသားနှစ်ဦး၏ စိတ်ခံစားမှုနှစ်ခုက ပေါင်းစည်းသွားသည်.. ဦးချမ်းသာအောင်ရဲ့ လိုအပ်ချက်တစ်ခုကို သူမ တတ်နိုင်သမျှဖြည့်ဆည်းပေးနေသည်.. ခနကြာတော့ “နွယ်နီ ..ဖယ်လိုက်တော့နော်.. ” “အင်း..” နှုတ်ဖျားက နာခံလိုက်သော်လည်း သူမလက်လှုပ်ရှားမှုကိုတော့ မလျော့ချပေခဲ့.. “အ့…အား…” ဦးချမ်းသာအောင်၏ ခံစားမှုမှဖြစ်ပေါ်လာသောအရာများ ပေါက်ကွဲထွက်လာခဲ့သည်.. “နွယ်နီရယ်.. ” “အင်း..” နှုတ်ဖျားက နာခံလိုက်သော်လည်း သူမလက်လှုပ်ရှားမှုကိုတော့ မလျော့ချပေခဲ့.. “အ့…အား…” ဦးချမ်းသာအောင်၏ ခံစားမှုမှဖြစ်ပေါ်လာသောအရာများ ပေါက်ကွဲထွက်လာခဲ့သည်.. “နွယ်နီရယ်.. ” ဦးချမ်းသာအောင်က နွယ်နီ့ဆံပင်လေးတွေကို ယုယစွာ ပွတ်သပ်ပေးလိုက်သည်.. “ကိုကြီး .. ညီမ အကုန်းမပေးနိုင်တာကို နားလည်ပေးနော်.. ” “အင်း.. ကိုယ်ကျေနပ်ပါတယ်.. ” သူမ၏ နှုတ်ခမ်းလေးကို တချက်နမ်းလိုက်ပြီး.. “အိပ်တော့နော်…” ခနလေးပါပဲ.. တကယ်ကို ခနလေးအတွင်းမှာပင် သူတို့အိပ်ပျော်သွားခဲ့သည်။မနက် သူတို့ဟိုတယ်က ထွက်လာတော့ အလင်းရောင်ကောင်းကောင်းမရသေး.. “တော်သေးတယ်.. ညက အဝတ်အစားတွေ လဲထားမိလို့.. နို့မိုဆိုရင်.. ” သူမဘာသာတစ်ယောက်ထဲပြောပြီး ပုခုံးတစ်ချက်တွန့်လိုက်သည်.. “ကိုကြီး.. ညီမ ဈေးရှေ့မှာပဲ ဆင်းလိုက်မယ်.. မနက်စောစော ဈေးသွားတဲ့ပုံနဲ့ အိမ်ကိုပြန်လိုက်မယ်..” ဈေးနားမရောက်ခင်မှာ နွယ်နီက ဦးချမ်းသာအောင်၏ လက်မောင်းပေါ် အနမ်းတစ်ခုချွေချလိုက်သည်..။

“နှုတ်ခမ်းကိုနမ်းချင်တာ .. သိလား.. ” ဦးချမ်းသာအောင်လဲ အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး ရုံးကို ထွက်လာခဲ့သည်.. နည်းနည်း စောနေသေးသဖြင့် ရုံးမှာ ဘယ်သူမှမရောက်သေး.. ဦးချမ်းသာအောင်က သူ့တွင်ရှိသော သော့ဖြင့် ရုံးခန်းဖွင့်ကာ လုပ်စရာရှိတာတွေ လုပ်နေလိုက်သည်.. နာရီဝက်ခန့်ကြာတော့ သူ့အခန်းထဲကို တစ်စုံတစ်ယောက်ဝင်လာသည်.. သူမော့ကြည့်လိုက်တော့ .. “ဂွတ်မောနင်း ဆရာ.. ကော်ဖီလာပို့တာ..” “ငါရောက်နေတာ မင်းဘယ်လိုသိလဲ.. ” “ဆရာကလဲ .. ဆရာ့ကားရုံးရှေ့မှာ ရပ်ထားတာကြီးကို..” ဦးချမ်းသာအောင်ပြုံးမိသည်.. “ဒီနေ့ကော်ဖီ ပိုကောင်းမယ်နဲ့တူတယ်..” “ဘာလို့လဲဆရာ..” “…..” ပြန်မဖြေဖြစ်တော့သဖြင့် မိုးမိုးသဲလဲ အခန်းထဲက ထွက်သွားသည်.. ကော်ဖီရနံ့ထက် ပို၍ချိုမြသော သူမရဲ့ ရေမွေးနံ့နှင့် သနပ်ခါးနံ့ကတော့ အခန်းထဲမှာ ကျန်ခဲ့သည်.. ခနနေတော့ သူ၏ ဖုန်းကို မက်ဆေ့ တစ်စောင်ဝင်လာသည်.. (ဘာလို့ မျက်နှာတည်ကြီးနဲ့နေတာလဲ.. ဆရာပြုံးနေရင် ပိုကြည့်ကောင်းတယ်..) ဦးချမ်းသာအောင် ထပ်ပြုံးမိပြန်သည်.. နေ့ခင်းမှာ ဦးချမ်းသာအောင်ဆီ ရုံးချုပ်က ဖုန်းဆက်သည်.. ပုဂ္ဂိုလ်ရေးခင်မင်မှုအရ စာရင်းစစ်ဝင်မည့်ကိစ္စကို ကြိုတင်သတိပေးရန်အတွက်ဆက်ခြင်းဖြစ်သည်.. “စိုးသာရေ.. ရုံးအုပ်ကြီးနဲ့ ကွန်ပျူတာစာရေးကိုခေါ်ကွာ.. ပြီးတော့ မှတ်တမ်းထိန်းပါခေါ်..” ခနကြာတော့ သူတို့ရောက်လာသည်..။

“ကျွန်တော်တို့မြို့နယ်ကို စာရင်းစစ် ဝင်ဖို့ရှိတယ်.. အဲ့ဒါ စာရွက်စာတမ်းတွေ၊ စာရင်းဇယားတွေတိတိကျကျဖြစ်အောင် လုပ်ထားရမယ်.. ရုံးအုပ်ကြီး အရင် နှစ်ချူပ်စာရင်း တွေက ဌာနစိတ်အလိုက်က စာရင်းတွေ၊ ဦးစီးဇယားတွေ ကွန်ပျူတာထဲမှာ ရှိသေးလား..” “ဆရာ.. ကွန်ပျူတာက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှရတာ.. အရင်ကတော့ လက်နှိပ်စက်နဲ့ပဲ ရိုက်တာ..” “မှတ်တမ်းထိန်းကြီးက မှတ်တမ်းတွေ ပြန်ရှာပေး.. စာရွက်အတိုင်းထားရင် ပျက်စီးမှာပဲ.. ဒါကိုကျွန်တော်တို့က ဆော့ ကော်ပီ နဲ့ပါ ပြုစုပေးထားရမယ်လို့ ညွန်ကြားထားတယ်.. အပြင်ဆိုင်တွေကို မအပ်စေချင်ဘူးဗျာ.. နည်းနည်းတော့ပင်ပန်းမယ်.. ကဏ္ဍအလိုက် ပြန်ပြုစုတာပေါ့… လိုအပ်ရင် ကျွန်တော့် လက်တော့စ် ပါယူသုံး..ကဏ္ဍအလိုက် လူခွဲလုပ်လိုက်ရင် အဆင်ပြေမှာပါ.. အဆင်မပြေတာပြန်ပြောလေ.. ” လုပ်စရာရှိတာတွေကို ညှိနှိုင်းပြီးတော့ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ခိုင်းလိုက်သည်.. “ဆရာ .. ဆရာ့ လက်တော့စ် လာယူတာ ..” “အေး.. မင်းကူရိုက်ပေးမှာလား..” “ဟုတ်..” လက်တော့စ် ယူပြီး သူမထွက်သွားသည်.. ခနနေတော့ မက်ဆေ့ ဝင်လာသည်.. (ဆရာ.. လော့နံပါတ် ပြောဦးလေ.. နို့မိုဆို ဟိုနေ့ကလိုပဲ ဖိုင် အလွတ်ကြီး လာတင်ရမှာ..) (ကိုယ်တိုင်လာမေး..) ဘာရယ်မဟုတ်.. စာတစ်ကြောင်းပြန်ပို့လိုက်သည်.. ခနနေတော့ သူမအခန်းထဲဝင်လာသည်.. သူမမျက်နှာက ပြောင်စပ်စပ်နဲ့ လျှာလေးထုတ်ပြပြီး.. “ဆရာ…လော့နံပါတ်က..” “ကိုကို” “ဟွန့် .. လော့နံပါတ် ကြီးကလဲ..” ချစ်စဖွယ်နှာခေါင်းလေးရှုံ့ပြပြီး ပြန်ထွက်သွားသည်.. ဦးချမ်းသာအောင်ရင်ထဲမှာတော့ တစ်ခုခုကျန်ခဲ့သည်.. “ဆရာ.. စီမံဘဏ္ဍာနဲ့ပတ်သက်တာတွေ နှစ်အလိုက် လုပ်ပြီးသွားပြီ.. ဆရာစစ်ကြည့်ဖို့ မူကြမ်းထုတ်လာတယ်..။

” “အင်း ..ထားခဲ့လေ ..” ဦးချမ်းသာအောင် ဖတ်ကြည့်လိုက်တော့ အမှားတော်တော်များများကို တွေ့ရသည်.. “စိုးသာရေ..မိုးမိုးသဲကို သွားခေါ်လိုက်..” ဦးချမ်းသာအောင်က မှားတာတွေကို တခါထဲ ပြင်ရိုက်ခိုင်းသည်.. ဒီလိုနဲ့ပဲ ရုံးဆင်းချိန်ကျော်သွားသည်.. “မိုးမိုးသဲ.. မင်းအဆင်ပြေရဲ့လား.. မနက်မှဆက်လုပ်မလား..” “ရပါတယ်ဆရာ.. ပြီးတော့မှာပဲ .. တခါထဲပဲဖြတ်လိုက်မယ်လေ..” စိုးသာက “ဆရာ.. ကျွန်တော် ကလေးကို ဆေးခန်းသွားပြချင်လို့ .. ပြန်နှင့်လို့ရမလား..” “ဟင်.. မင်းမှာကလေးရှိလား.. အိမ်ထောင်ကျတာမကြာသေးဘူးဆို..” “ခခ်.. ရှိတယ်ဆရာ..သူ့ကလေးက ၁၈ နှစ်သမီးလေ..” “ဟင်..” “မိန်းမကို ဆေးခန်းသွားပြမလို့ပြောတာပါဆရာ.. ” “ဟား.. အေးပါ..မင်းကလေးကို သေချာဂရုစိုက်ဦး.. သွားပါ .. သွားပါ ..” ၃ ယောက်စလုးံ ရယ်မိကြသည်.. မိုးမိုးသဲ ရယ်တော့သူ့ရဲ့ သွားထပ်ကလေးကို မြင်မိသည်.. ဦးချမ်းသာအောင်၏ စိတ်ထဲတွင် သူမရဲ့အလှ ပိုမိုပြည့်စုံသွားသလိုပင်.. စိုးသာထွက်သွားပြီး ၁၅ မိနစ်ခန့်ကြာတော့ မြန်မာနိုင်ငံ၏ မရိုးနိုင်သော ကိုရွေမီး ပျက်သွားသည်.. မိုးမိုးသဲက လိုက်ကာတံခါးများကိုထဖွင့်လိုက်သည်..။

“ဆရာ.. ပြတင်းပေါက်တံခါးတွေပါဖွင့်လိုက်ရမလား ..” ” မင်းလှောင်နေရင်ဖွင့်လိုက်လေ ..” “ရပါတယ်.. မဖွင့်တော့ပါဘူး.. မီးပျက်တာကြာမလားမသိပါဘူး.. ” “လက်တော့စ် အားရှိသလောက်ပဲ ဆက်လုပ်လိုက်လေ .. မီးပြန်မလာတော့လဲ နောက်နေ့မှဆက်လုပ်တာပေါ့..” ထင်တဲ့အတိုင်းပါပဲ မီးကပြန်မလာ.. “ကဲ .. မိုးမိုးသဲ ပြန်ရအောင်.. မနက်မှဆက်လုပ်မယ်.. ” “ဟုတ်..” သူမက စာရွက်စာတမ်းများကို စနစ်တကျစီပြီးလက်တော့စ် ကို အိတ်ထဲထည့်လိုက်သည်.. အခန်းလိုက်ကာကိုလဲ ပြန်ပိတ်လိုက်သည်.. “ဆရာ ထွက်နှင့်လိုက်.. သမီး မီးခလုတ်တွေ ပိတ်ထားမထားကြည့်ပြီး လိုက်လာခဲ့မယ် .. ” ဦးချမ်းသာအောင်က သူမကို တံခါးနားတွင် ရပ်စောင့်နေလိုက်သည်.. “ဆရာ… သွားနှင့်ပါဆို..” “လာလေ .. တူတူသွားမယ်.. ကိုယ့်အခန်းတံခါး သော့ခတ်ရဦးမယ်.. ” “ဟာ.. ဆရာသွားနှင့်ပါ..သမီးခတ်လာခဲ့မယ်..” “ဘာလုပ်စရာရှိသေးလို့လဲ.. ” “ဒီမယ် .. ဦးကိုကို.. ရှင်ကြီးတော်တော်တုံးတာပဲ.. ကျွန်မ လုံခြည်လေး ဘာလေး ပြင်ဝတ်ရဦးမယ်.. ” သူမက ခါးလေးထောက်ကာ စူပုတ်ပုတ်လေးပြောလိုက်သော်လည်း ဦးချမ်းသာအောင် မျက်နှာပူခနဲ့ဖြစ်သွားပြီး အခန်းထဲက ထွက်သွားသည်.. “ခစ်..” သူမ၏ ရယ်သံသဲ့သဲ့လေးက သူ့နောက်က ကပ်ပါလာသည်.. ညကျတော့ သူမဆီက မက်ဆေ့ တစ်စောင်ဝင်လာသည်.. (ဆရာ.. သွေ့ပုချိနော်.ဟိ) ဦးချမ်းသာအောင် သူမဆီဖုန်းပြန်ခေါ်လိုက်သည်..။

“ဘာလို့ ဦးကိုကိုလို့ခေါ်တာလဲ ” “ဆရာပဲ လော့နံပါတ် က ကိုကို ဆို.. ” “…..” “ဆရာ.. သမီးတစ်ခုပြောချင်လို့..” “ပြောလေ..” “ဆရာ.. ရုပ်တည်ကြီးနဲ့နေရင် သမီးအရမ်းစချင်တာပဲ..ဟီး” ထိုညက သူမနှင့် စကားတော်တော်ပြောဖြစ်သည်.. သာယာချိုမြသော သတ္တုသံများက သူအား ဖုန်းမချဖြစ်အောင် ညို့ငင်နေသလိုပင်.. “ညည့်နက်နေပြီ ကလေးမ .. အိပ်တော့.. ” “ဟုတ်..” ဦးချမ်းသာအောင် ဖုန်းချလိုက်ပြီ ကုတင်ပေါ်လှဲကာ မနက်ဖြန်လုပ်ရမည့် အလုပ်အကြောင်းကိုတွေးလိုက်သည်.. အလုပ်အကြောင်းတွေးနေရင်းမှ သူမအကြောင်းက သူ့အတွေးထဲကို မဆီမဆိုင်ဝင်လာသည်.. အတွေးတွေကို ခေတ္တမောင်းထုတ်ပြီး မျက်စိကိုမှိတ်လိုက်သော သူမရဲ့မျက်နှာလေးက သူ့မျက်လုံးထဲပေါ်လာသည်.. သူ့ဖုန်းမှ မက်ဆေ့ သံကြားသဖြင့် ကြည့်လိုက်မိသည်.. (ဂွတ်နိုက် ကိုကို.. စောစောကမပြောလိုက်ရလို့..) ဦးချမ်းသာအောင် ပြုံးမိသည်.. သူမဆီလဲ စာတစ်စောင် ပြန်ပို့လိုက်သည် .. (ဂွတ်နိုက် …အိမ်မက်လှလှမက်ပါစေ..) ဦးချမ်းသာအောင် သူ့ကိုယ်သူသိလိုက်သည်.. ညည့်နက်သည့်အထိ သူအိပ်ပျော်တော့မည်မထင်.. ညက ညည့်နက်သွားသော်လဲ မနက်ကျတော့ ကြည်ကြည်လင်လင်နိုးထလာသည်.. ရုံးသို့အသွား မက်ဆေ့ တစ်စောင်ဝင်လာသည်..။

ကားမောင်းနေလို့ သူဖွင့်မကြည့်မိပေ.. သူ့ရုံးခန်းထဲရောက်မှ ဖွင့်ကြည့်လိုက်တော့ .. (ဂွတ်မောနင်း ကိုကို) “ဆရာ .. မနေ့က ကျန်တာတွေ ဆရာ့အခန်းထဲမှာပဲ ဆက်လုပ်ရမလား..” “အေး..” သူမ၏ ကျင်လည်စွာ စာရိုက်နေပုံမှာ အချိုးအဆစ်ပြေပြစ်သော ကချေမတစ်ဦး ကနေသလိုပင်.. ဦးချမ်းသာအောင် ကြည့်ကောင်းကောင်းနဲ့ ကြည့်နေမိသည်.. “ဘာကြီးမှန်းလဲ မသိဘူး.. ရုပ်တည်ကြီးနဲ့.. ပြုံးတောင်မပြဘူး..ဟွန့်..” သူမက ဦးချမ်းသာအောင်ကို မကြည့်ပဲ စခရင်စ် ကိုကြည့်ကာ နှုတ်ခမ်းလေးထော်ပြီး တိုးတိုးလေးပြောလိုက်သည်.. ဦးချမ်းသာအောင် မပြုံးပြဖြစ်… ခနနေတော့ .. “ဆရာ.. ခနနော် .. ” ဟုခွင့်တောင်းကာ အခန်းပြင်ထွက်သွားသည်.. တော်တော်ကြာတဲ့အထိ သူမပြန်မရောက်လာသော်လဲ သူ့ဖုန်းထဲကို မက်ဆေ့ တစ်စောင်တော့ရောက်လာသည်.. (ပြုံးမပြရင် လုံးဝပြန်မလာဘူး.. ) ဦးချမ်းသာအောင်လဲ စာတစ်စောင်ပြန်ပို့လိုက်သည်.. (ပြန်လာ.. အလုပ်ပြီးအောင်လာလုပ်) (နိုး.. မလာဘူး.. ပြုံးပြမယ်ဆိုမှ. လာမယ်.) ခနကြာတော့ သူမ ကော်ဖီခွက်လေးကိုင်ကာ ဝင်လာသည်.. ကော်ဖီခွက်ကို စားပွဲပေါ်ချလိုက်ပြီး အံကြိတ်သံတိုးတိုးလေးဖြင့် .. “ပြုံးပြ..” ဦးချမ်းသာအောင်က ရုပ်တည်တည်ဖြင့် သူမကိုကြည့်ပြီး “အလုပ်ပြီးအောင်လုပ်..” သူမက ဆောင့်ကြီးအောင့်ကြီးပုံစံဖြင့် ခုံတွင်ဝင်ထိုင်ပြီး အလုပ်ဆက်လုပ်နေသည်..။

screen ကိုကြည့်ပြီး စောစောကလို အံကြိတ်ထားသော လေသံဖြင့် “ဒီလောက်မပြုံးချင်တာ .. နောက်နေ့ကော်ဖီထဲ ဝမ်းနှုတ်ဆေးထည့်လာခဲ့မယ်.. တွေ့မယ်..” ကလေးဆန်သည်မဟုတ်သော်လဲ ကလေးဆန်သလိုဖြစ်နေသည့် သူမပုံကိုကြည့်ပြီး ဦးချမ်းသာအောင်ပြုံးလိုက်သည်.. သူမက ဦးချမ်းသာအောင်ကို လှမ်းကြည့်လိုက်သည်.. သူလဲ သူမကို ပြုံးပြီးကြည့်နေလိုက်သည်.. နှစ်ဦးစလုံး၏ အကြည့်တွေက နက်ရှိုင်းပြီး မရှင်းပြသော်လဲ နှစ်ဦးသားနားလည်နေသည့် အဓိပ္ပါယ်အချို့ပျော်ဝင်နေသည် ခနကြာတော့ သူမက “ဆရာ .. ပြုံးနေရင် တကယ်ကြည့်ကောင်းတယ်..” ဟုတိုးတိုးလေးပြောကာ အကြည့်လွဲလိုက်သည်.. နှလုံးသားနှစ်ခုကြား စီးဆင်းနေသော လျှပ်စစ်စီးကြောင်းလေးလဲ ပြတ်တောက်သွားသည်.. ရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေ ပြင်ဆင်ပြီးသွားပေမယ့် ထုံးစံအတိုင်း သဲဖြူခင်း၊ ရာဇမတ်ကာ ၊ ထုံးသုတ် ၊ ကြပ်ခိုးလှဲဖြင့် တစ်ရုံးလုံးအလုပ်ရှုပ်နေကြသော်လဲ သူ၏ စားပွဲဆီသို့ ကော်ဖီတစ်ခွက်မှန်မှန်ရောက်လာသည်.. ဦးချမ်းသာအောင်က စစ်ဆေးရေးအဖွဲ့ကို ဂါရဂပြုလက်ဆောင်ကောင်းများဖြင့် ကြိုဆိုလိုက်သဖြင့် ထွေထွေထူးထူးမရစ်ပဲ အောင်အောင်မြင်မြင်ပြီးစီးသွားသည်..။

“ရုံးအုပ်ကြီးရေ.. အားလုံးလဲပင်ပန်းသွားကြပြီ.. ကျွန်တော် ဒီည ဆိုင်ကောင်းကောင်းတစ်ခုမှာ တစ်ရုံးလုံ ဒင်နာ လုပ်ပေးချင်တယ်..” “မလုပ်ပါနဲ့ ဦးစီးရယ်.. ဦးစီးလဲ ပိုက်ဆံတွေကုန်ထားတာမနည်းဘူး.. မလုပ်ပါနဲ့..” “ရပါတယ်ဗျာ.. စီစဉ်လိုက်ပါ.. ” “ဟုတ်ကဲ့ဦးစီး..” ညနေ ဒင်နာ သွားရန်အဝတ်လဲနေတုန်း စနိုးဆီက မက်ဆေ့ တစ်စောင်ဝင်လာသည်.. (ဦး.. ဖုန်းပြောလို့ရမလား..) ဦးချမ်းသာအောင်လဲ စနိုးဆီကို ဖုန်းခေါ်လိုက်သည်.. “ဦး .. အားလား..” “အင်း.. ” “ဦး .. ဟိုနေ့က ဆိုင်ကပိုက်ဆံရှင်းလို့ ဦးကိုပြန်ပေးရအောင်ဖုန်းဆက်တာ.. ဟိုလေ.. အကုန်တော့မဟုတ်ဘူး.. တစ်သိန်းလောက် ဦးကိုပြန်ပေးမလို့.. မနက်ဖြန်ထွက်ရက်လေ .. ဦးလာခေါ်မလား..” “အုါကေ လေ ..” “ဦး စောစောလာခေါ်နော်.. ” “အင်း..” “ဒါဆို ဒါပဲလေ.. အားမွေးထားနော် ဦး.. ဟိဟိ..” “အိုကေ.. မနက်ဖြန်တွေ့မယ်..” ဖုန်းချလိုက်တာနဲ့ နောက်ထပ်ဖုန်းဝင်လာသည်.. ရုံးအုပ်ကြီး ဆက်တာဖြစ်သည်.. “ဦးစီး.. အဆင်သင့်ဖြစ်ပြီ.. လူလဲစုံပြီ..” “စထားနှင့်လိုက်တော့.. ကျွန်တော်ခုမှ ထွက်လာမှာ.. စောင့်မနေနဲ့တော့..” “ဟုတ်ကဲ့ ဦးစီး..” ဦးချမ်းသာအောင် ဆိုင်ကိုရောက်တော့ ဝိုင်းနှစ်ဝိုင်းခွဲထားသည်ကို တွေ့လိုက်ရသည်.. အမျိုးသမီးဝိုင်းကိုလှမ်းကြည့်လိုက်တော့ မိုးမိုးသဲက အဖြူရောင်ွယ်တာပါးပါးလေးကိုဝတ်လာသည်..။

သူမအသားအရည်နှင့် လိုက်ဖက်လှသည်.. “ရုံးအုပ်ကြီး.. နည်းနည်းပါးပါး လုပ်တတ်တယ်မလား .. ပုလင်းမှာလိုက်လေ..” “နည်းနည်းတော့ရတယ်.. ဦးစီးဘာသောက်မလဲ..” “ချီဗတ်စ် ပဲမှာလိုက်ပါ..စိုးသာ.. အမျိုးသမီးဝိုင်းက လိုတာမှာပေးလိုက်ပါ..” ထုံးစံအတိုင်း စသောက်စမှာ အရှိန်မရသေးသောကြောင့် ငြိမ်နေကြပေမယ့် အရှိန်ရလာတော့ အသံတွေကျယ်၊ ပတ်ဝန်းကျင်ကို မေ့လာကြသည်.. ဦးချမ်းသာအောင် အမျိုးသမီးဝိုင်းဘက်ကို ကြည့်လိုက်တော့ မိုးမိုးသဲက သူ့ကို နှာခေါင်းရှုံ့ပြသည်.. “ဦးစီး.. ကျွန်မတို့ပြန်နှင့်တော့မယ်..” “ဪ..ဟုတ်ကဲ့ပါ..စားရတာကော အဆင်ပြေရဲ့လား.. ” “ပြေတယ်ဦးစီး.. စားလို့လဲကောင်းတယ်.. ကျေးဇူးတင်ါတယ်” “ရပါတယ်ဗျာ..” “ဟုတ်ကဲ့ .. ခွင့်ပြုပါဦးရှင့်..” အမျိုးသမီးဝိုင်းက ခွင့်တောင်းပြီး ပြန်သွားကြသည်.. ဦးချမ်းသာအောင်လဲ ဆူညံကျယ်လောင်စွာ စကားပြောနေသံတွေကို နားမထောင်ချင်တော့.. ၁ဝ မိနစ်လောက်ဆက်ထိုင်ပြီးတော့.. “ကျွန်တော် မနက် ဂေါက် ရိုက်ဖို့ချိန်းထားလို့ဗျာ.. ပြန်လိုက်တော့မယ်..။

ရုံးအုပ်ကြီး ..ဒီမှာ ပိုက်ဆံ .. လိုတာထပ်မှာကြ.. အေးဆေးသောက်ကြပေါ့ဗျာ..” “ဟုတ်ကဲ့ ဦးစီး.. ကျွန်တော်မနက်ကျရင် ဘေလ် နဲ့ပိုတာ ပြန်လာပေးမယ်လေ.. ” “ရပါတယ် တနင်္လာနေ့မှ ပေးတော့.. ကဲ..အားလုံးပဲ ခွင့်ပြုဦး..” အပြင်ရောက်တော့ ရာသီဥတုက အေးနေပြီ.. အရက်ထပ်သောက်ချင်စိတ်က ရှိနေလို့ ဆိုင်တစ်ဆိုင်မှာ ပုလင်းတစ်လုံးဝယ်ပြီး အိမ်ကိုပဲ ပြန်လာခဲ့လိုက်သည်.. အိမ်ရောက်တော့ ဖုန်းကို အသံပိတ်ထားတာ ပြန်ဖြုတ်ရင်း ကြည့်မိတော့ မက်ဆေ့ တွေရောက်နေတာ တွေ့ရသည်.. (ကိုကို အရက်သမားကြီး) (ကိုကို ပြန်သေးဖူးလား) ဦးချမ်းသာအောင်က ပြန်ရောက်နေပြီဖြစ်ကြောင်း စာပြန်ပို့လိုက်တော့ သူမဆီက ဖုန်းဝင်လာသည်.. “ကိုကို ပြန်လာတာစောသားပဲ ဟီး … ဆရာ့ကို စရင်း ကိုကိုလို့ခေါ်တာ နှုတ်ကျိုးတော့မယ်..” “…” “ကိုကို.. ကိုကို.. အရက်သမားကြီး..” “…. ” “ဟာ.. ကိုကို.. ပြန်ပြောလေကွာ..” “မင်းကတော့ … တကယ်ပါပဲ..” “ဘာလဲ.. မင်း..မင်း..နဲ့ မကြိုက်ပါဘူး..မခေါ်နဲ့..” “ဒါဆို ဘယ်လိုခေါ်ရမလဲ .. ” “မင်း..မင်း..ဆိုတာကြီးကလွဲရင် ကြိုက်သလိုခေါ်..” “သဲ..” “ဟင်.. အဲ့လိုခေါ်မလို့လား.. အားး.. ဘာကြီးလဲ.. ဒါပဲ..ဒါပဲ သူမအော်ဟစ်ပြီး ဖုန်းချသွားသည်..။

ဦးချမ်းသာအောင် ေဆေးလိပ်တစ်လိပ်ကို ထိုတ်ယူမီးငြိပြီး ရှိုက်သွင်းလိုက်သည်.. မီးခိုးငွေ့တွေနှင့်အတူ သူမအကြောင်းအတွေးထဲရောက်ဘာသည်.. “ဟူး..” မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ချိန်တွင် အတွေးထဲမှ သူမအကြောင်းပြန်ပါမသွားပဲ သူ့ရင်ဘတ်တစ်နေရာတွင် ခိုအောင်းကျန်နေခဲ့သည်.. ဟိုတယ်ခန်းအတွင်း လူသားနှစ်ဦး ကမ္ဘာဦးက မစားကောင်းသောအသီးကို ခူးဆွတ်ရန် ကြိုးပမ်းနေကြသည်.. မွတ်သပ်သောအနမ်းရိုင်းများနှင့်အတူ ခန္ဓာကိုယ်ပေါ်က အဝတ်တွေကို ဖယ်ခွာနေကြသည်.. “ဦးရယ်.. ဦးရဲ့အနမ်းတွေကို သတိရလိုက်တာ..” ဦးချမ်းသာအောင်က သူမကိုဆွဲလှည့်လိုက်ပြီး နောက်ကနေသိုင်းဖက်ထားသည်.. လက်တွေက သူမရင်သားတွေပေါ်ပြေးလွားနေပြီး နှုတ်ခမ်းကတော့ သူမနားရွက်နှင့် ဂုတ်သားတွေကို ထိတွေ့နမ်းရှိုက်နေသည်.. ဦးချမ်းသာအောင်၏ လက်တစ်ဖက်က သူမ၏ ပန်းပွင့်ပေါ်မှနှင်းရည်စက်တွေကို ထိတွေ့မိချိန်တွင် “အ့… ဦး.. သမီး ဖြစ်လာပြီ..” သူမက ဦးချမ်းသာအောင်၏ ကိုယ်ခန္ဓာတစ်နေရာကို အလွာပါးတစ်ခုဖြင့် ဖုံးအုပ်ပေးလိုက်ပြီး “နေရအောင်ကွာ.. လိုချင်နေပြီ.. ” ဦးချမ်းသာအောင်က သူမကို နောက်တခါဆွဲလှည့်လိုက်ပြန်သည်.. အလိုက်သိလွန်းသောသူမက ဦးချမ်းသာအောင်ဆန္ဒကို သဘောပေါက်လိုက်ပြီး လက်နှစ်ဖက်ကို နံရံကိုလှမ်းထောက်လိုက်သည်..။

အကြိမ်ကြိမ်လျှောက်ခဲ့ဖူးသော လမ်းတစ်လမ်းပေါ် နှစ်ဦးသားထပ်ရောက်သွားပြန်သည်.. လျှောက်နေကြလမ်းဖြစ်နေတော့ ခလုတ်ကန်သင်းများကို အလွယ်တကူဖြတ်ကျော်နိုင်ခဲ့ပြီး ကိုယ်ခန္ဓာနှစ်ခုပေါင်းစပ်မိသွားချိန်တွင်.. “ရှီး..ဦးရယ်.. ကောင်းလိုက်တာ..အ့ .. ” ဦးချမ်းသာအောင်က ခပ်ကိုင်းကိုင်းဖြစ်နေသော သူမပုခုံးနှစ်ခုကို လှမ်းကိုင်လိုက်သည်.. နှင်းရည်များနှင့်ပြည့်နေသော ပန်းလေးတစ်ပွင့်ပေါ် ပျံဝဲနေသော ဝတ်ရည်စုပ်ငှက်ရဲ့ တောင်ပံခတ်သံတွေက မပြင်းထန်သော်လည်း မြန်ဆန်လွန်းနေသည်.. “အာ့. အင့်..အီး..ဦး.. ဦး.. ရှီး.. ကောင်းလိုက်တာ ဦးရယ်.. အ့.. ရှီး.. ကြမ်းတော့ကွာ.. ကြမ်းကြမ်း..” အောက်နှုတ်ခမ်းလေးကို ကိုက်ကာငြီးတွားနေသော သူမရဲ့အသံက ဦးချမ်းသာအောင်၏ ရမ္မက်ဇောကို လောင်စာလောင်းနေသလိုပင်.. “အိုး.. ရှီး.. ဦး ကြမ်းတာတွေကို သမီးလွမ်းနေတာ.. အီး.. အ့..” ရမ္မက်ဆိုတဲ့လေနီကြမ်းတိုက်ခိုက်လာသောကြောင့် ဝတ်ရည်စုပ်ငှက်ရဲ့ တောင်ပံခတ်နှုန်းတွေလျော့ချလိုက်ပြီး တောင်ပံခတ်တဲ့ အားမာန်ကိုတော့ တိုးမြှင့်လိုက်သည်.. “အိ..ရှီး.. ဦး.. ကောင်းတယ်.. အ့.. တချက်..အ့..ချင်း.. ကြမ်းကြမ်း.. အီး.. ကြမ်းကြမ်းကြီး..အ့.. လုပ်.. အီး..” သူမ၏ ပုခုံးပေါ်တင်ထားသော ဦးချမ်းသာအောင်၏ လက်တစ်ဖက်ကို သူမရင်သားတွေကို ထိတွေ့နိုင်ရန် ဆွဲယူလိုက်သည်.. “ဦး.. အား.. ကောင်းလား.. အီး.. ကောင်းလားဟင်.. ” “အင်း……” “အာ့.. သမီး.. လဲ.. အရမ်း.. အ့…ကောင်းတယ်.. အင့်..” ဖိုမကွာခြားချက်အတိုင်း စိတ်၏ လှုံဆော်မှုကို ခန္ဓာကိုယ်က တုံ့ပြန်မှုမှာလဲ မတူညီပေ.. သဘာဝတရားရဲ့အလိုတော်အတိုင်း ရမ္မက်ဇော၏ လှုံဆော်မှုကြောင့် တစ်ဦးမှာ မာကျောပြင်းထန်လာချိန်တွင် တစ်ဦးမှာတော့ စိုစွတ်နူးညံ့လာရသည်..။

“အီ.. ဦး.. အ့.. သမီးအလှည့်.. ရှီး…” ခရီးတစ်ခုကို အတူလျှောက်နေသူအချင်းချင်း ဖေးမတတ်သော သူမ၏ အလိုက်သိမှုကို အသိအမှတ်ပြုတဲ့အထိမ်းအမှတ်အဖြစ် သူမ၏ နားရွက်လေးကို နမ်းရှိုက်လိုက်သည်.. နားလည်မှုရှိသော ကစားသမားများလို အချိန်အနည်းငယ်အတွင်းမှာပဲ ကိုယ်န္ဓာနှစ်ခုပြန်လည်ပေါင်းစပ်သွားပြန်သည်.. သူမက သူ၏ ရင်ဘတ်ပေါ် လက်ထောက်လိုက်ပြီး.. အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်.. “ဦး.. သမီး.. ကြမ်းကြမ်းကြီး လုပ်မယ်နော်..” အစပိုင်းတွင် သူမ၏ လှုပ်ရှားမှုက သတ်ကွင်းအတွင်းဝင်လာသော ရန်သူကို မျှားတစ်စင်းချင် ထိုင်ပစ်နေသော စစ်ဘုရင်မ .. တဖြည်ဖြည်းနှင့် သူမ၏ လှုပ်ရှားမှုက စစ်မာန်တက်လာသော စစ်ဘုရင်မ၏ ကြမ်းတမ်းသော ထိုးနှက်ချက်တွေအဖြစ်ပြောင်းလဲလာသည်.. စစ်ပရိယာယ် ကြွယ်ဝသော စစ်ဘုရင်မ၏ အဝှေ့အဝိုက်.. အနွဲ့အယိမ်းအောက်တွင် ဦးချမ်းသာအောင် တဖြည်းဖြည်းကျဆုံးလာသည်.. “အာ့.. အ.. ကောင်းတယ်.. စနိုး..အဲ့အတိုင်းလေး..အ့..” သူမက ဦးချမ်းသာအောင်ပေါ်မှောက်ချပြီး ဦးချမ်းသာအောင်၏ နှုတ်ခမ်းတွေကို စုပ်နမ်းလိုက်သည်.. လှုပ်ရှားမှုကိုလည်း ရပ်တန့်လိုက်သည်… သူမက သူ့အား အလှည့်ပေးလိုက်ခြင်းပင်.. ဦးချမ်းသာအောင် သူမမျက်နှာကိုကြည့်လိုက်သည် .. သူ့ရဲ့အကြည့်က ကြိုးဝိုင်းအတွင်းဝင်လာသော မိမိပြိုင်ဖက်ကို ကြည့်သည့်အကြည့်မျိုး.. ထို့နောက် သူမကို တင်းတင်းဖက်ထားပြီး တပတ်လည့်လိုက်သည်..။

သူ၏ အားမန်ပါသော တဖက်သက်ထိုးနှက်မှုအောက်တွင် သူမမှာ အလူးအလဲ .. သူမက ဦးချမ်းသာအောင်၏ ရင်ဘတ်ကို လက်သည်းများဖြင့် ကုတ်ခြစ်ပြီး “အင့်.. ကောင်းတယ်.. ဦး .. ရှီး.. ပြင်းပြင်း.. ကြမ်းကြမ်းကြီး လုပ်တော့ကွာ ..” သူမရဲ့တောင်းဆိုမှုအသံက ဦးချမ်းသာအောင်၏ ရမ္မက်လှိုင်းကို ခလုတ်ဖွင့်ပေးလိုက်သလိုပင်.. “အား.. အီး.. သမီး.. ကြိုက်တယ်.. ဦး.. အီး.. လုပ်ကွာ.. ဦးရယ်.. အီး..ရှီး.. အား.. ကောင်းလိုက်တာ..ဦး.. ဦး.. ..အင့်.. ” ဦးချမ်းသာအောင်၏ အာရုံတွင် ခရီးလမ်းဆုံးကို အတူရောက်ဖို့မှလွဲပြီး ဘာမှမရှိတော့.. သူမသည်လည်း ပန်းတိုင်မြင်နေရသည့် အပြေးမယ်တစ်ယောက်ရဲ့တက်ကြွခြင်းမျိုးဖြင့် တုံ့ပြန်လာသည်.. “ဦး.. ဦး.. အီး..အ့ာ. ဆောင့်.ကွာ… ရှီး.. သမီး ဖြစ်တော့မယ်.. ရှီး .. ကြမ်းကြမ်းကြီးလုပ်ကွာ.. ” “အီး .. သမီး.. ဖြစ်တော့မယ် အာ့.. ကောင်းတယ်.. ဦး.. လုပ်.. အား..ဖြစ်ပြီ..အ့.. ပြီးပြီ” “အား.. ကိုယ်လဲ ပြီးပြီ. အ့..” ရမ္မက်ဒီရေအတက်တွင် အခန်းငယ်လေးအတွင်း လူသားနှစ်ဦး ဝုန်းဒိုင်းကြဲသွားခဲ့သော်လည်း ရမ္မက်၏ ဘေးထွက်ပစ္စည်းများ နှစ်ဦးသား၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာချိန်တွင် နှစ်ဦးသားစလုံးရဲ့ အသက်ရှူသံပြင်းပြင်းများကလွဲလို့ အခန်းငယ်လေး ပြန်လည်တိတ်ဆိတ်သွားသည်.. နှစ်ဦးသားခဏ အမောဖြေပြီးတော့.. “ဦး.. သန့်ရှင်းရေး သွားလုပ်ရအောင်..” နှစ်ဦးသားရေချိုးခန်းထဲရောက်တော့ သူမက ဦးချမ်းသာအောင် ညစ်ပတ်နေတာကို တယုတယဆေးပေးသည်.. “ကိုယ်ရေချိုးချင်တယ်.. ” “သမီးလဲချိုးမယ်..တူတူချိုးရအောင်..” ရေပန်းအောက်ရှိ အဝတ်မဲ့လူသားနှစ်ဦးက ရေချိုးသန့်စင်ရင်း ပွတ်သပ်ကျီစယ်နေသည်..။

သူမက ဦးချမ်းသာအောင်ရဲ့ကျောပြင်ကို ဆပ်ပြာတိုက်ပေးပြီးနောက် နောက်ကနေသိုင်းဖက်လိုက်သည်.. ထို့နောက်ခြေဖျားထောက်ပြီး ဦးချမ်းသာအောင်ရဲ့ နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်သည်.. “ဦးကျောကို ချေးတွန်းပေးမယ်..ဟိ” စကားဆုံးသည်နှင့် ဦးချမ်းသာအောင်၏ ကျောပြင်ကို သူမ၏ ရင်သားများဖြင့် ထက်အောက်စုန်ဆန်ဝှေ့ဝိုက်ကာ ပွတ်သပ်လိုက်သည်.. နူးညံ့သော ထိတွေ့မှုကြောင့် ဦးချမ်းသာအောင်ကျောတချက်ကော့သွားတော့ သူမက သူရင်ဘတ်ကို ဖက်ကာဆွဲယူလိုက်သည်.. သူမ၏ လက်နှစ်ဖက်က သူ၏ ရင်ဘတ်ပေါ်တွင် ပြေးလွားဆော့ကစားနေပြီး တချက်တချက် သူ၏ နို့သီးခေါင်းများကို တို့ထိဆော့ကစားလိုက်သည်.. “အာ့..အ့…” ဦးချမ်းသာအောင်၏ နှုတ်မှ အသံထွက်သွားရလောက်အောင် ထိတွေ့မှုက ကောင်းလွန်းနေသည်.. သူမလက်တွေက အောက်ကိုဆင်းလာပြီး ဦးချမ်းသာအောင်၏ ဗိုက်သားများကို ပွတ်လိုက်၊ လက်သည်းချွန်ချွန်လေးများဖြင့် ဖွဖွလေးကုတ်ခြစ်လိုက် ကစားနေသည်… “ဦး.. ဘယ်လိုလဲ.. ” “အင်း..” သူမလက်တွေက တဆင့်ထပ်ဆင်းလာသည်.. သူမ၏ ကနဦးနှိုးဆွမှုမှာပင် ဦးချမ်းသာအောင်၏ စိတ်တွေ မာကျောပြင်းထန်နေပြီးဖြစ်သည်.. “ဟယ်.. ဦး ပြန်ဖြစ်နေပြန်ပြီ..” ဦးချမ်းသာအောင်က ရေပန်းခလုတ်ကိုဖွင့်လိုက်ပြီး သူမဘက်ကိုလှည့်လိုက်သည်.. သူမက ဦးချမ်းသာအောင်၏ လည်ပင်းကို တွဲခိုကာ နမ်းလိုက်သည်.. ညင်သာသောအနမ်းဖြင့်အစပြုခဲ့သော်လည်း ရမ္မက်လှိုင်းထန်လာသည်နှင့်အတူ အနမ်းတွေလဲ ကြမ်းတမ်းပြင်းထန်လာသည်.. သူမက ရုတ်တရတ် အနမ်းတွေရပ်လိုက်ပြီး သူ၏ မေးဖျားအား သူမ၏နှုတ်ခမ်းနှင့် ထိတယ်ဆိုရုံလေး နမ်းလိုက်ပြန်သည်..။

အနမ်းတွေကရပ်တန့်မသွားပဲ ဖြည်ဖြည်းချင်း အောက်ဆင်းလာသည်.. ဦးချမ်းသာအောင်၏ ရင်ဘတ်တဝိုက် ပြေးလွားဆော့ကစားနေသော နှုတ်ခမ်း၏ အထိအတွေ့မှာ နူးညံ့ညင်သာလွန်းသည်.. ချက်နားအရောက်တွင် နှုတ်ခမ်းနှုတ်လွာ ပွင့်ဟသွားပြီး လျှာကလေးဖြင့် ထိတွေ့ဆော့မြူပေးလိုက်သည်.. “အာ့..အာ့..” သူမက သူ့အား မော့ကြည့်ပြီး ကျေနပ်စွာပြုံးလိုက်သည်.. “ဦး.. ကြိုက်လား..” “အင်း.. ကြိုက်တယ်.. ” “ဒါဆို… ဒီထပ်ပိုကောင်းအောင် လုပ်ပေးမယ်နော်..” သူမရဲ့လက်တစ်ဖက်က ဦးချမ်းသာအောင် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ဖမ်းယူဆုပ်ကိုင်လိုက်သည်.. နှုတ်ခမ်းနှစ်လွာသည်လဲ ပြန်လည်ပွင့်ဟလာပြီး ထိုအရာအား နမ်းရှိုက်စုပ်ယူလိုက်သည်.. ဦးချမ်းသာအောင်ရှေ့တွင် ဒူးထောက်ပြီး သူမ ပြုစုယုယနေမှုမှာ ဒဏ္ဍာရီလာအချစ်နတ်ဘုရားမတစ်ဦး သီကျူးသောပုလွေသံအလား ငြိမ့်ညောင်းလှသည်.. ဦးခေါင်း၏ လှုပ်ရှားဟန်မှာလဲ ကျွမ်းကျင်ပိုင်နိုင်သောကကွက်တစ်ခုကို စည်းချက်အလိုက် ကခုန်နေသော နတ်ဘုရားမ၏ ဟန်ပန်.. သူမ၏ နွေးထွေးနူးညံ့သော ပြုစုမှုနောက်သို့ ဦးချမ်းသာအောင်မျောပါသွားသည်.. ရမ္မက်၏လှုံဆော်မှုမှာလဲ အထွဋ်အထိပ်သို့ တလှမ်းချင်းတက်လှမ်းနေစေသည်.. “စနိုး.. ကိုယ်လိုချင်ပြီ..” “သမီးလဲ.. အရမ်းလိုချင်နေပြီ..” ထို့နောက်သူမက ဦးချမ်းသာအောင်၏ လက်ကိုဆွဲကာ အခန်းထဲသို့ ဦးဆောင်ဝင်သွားလိုက်သည်.. ရမ္မက်တိုက်ပွဲကို ပြန်လည်ဆင်နွဲရန် ဦးဆောင်မည့် စစ်ဘုရင်မမှာ သူမဖြစ်ကြောင်း ကြေငြာလိုက်သယောင်ပင်.. လူသားတို့၏ အနှစ်ခြိုက်ဆုံးသော လောကနိဗ္ဗာန်ကို နှစ်ဦးသားအတူတက်လှမ်းကြပြီးနောက် .. သူမ၏ ဘေးတွင်ယှဉ်လျက်အိပ်လိုက်သည်.. သူမက သူ့ရင်ခွင်ထဲအသာတိုးဝင်လာပြီး သူ့ကိုနမ်းလိုက်သည်..။

“ဦးရယ်.. သမီးအရမ်းကောင်းသွားတယ်.. ” ဦးချမ်းသာအောင်က သူမကိုအသာအယာထွေးပွေ့ထားလိုက်သည်.. အချိန်ခဏလေးအတွင်းမှာပဲ သူမအိပ်ပျော်သွားသည်.. ဦးချမ်းသာအောင်က သူမဦးခေါင်းကို ခေါင်းအုံးပေါ်သို့အသာအယာရွေ့ပေးပြီး ကုတင်ပေါ်မှ ထလိုက်သည်.. ပြီးတော့ရေချိုးခန်းအတွင်းဝင်ကာ တကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး ပြန်ထွက်လာသည်.. သူမကို ကြည့်လိုက်တော့ ကိုယ်လုံးတီးလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာသည်.. ဦးချမ်းသာအောင်က သူမကိုယ်ပေါ် ညဝတ်အကျီတစ်ထည် လွားခြုံပေးလိုက်ပြီး ဆေးလိပ်တစ်လိပ်ထုတ်သောက်နေလိုက်သည်.. သူ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့ မိုးမိုးသဲဆီမှ မက်ဆေ့ တစ်စောင်ဝင်နေသဖြင့် ဖွင့်ဖတ်ပြီး မက်ဆေ့ တစ်စောင်ပြန်ပို့ပေးလိုက်သည်.. (ဂွတ်မောနင်း ကိုကို) (ဂွတ်မောနင်း သဲ) ချက်ချင်းပင် သူမဆီက စာတစ်စောင်ပြန်ဝင်လာသည်.. (ဟွန့် အရက်သမားကြီး.. ခုမှနိုးတာလား..) သူလဲ ပြန်ပို့မနေတော့ပဲ ဖုန်းကိုချလိုက်ပြီး ညဝတ်အကျီတစ်ထည်ထုတ်ဝတ်ကာ တီဗီ ဖွင့်ကြည့်လိုက်သည်.. အားကစား ချန်နယ် တစ်ခုမှ သူစိတ်ဝင်စားသော ဂေါက် ပွဲတစ်ခု ပြန် လာနေသဖြင့် စိတ်ဝင်တစားကြည့်နေလိုက်သည်.. တစ်နာရီလောက်ကြာတော့ သူမနိုးလာသည်..။

“အင်း… ဟင်.. ဦး.. သမီးအိပ်ပျော်သွားတယ်.. ” “ရတယ်.. အိပ်ရေးမဝသေးရင် ခနအိပ်လိုက်ဦးလေ..” “ရပါတယ်.. မအိပ်တော့ပါဘူး.. ညက ဆိုင်လူကျနေလို့ .. ကောင်းကောင်းမအိပ်လိုက်ရဘူး..” သူမထလာပြီး ခြုံထားသော ညဝတ်အကျီကို ဝတ်လိုက်သည်.. လူ့သဘာဝအရ လျှပ်တပြက်မြင်လိုက်ရသော ကိုယ်ခန္ဓာအလှက ပိုပြီးတပ်မက်ဖွယ်ကောင်းနေသလိုပင်.. သူမက ဦးချမ်းသာအောင်၏ ပေါင်ပေါ်တွင်လာထိုင်လိုက်ပြီး သူ၏ နဖူးကို တချက်နမ်းလိုက်သည်.. ပြီးတော့ သူမလက်ကိုင်အိတ်ကိုလှမ်းယူပြီး အိတ်ထဲမှ တစ်ထောင်တန်တစ်ထုတ်ကိုထုတ်ကာ .. “ဦး.. သမီးအကုန်တော့ပြန်မပေးနိုင်သေးဘူးလေ.. အဲ့ဒါ .. ” “ရပါတယ်.. ” “သမီး တကယ်ကျပ်သွားလို့ပါ.. အိမ်ကိုလဲလွဲလိုက်ရသေးလို့.. ဟို.. ဟိုလိုလဲ မရှာချင်တော့လို့လေ .. ” “အင်း… ခနထပေးပါလား..” သူမက ဦးချမ်းသာအောင်ပေါင်ပေါ်မှထရပ်လိုက်ပြီး လက်ကလေးကိုနောက်ပစ်ကာ ရင်လေးကော့ပြီး ရပ်နေသည်.. ဦးချမ်းသာအောင်က သူ၏ ပိုက်ဆံအိတ်ထဲမှ ကဒ်တစ်ခုကို ထုတ်ပြီး သူမကိုပေးလိုက်သည်.. “ဘာကဒ်လဲ.. ဦး” “ဘဏ်ကဒ် .. မင်းပိုက်ဆံလိုရင် အဲ့ထဲက ထုတ်လိုက်.. လက်ကျန်နည်းနည်းတော့ရှိဦးမယ်.. မင်း ပြန်ပေးတဲ့တစ်သိန်းကိုလဲ ကိုယ် အဲ့ထဲကိုထည့်ထားပေးမယ်..” “ဘာအတွက်လဲ ..ဦး..” “တခုတော့ ကိုယ့်ကိုပြန်လုပ်ပေး.. မင်း.. ဟိုလို.. ပိုက်ဆံမရှာရဘူး..” “ဦး.. သမီး..မလိုချင်ဘူး..ဒါပေမယ့် .. ဦးဖြစ်စေချင်တာကို လုပ်ပေးမယ်..” “ယူထားလိုက်..” “သမီးနဲ့ ဦးရဲ့ကြားထဲမှာ ပိုက်ဆံကြောင့်ပတ်သက်တာမျိုး မဖြစ်ချင်ဘူး.. သမီးစိတ်နဲ့ သမီးပတ်သက်နေတာ.. သမီး မယူဘူး..” “မင်း..စိတ်ထဲမှာ ကိုယ်ရှိနေတာလား..” “ဟုတ်တယ်..” “ကိုယ့်စိတ်ထဲမှာလဲ မင်းရှိနေလို့ပေးတာ.. ယူထားလိုက်..” “ရှင်.. တကယ်.. ရှိနေတာလား.. သမီး..မထင်ဘူး..” ဦးချမ်းသာအောင်က သူမလက်ကိုင်အိတ်ထဲကို ထည့်ပေးလိုက်သည်.. သူမက ဦးချမ်းသာအောင်ကို နောက်မှ သိုင်းဖက်လိုက်သည်.. “ဦးရယ်.. သမီးတကယ်ရူးတော့မယ်..” ဦးချမ်းသာအောင်က သူမလက်တွေကို ဖြုတ်လိုက်ပြီး သူမဘက်ကိုလှည့်လိုက်သည်.. သူမပါးနှစ်ဖက်ကို အသာအုပ်ကိုင်ပြီး သူမရဲ့မျက်နှာကို သူ့ဆီသို့ဆွဲယူလိုက်သည်.. နှုတ်ခမ်းနှစ်ခုထိတွေ့ချိန်တွင် သူမမျက်လုံးလေးတွေမှိတ်သွားသည်..။

ငတ်မပြေသော ပင်လယ်ရေကို မြည်းစမ်းဖူးသူနှစ်ဦးအတွက် ရမ္မက် ပင်လယ်တွင်ထပ်မံကူးခတ်ရန် အစပြုခြင်းလား.. ဦးချမ်းသာအောင်က သူမညဝတ်အကျီမှ ကြိုးကိုဖြည်ချလိုက်သလို .. သူမကလဲ သူ၏ ညဝတ်အကျီမှ ကြိုးကို ဖြည်ချလိုက်သည်.. ကိုယ်ခန္ဓာပေါ်က အဝတ်နှစ်ထည်က ကြမ်းပြင်ပေါ်သို့ လျောကျသွားခဲ့သည်.. ရမ္မက်လှိုင်းတွင် မျောပါသွားသော အဝတ်မဲ့လူသားနှစ်ဦးအတွက် ယခုတစ်ခေါက်မုန်တိုင်းက ကြမ်းတမ်းပြီး အချိန်ကြာလွန်းသည်.. မုန်တိုင်းစဲသွားခါမှသူမက ဦးချမ်းသာအောင်၏ ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ.. “ဦးရယ်.. သမီး ကြိုက်လိုက်တာ.. ကြာရင် တကယ်ရူးတော့မယ်နဲ့တူတယ် .. ” ဦးချမ်းသာအောင်၏ နှစ်သိမ့်အနမ်းတွေက တော်တော်နှင့်မစဲသလို သူမ၏ တုံ့ပြန်အနမ်းတွေက ချိုအီလွန်းနေသည်.. အနမ်းတွေစဲသွားတယ့်အချိန်မှာတော့ သူတို့နှစ်ဦးစလုံး အိပ်ပျော်သွားကြသည်.. ညနေ ပြန်ခါနီးမှ သူတို့နိုးကြသည်.. သူမက ဦးချမ်းသာအောင်ကို ခပ်တင်းတင်းလေးဖက်ပြီး “ဦးရယ်.. ပြန်တောင်မပြန်ချင်ဘူး.. ” သူတို့ပြန်ထွက်လာတော့ နေညိုချိန်မဟုတ်သေးပေမယ့် အလင်းရောင်တော့ လျော့ပါးနေပြီ အချိန်ကာ အရမ်းနောက်မကျသေးပေမယ့် ဆောင်းဝင်လာပြီဖြစ်လို့ နေတာတိုလာသည်.. နှစ်ဦးစလုံးမှာ ရမ္မက်လှိုင်းကြမ်းတွင် တနေကုန်လှော်ခတ်ခဲ့ရသောကြောင့် ပင်ပန်းနွမ်းရိပြီး အသံတွေတိတ်ဆိတ်နေသည်.. ဦးချမ်းသာအောင်က ကားကို ဖြည်းဖြည်းမှန်မှန်မောင်းနေသော်လဲ လမ်းဆုံတစ်ခုတွင် အရှိန်ပြင်းပြင်းနှင့် ရုတ်တရက်ထွက်လာသော ဆိုင်ကယ်ကို မြင်ပြီး ဦးချမ်းသာအောင် ကားဘရိတ်ကိုဆောင့်နင်းလိုက်သည်.. ဆိုင်ကယ်ပေါ်မှ လူငယ်က ကြမ်းတမ်းရိုင်းပျစွာဆဲဆိုလိုက်သည် မိမိက လမ်းမှန်နေသော်လဲ ပြဿနာမဖြစ်လိုတဲ့အတွက် ဘာမှပြန်ပြောမနေတော့.. ဆိုင်ကယ်နံပါတ်ကို မှတ်လိုက်ပြီး ထိုလူငယ်ကိုသေချာကြည့်လိုက်သည်..။

“ဟင်…” ထိုလူငယ်ကိုနောက်က ခါးဖက်ပြီးထိုင်နေသူက မိုးမိုးသဲ.. မိုးမိုးသဲကလဲ သူ့ကိုလှမ်းမြင်သွားပြီး ထိုလူငယ်ကို မောင်းရန်ပြောလိုက်သည် ထင်ပါတယ်.. ထိုဆိုင်ကယ်မောင်းထွက်သွားသည်.. “ဒီမြို့က ဆိုင်ကယ်စီးတာ ကြမ်းတယ်.. သမီးနောက်ကျနေပြီ.. မောင်းတော့လေ..ဦး” ထိုအခါမှ ဦးချမ်းသာအောင် စိတ်နဲ့လူနဲ့ ပြန်လည်ပေါင်းစပ်မိပြီး ကားကို မောင်းထွက်လာခဲ့သည်.. စနိုးကို ပြန်ပို့ပြီးတော့ သူအိမ်ကိုပဲ ပြန်လာခဲ့သည်.. ရေမိုးချိုးပြီး ရေခဲသေတ္တာထဲမှ အရက်ပုလင်းကို ထုတ်ယူချိန်တွင် မက်ဆေ့ တစ်စောင်ဝင်လာသည်..(ကိုကို ညနေက ဆောရီး နော်.. အိမ်ပြန်ရောက်ပြီလား..) (သဲ ခါးဖက်ထားတဲ့သူက.. ) (သဲ ကောင်လေးလေ.. ) ဦးချမ်းသာအောင်စိတ်တွေ အနည်းငယ်ရှုပ်ထွေးသွားသဖြင့် စာပြန်ပို့မနေတော့ .. သူမဆီက မက်ဆေ့ ဝင်လာတဲ့အသံတွေကြားနေရသော်လဲ မဖွင့်ဖတ်တော့ .. ခနကြာတော့ သူမဆီက ဖုန်းဝင်လာသည်.. ဦးချမ်းသာအောင် မကိုင်တော့ပဲဖုန်းကိုပိတ်လိုက်သည်.. သူ့စိတ်တွေက မွန်းကြပ်နေပြီး ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတဲ့အကြောင်းကို သူ့ကိုယ်သူမေးခွန်းထုတ်ကြည့်သော်လဲ အဖြေကရေရေရာရာမရှိ.. ဦးတည်ချက်မရှိသော မေးခွန်းများနှင့် မိမိကိုယ်ကို ခုခံကာကွယ်နေသောအဖြေများဖြင့် တဖြည်ဖြည်း သူ့ခေါင်းတွေ မူးနောက်လာသည်.. ခေါင်းထဲဝင်ရောက်လာသောအရာအားလုံးကို မောင်းထုတ်လိုက်ပြီး အရက်ခွက်ကို ကောက်ကိုင်လိုက်သည်.. ထိုအချိန်မှာတော့ ဒီညကိုဖြတ်ကျော်ရန် အကောင်းဆုံးအဖြေတစ်ခုကို သူတွေ့ရှိသွားခဲ့သည်.. အဲ့ဒီ့နောက်မှာ သူအရက်တစ်ခွက်ပြီးတစ်ခွက်၊ ဆေးလိပ်တစ်လိပ်ပြီးတစ်လိပ်သောက်ရင်း နောက်ဆုံး ထမင်းစားစားပွဲပေါ်မှာပဲ သူအိပ်ပျော်သွားခဲ့သည်.. ဦးချမ်းသာအောင် နိုးလာတော့ တကိုယ်လုံးကိုက်ခဲညောင်းချိနေသည်..။

အဆိုးဆုံးကတော့ ခေါင်းထဲက ထုရိုက်နေသလိုကိုက်ခဲနေတာ.. ရုံးသွားဖို့ပြင်ဆင်ရမည်ကို ခေါင်းထဲရောက်ပြီးမှ တနင်္ဂနွေနေ့မှန်းသူသတိရလိုက်သည်.. ရေချိုးခန်းထဲရောက်တော့ရေပန်းကိုဖွင့်ပြီး သူငြိမ်သက်စွာရပ်နေမိသည်.. အလိုက်ကမ်းဆိုး မသိသောအတွေးများက မိုးမိုးသဲကို သူ့ခေါင်းထဲခေါ်ဆောင်လာပြန်သည်.. မိမိနှင့်သက်ဆိုင်မှုမရှိသောလူတစ်ယောက်အကြောင်းကို စဉ်းစားရန် ပျင်းရိလာသည့်အတွက် အတွေးတွေကို မောင်းထုတ်မိပြန်သည်..ရေမိုးချိုးပြီး ညကပိတ်ထားသောဖုန်းကို ပြန်ဖွင့်ကြည့်တော့ မိုးမိုးသဲပို့ထားသော မက်ဆေ့ တွေဝင်လာသည်.. သူဖတ်ကြည့်မနေတော့ပဲ အားလုံးကိုဖျက်ပစ်လိုက်သည်.. ဖျက်ပြီးပြီးချင်းမှာပဲ မိုးမိုးသဲဆီက ဖုန်းဝင်လာပြန်သည်.. “ကျွတ်..” ဖုန်းကိုမကိုင်ပဲချလိုက်သည်.. ဖုန်းထပ်ဝင်လာပြန်သည်.. သူမကိုင်တော့ .. အဝတ်အစားလဲပြီးတော့ အပြင်ထွက်လာခဲ့သည်.. သွားစရာနေရာရေရေရာရာမရှိလို့ ကားလျှောက်မောင်းနေလိုက်သည်.. ခေါင်းတွေကလဲ တစစ်စစ်ကိုက်နေဆဲပဲ.. နောက်ဆုံးကားကို ဘီယာဆိုင်တစ်ဆိုင်ရှေ့မှာရပ်လိုက်သည်.. “ဆရာ..ဘာသုံးဆောင်မလဲ..” “ဘီယာတစ်ခွက်နဲ့ ချီ့စ် တစ်တုံးပေး.. ” ဝိတ်တာလှည့်ထွက်သွားတော့ သူ့ဖုန်းကိုကြည့်မိသည်.. အသံပိတ် ထားတဲ့ဖုန်းမှာ မိုးမိုးသဲခေါ်နေတာကို တွေ့လိုက်ရသည်.. “ပြော..” “ကိုကို.. ဘာဖြစ်နေတာလဲ.. ညကလဲဖုန်းပိတ်သွားတယ်.. မနက်ကလဲ တောက်လျှောက်ခေါ်နေတာ ဖုန်းမကိုင်ဘူး.. ဘာတွေဖြစ်နေတာလဲ..” “ကိုယ်ဘယ်သူနဲ့မှ စကားမပြောချင်ဘူး.. ..” “မရဘူး.. ဘာဖြစ်နေတာလဲ ပြော..” သူဖုန်းချလိုက်ပြီး တစ်ခါထဲဖုန်းပိတ်လိုက်သည်.. မနက်နိုးလာတော့ သူဟိုတယ်အခန်းတစ်ခုထဲကိုရောက်နေသည်..။

သူမနေ့က တနေကုန်သောက်လိုက်တာ အမူးလွန်ပြီး ဘယ်လိုဟိုတယ်ကိုရောက်လာလဲ သူစဉ်းစားမရတော့ .. ရုံးတက်ရမယ်ဆိုတဲ့အသိနဲ့ ဘာမှဆက်မစဉ်းစားတော့ပဲ ရေချိုးပြီး အိမ်ကိုပြန်လိုက်သည်.. လမ်းတွင် သူနောက်ကျမည်ဖြစ်ကြောင်း ရုံးကိုလှမ်းဆက်လိုက်သည်.. အိမ်ပြန်အဝတ်အစားလဲပြီး ရုံးကိုကမန်းကတန်းထွက်လာခဲ့သည်.. ရုံးရောက်တော့ အကျင့်ပါနေသည့်အတိုင်း စားပွဲပေါ်ကြည့်မိတော့ ကော်ဖီခွက်ကိုမတွေ့.. တကယ်လို့တွေ့မိရင်လဲ သူသောက်ဖြစ်မည်မဟုတ်ကြောင်း တွေးမိလိုက်သည်.. သူသောက်ဖြစ်ရင်လဲ ထိုကော်ဖီသည် ခါးသက်နေမည်လားမသိ.. အလုပ်ထဲကို အာရုံထည့်ပြီး လုပ်နေတုံး “ဆရာ.. ဝင်ခွင့်ပြုပါ..” မိုးမိုးသဲအသံ .. သူမော့မကြည့်ပဲ အလုပ်ဆက်လုပ်နေလိုက်သည်.. မိုးမိုးသဲကလဲ ဘာမှမပြောပဲ စားပွဲပေါ်ကို တစ်စုံတစ်ခု တင်လိုက်သည်.. ခါတိုင်းသောက်နေကျကော်ဖီနံ့မဟုတ်ပဲ ဘလတ်ကော်ဖီ ခပ်ပြင်းပြင်းကို သံပုရာသီးညှစ်ထားသည့်ရနံ့.. သူမော့ကြည့်လိုက်တော့ မိုးမိုးသဲက နှာခေါင်းတစ်ချက်ရှုုံ နှုတ်ခမ်းလေးစူပြီး တိုးတိုးလေးပြောသွားသည်.. “ဟင်း… အရက်သမားကြီး .. အမူးပြေအောင်သောက်လိုက်ဦး..” လှည့်ထွက်သွားသော သူမ၏ နောက်ပိုင်းကောက်ကြောင်းကို ကြည့်ရင်း သူ့စိတ်ထဲ တစ်ခုခုဆုံးရှုုံးသွားသလိုခံစားရပြီး ပြန်လည်အုံ့မှိုင်းသွားသည်.. တနာရီလောက်ကြာတော့ မိုးမိုးသဲ ဝင်လာပြန်သည်.. သူမဌာနစိတ်နှင့် သက်ဆိုင်သော ဖိုင် များကို လက်မှတ်ထိုးရန် လာတင်ခြင်းဖြစ်သည်.. ဦးချမ်းသာအောင် လက်မှတ်ထိုးနေရင်း စာရွက်များကြားက ပီကေ တစ်ခုထွက်လာသည်.. အပေါ်ကအုပ်ထားသော စာရွက်ကိုဖြေလိုက်တော့.. (အရက်သမားကြီး ဦးကိုကို.. စားလိုက်ဦး.. အနံ့လေးဘာလေးပျောက်အောင်..) ဆိုတဲ့စာသားလေးကိုတွေ့လိုက်ရပြီး ထို ပီကေ ကို သူစားလိုက်သည်.. စိတ်က ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည်.. ပီကေ ကို သူဝါးလိုက်တဲ့အချိန်မှာ သူ့ရင်ထဲရှင်းလင်းပေါ့ပါးသွားသည်… အချိုရည်ကုန်သွားသောအခါ ပါးစပ်ညောင်းခံမဝါးနေတော့ပဲ တီရူးးး တစ်ခုထဲသို့ ထွေးထုတ်လိုက်ပြီး တီရူးးး ကို လုံးကာ အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်သည်..။

“ဟက်..” ညနေ ဂေါက် ရိုက်ဖို့ ကိုအောင်မြတ်က ချိန်းတာကို နောက်နေ့ရိုက်ရန်ကတိပေးပြီး ငြင်းလိုက်သည်.. အရက်နာကျနေသည့်အချိန်မှာ သူမရိုက်ချင်.. ညနေရောက်တော့ မသောက်တော့ဘူးလို့ စဉ်းစားထားပေမယ့် ထုံးစံအတိုင်းသောက်ဖြစ်သည်.. နှစ်ခွက်လောက်သောက်ပြီးသွေးနွေးလာတဲ့အချိန် မိုးမိုးသဲ ဖုန်းခေါ်လာသည်.. “ကိုကို.. ဪ.. ငါနော်.. အဲ့ ကိုကိုက အကျင့်ပါနေပြီ.. ” “….” “ကိုကို ဘာလုပ်နေလဲ..” “ရေချိုးမလို..” “ဟုတ်လား.. ချိုးချိုး.. အေးနေပြီ… မြန်မြန်ချိုး..သမီးလဲ.. အဲ..သဲလဲ ချိုးမို့ .. ဟိဟိ.. ပြီးမှပြန်ဆက်မယ်..” ဦးချမ်းသာအောင် ရေကိုဇိမ်ဆွဲပြီးချိုးလိုက်သည်.. ရေချိုးလိုက်တော့ အပူထွက်သွားပြီး နေလို့ထိုင်လို့ကောင်းသွားသည်..အပြင်ထွက်စရာမရှိတော့လို့ အိမ်နေရင်းအဝတ်ကိုပဲ ဝတ်လိုက်ပြီး တီဗီ ကြည့်ရင်း အရက်ဆက်သောက်နေလိုက်သည်.. နာရီဝက်လောက်ကြာတော့ မိုးမိုးသဲ ဖုန်းခေါ်လာသည်.. သူမကိုင်.. ၃ ၄ ခါလောက်ဇာတ်တိုက်ခေါ်ပြီး မက်ဆေ့ တစ်စောင်လှမ်းပို့သည်.. (ကိုကို မြန်မြန်ချိုး.. ပြီးရင်နွေးနွေးထွေးထွေးဝတ်ထား..) သူပြုံးလိုက်ပြီး တီဗီ ဆက်ကြည့်နေလိုက်သည်.. နောက်တစ်နာရီလောက်ကြာတော့မှ သူ မိုးမိုးသဲဆီ လှမ်းခေါ်လိုက်သည်.. “ရေချိုးပြီးပြီလား..” “အင်း.. ” “နွေးနွေးထွေးထွေးဝတ်ထားလား..” “အင်း..” “စောစောကဖုန်းဆက်သေးတယ်..” “အင်း..သိသားပဲ..” “သိရင်.. ဘာလို့မကိုင်တာလဲ…” “မကိုင်ချင်သေးလို့..” “ဟာကွာ.. ကိုကို..အကျင့်ပုတ်..စိတ်ပုတ်..” သူမနှင့်စကားတွေအကြာကြီးပြောဖြစ်သည်..။

သူမ၏ သတ္တုသံက စွဲမက်ဖွယ်ရာ… အရာရာပုံမှန်ပြန်ဖြစ်သွားသည်.. “ကိုကို.. မေးစရာရှိတယ်.. ” “မေးလေ..” “ဟိုနေ့က ဘာဖြစ်သွားတာလဲ.. ” “….” “ဦးကိုကို.. ရှင်ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့.. ခုဖြေ..” “….” “ရှင်ကြီးနော်.. ဖြေပါဆို..” “ကိုယ်နဲ့မသက်ဆိုင်တဲ့အရာတစ်ခုကို ဆုံးရှုံးသွားလို့ပါ…” “…..” သူမဘက်က အသံတိတ်သွားသည်.. တိတ်ဆိတ်မှုက အရမ်းမကြာမြင့်ပဲ သူမဆီက ပင်သက်ရှိုက်သံနှင့်အတူ အသံတိုးတိုးလေးထွက်လာသည်.. “ဂွတ်နိုက် ကိုကို..” “ဂွတ်နိုက် ..” နှစ်ဦးသားနှုတ်ဆက်ပြီးသွားသော်လဲ ဖုန်းမချဖြစ်သေး.. ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်နေသဖြင့် နွမ်းရော်နေသော အသက်ရှူသံများကို ဖုန်းထဲမှ တိုးတိုးလေးကြားနေရသည်.. ခနနေတော့ သူမရဲ့ သတ္တုသံတိုးတိုးလေးက လေလှိုင်းကိုဖြတ်ကာ ဦးချမ်းသာအောင်ဆီ ရောက်လာသည်.. “ကိုကို.” “…..” “သဲတို့ .. ဒီအတိုင်းလေးပဲ နေရအောင်နော်..” သူမဖုန်းချသွားသည်.. ဦးချမ်းသာအောင် ဖုန်းကို စားပွဲပေါ်အသာအယာချကာ အရက်ခွက်ကို အကုန်မော့ချလိုက်ပြီး သက်ပြင်းမောကြီးတစ်ခုရှှိုက်ထုတ်လိုက်သည်.. ကိုအောင်မြတ်ကို ကတိပေးထားသည့်အတိုင်း ဂေါက် ရိုက်ရန် ကွင်းသို့ရောက်တော့ နွယ်နီကို အဆင်သင့်တွေ့လိုက်ရသည်.. “ကိုကြီး.. ကွင်းပတ်မှာလား.. ” “အင်း..” “ဒါဆို.. ဂေါက်အိတ်နဲ့လှည်းထုတ်ထားလိုက်မယ်..” နွယ်နီဂေါက်အိတ်သွားယူနေတုန်းမှာပဲ ကိုအောင်မြတ်ရောက်လာသည်.. “ကိုချမ်း..ရောက်နေတာ ကြာပြီလား..” “ခုပဲရောက်တာ ကိုအောင်မြတ်..” တီခုံကိုသွားတော့ ဦးချမ်းသာအောင်ဘေးတွင် နွယ်နီပါလာသည်.. နွယ်နီကလေသံလေးဖြင့် .. “ကိုကြီး..နောက်ကျရင် လူမှန်းမသိ မူးအောင်မသောက်ပါနဲ့လား..” နွယ်နီဘာကိုဆိုလိုမှန်းသေချာမသိ.. တနင်္ဂနွေနေ့က သူအရမ်းမူးသွားတာ နွယ်နီဘယ်လိုသိသွားမှန်း သူစဉ်းစားမရ.. သူ့ခေါင်းထဲမှာ ထိုအတွေးတွေက ပတ်လည်ရိုက်နေတော့ ဂေါက်သီးအပေါ်အာရုံမစိုက်နိုင်တော့ပဲ လက်ပျက်လာသည်..။

“ကိုချမ်း.. ဘယ်လိုဖြစ်တာလဲ.. ခါတိုင်းဒီကျင်း Par ထိုးနေကျပါ.. ” “အေးဗျာ..” နွယ်နီ့ကိုအသာခိုးကြည့်လိုက်တော့ သူမပုံစံက ပုံမှန်ပင်.. သူနှင့်ကိုယ်လက်မနှီးနှောခဲ့သည့်တိုင် အတိုင်းအတာတစ်ခုထက်လွန်သော ရင်းနှီးမှုတစ်ခုထိရောက်ခဲ့တာကိုပင် ဘာမှမသိတော့သလိုပုံပင်.. တစ်ပတ်ပတ်ပြီးတော့ ကိုအောင်မြတ်က ထုံးစံအတိုင်းမဲဆွယ်ပြန်သည်.. “ကိုချမ်း..ကလပ်စ်ဟောက် မှာ ခဏထိုင်ရအောင်..” “လုပ်လေ..” သူတို့ပြောနေတဲ့စကားကို နွယ်နီကြားနေသော်လည်း သူနဲ့မဆိုင်သလိုပင်.. သူ့စိတ်ထဲမှာ နွယ်နီ့ဆီက တစ်ခုခုကို သိချင်နေသည်.. မေးရအောင်ကလဲ အခြေအနေမပေး.. “ကိုကြီး.. ပြန်ရင် နွယ်နီလမ်းကြုံလိုက်ခဲ့ချင်တယ်..” “ဟေ..ငါနဲ့လား..” ကိုအောင်မြတ်က ဝင်နောက်သည်.. “အို.. ကိုအောင်မြတ်ကြီးနဲ့တော့မလိုက်ပါဘူး.. ကြောက်လွန်လွန်းလို့..” “အံမယ်.. ငါ့ကျတော့ကြောက်တယ်.. ကိုချမ်းကိုတော့မကြောက်ဘူးပေါ့.. ” “ကြောက်ပါဘူး.. ကိုကြီးက အေးဆေးသမား..” “သိလှပါလား.. ဧကန္တတော့.. ဧကန္တပဲ..ဟားဟား..” နွယ်နီပြုံးတာက တမျိူးချစ်စဖွယ်ကောင်းနေသည်.. “ကိုယ်တို့ နည်းနည်းကြာမယ်.. အဆင်ပြေရဲ့လား..” “ရတယ်.. မီးဖိုဆောင် မှာ ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်နေလိုက်မယ်..” သူမက ပြောအပြီး ဦးချမ်းသာအောင်ကို မျက်စိတစ်ဖက်ခိုးပြီး မှိတ်ပြလိုက်သည်.. ဒါကို ကိုအောင်မြတ်က မြင်ဖြစ်အောင်မြင်သွားသေးသည်..။

“အမယ်..အမယ်.. ဘယ်ကိုသွားကြမှာလဲ သိ..နေ..တယ်..နော်..” “ဘယ်သွားသွားပေါ့.. ဟွန့်..” နွယ်နီထွက်သွားတော့ ကိုအောင်မြတ်က .. “ကိုချမ်း.. ဘယ်တုန်းက အမွေတောင်းလိုက်တာလဲဗျ..” “ဟာ..မဟုတ်ပါဘူးဗျာ..” “ဟားဟား.. သိနေတယ်နော်..သိနေတယ်..” နွယ်နီ့စောင့်နေမှာကို အားနာနေသောသူ့ကို ကိုအောင်မြတ်ကလဲ ဆွဲမထားတော့ပဲ စောစောဝိုင်းသိမ်းလိုက်ကြသည်..နွယ်နီထွက်လာတော့ ကိုအောင်မြတ်က .. “နွယ်နီရေ.. နင့်ကိုကြီးကို ထမင်းဆီဆမ်းလေး၊ စမူဆာလေးကျွေးလိုက်ဦးဟ.. ဝိုင်းမှာအမြည်းကောင်းကောင်းမစားထားဘူး.. ဆာနေရောပေါ့.. ဟားဟား” ဟုလှမ်းနောက်လိုက်သေးသည်.. ဂေါက်ကလပ်ရှေ့မှ ကားကွေ့ထွက်လိုက်ကထဲက နွယ်နီက ဦးချမ်းသာအောင်မျက်နှာကိုကြည့်နေသည်.. “ဘာလို့..အဲ့လောက်ကြည့်နေတာလဲ..” နွယ်နီမဖြေပဲ ဆက်ကြည့်နေသည်.. “ကိုယ့်ကို ဟိုတယ်လိုက်ပို့တာ မင်းလား..” “ဟုတ်တယ်.. ” “ဆောရီးး ..အဲ့နေ့က ကိုယ်အရမ်းမူးသွားတယ်..” နွယ်နီကလဲ ဘယ်ကိုသွားမယ်ဆိုတာမပြောတော့ သူလဲ ကားကို အရင်တစ်ခါ နွယ်နီဆင်းသွားတဲ့ဘက်ဆီသို့ ဦးတည်လိုက်သည်.. ခနနေတော့ နွယ်နီသတိထားမိသွားဟန်တူသည်.. “ဘယ်ကိုမောင်းနေတာလဲ.. ပြန်လှည့်လိုက်.. နွယ်နီကြေးအိုးဆီချက်စားချင်သေးတယ်..” “ကောင်းတဲ့ဆိုင် ကိုယ်မသိဘူး.. ” “အရက်ဆိုင်တွေပဲ သိတာမလား..မောင်း.. သမီးပြမယ်..” ဆိုင်ကိုရောက်တော့ .. “ကိုကြီး..ဘာစားမလဲ .. ဆာတေးရတယ်..” “မင်း အဆင်ပြေတာမှာလိုက်ပါ.. ကိုယ် ထွေထွေထူးထူးစားချင်တာမရှိဘူး..” “သောက်ချင်တာတော့ ရှိတယ်မလား.. ဟွန့်..” သူမရဲ့ထေ့ငေါ့ဟန်က တမျိုးချစ်ဖို့ကောင်းနေသည်.. နွယ်နီကကြေးအိုးဆီချက်တစ်ပွဲ၊ ဝက်ဆာတေးတစ်ပွဲ၊ ပုဇွန်ဆာတေးတစ်ပွဲနှင့် ဘလတ်စ် တစ်လုံးမှာလိုက်သည်.. “သမီးလဲ နည်းနည်းသောက်မယ်..” စားလိုက်၊ သောက်လိုက်၊ စကားပြောလိုက်နဲ့ ပုလင်းတစ်ဝက်လောက်ကျိုးသွားသည်..။

“ကိုကြီး.. မူးလာပြီ .. သွားရအောင်..” ကားပေါ်ရောက်တော့ ဦးချမ်းသာအောင်က .. “ကိုယ်.. နွယ်နီ့ကို ဘယ်ကိုလိုက်ပို့ရမလဲ..” “ကိုယ်နဲ့လိုက်ခဲ့ပါလို့ပြောရင် .. ကိုကြီး သေသွားမှာမို့လို့လား..” ဦးချမ်းသာအောင်ဘာမှဆက်မပြောတော့ .. နှစ်ဦးသား သွားမယ့်နေရာကို နားလည်ပြီးဖြစ်နေလို့ ဆက်ပြောစရာမလိုတော့၍ ကားကိုသာ မောင်းထွက်လာခဲ့သည်.. ဒီတစ်ညလဲ သူတို့နှစ်ယောက်အတွက် ညတာတိုဦးမည်ထင်သည်.. အခန်းထဲရောက်တော့ နွယ်နီက “နွယ်နီရေချိုးချင်တယ်.. ကိုကြီးအရင်ချိုးမလား.. ” “တူတူချိုးရအောင်..” “မရဘူး..” နွယ်နီက သူ့အကျင့်အတိုင်း မျက်နှာတည်လေးဖြင့် ရှေ့ကိုသာတည့်တည့်ကြည့်ပြီး ပြန်ပြောလိုက်သည်.. ဦးချမ်းသာအောင်က နွယ်နီ့ရှေ့တည့်တည့်တွင် လာရပ်လိုက်တော့ သူမခေါင်းငုံ့သွားသည်.. ဦးချမ်းသာအောင်က သူမမျက်နှာလေးကို ပင့်မလိုက်သည်..။

မျက်လုံးနှစ်ခုက အချိန်အနည်းငယ်လောက်ဆုံမိကြပြီး ဦးချမ်းသာအောင်နှုတ်ခမ်းက သူမနှုတ်ခမ်းဆီသို့ တိုးကပ်လာသည်.. နွယ်နီက ဦးချမ်းသာအောင်၏ ရင်ဘတ်ကို အသာတွန်းလိုက်သည်.. “နမ်းချင်ရင် ခွင့်တောင်းရမှာ ..မသိဘူးလား..” “မသိဘူး…” “မိန်းကလေးကပဲ ခွင့်မတောင်းပဲ နမ်းခွင့်ရှိတယ်ဆိုတာ ကိုကြီးသိသင့်တယ်..” စကားအဆုံးမှာ သူမက ဦးချမ်းသာအောင်၏ နှုတ်ခမ်းကို မွတ်သိပ်စွာနမ်းရှိုက်လိုက်သည်.. စကထဲက မွတ်သပ်ကြမ်းတမ်းသော အနမ်းတွေက တော်တော်နှင့်အတောမသတ်.. အစကတင်းကြပ်စွာဖက်ထားသောလက်တွေက ပြေလျော့လာပြီး တစ်ဦးကိုတစ်ဦး တပ်မက်စွာပွတ်သပ်လာသည်.. ဦးချမ်းသာအောင်က နွယ်နီ့အကျီနှိပ်စေ့လေးတွေကို ဖြုတ်လိုက်ရာ သူမကလဲ ဦးချမ်းသာအောင်၏ စပို့ရှပ်ကိုမပြီးချွတ်လိုက်သည်.. နှုတ်ခမ်းနှစ်ခုခေတ္တမျှသာကွာကွာသွားပြီး ပြန်လည်ပေါင်းစပ်သွားပြန်သည်.. မကြာမီမှာနှစ်ဦးစလုံး ကိုယ်ပေါ်တွင်အဝတ်အစားများမရှိတော့ပဲ အခန်းထဲတွင် ပျံ့ကျဲကုန်သည်.. ဦးချမ်းသာအောင်က သူမကိုတင်ပါးမှ မယူပွေ့တင်လိုက်သည်.. သူမကလဲ ကိုယ်ကိုအလိုက်သင့်ကြွပေးပြီး ဦးချမ်းသာအောင်၏ ခါးကိုခြေနှစ်ဖက်ဖြင့်ခွထားလိုက်သည်.. ဦးချမ်းသာအောင်က သူမကိုမချီပြီး ရေချိုးခန်းသို့ သယ်ဆောင်သွားသည်.. သူမက အနမ်းတွေကို ရပ်တန့်လိုက်သည်.. နွယ်နီက “ဟွန်း .. တတ်လွန်းအားကြီးတယ်..” ဟု တိုးတိုးလေးပြောပြီး သူ၏ ပုခုံးပေါ်တွင် ခေါင်းလေးမှေးတင်ကာ လိုက်ပါသွားပါတော့သည် …  .     ။

ပြီးပါပြီ       ။

Leave a Reply

Your email address will not be published.