ချစ်စရာ ကောင်းတဲ့ မင်းသမီး ချောလေး ပက်ထရစ်ရှာ ကတော့ ဒီနေ့ သူမရဲ့ လူမှု ကွန်ရက်က ပုံရိပ် တစ်ချို့ ကြောင့် ပရိသတ်တွေ စိတ်မကောင်း ဖြစ်ခဲ့ ရပါ တယ်။ သူ အရမ်း ချစ်ရ တဲ့ သူ့ ခွေးလေး တစ်ကောင် သေဆုံး သွားခဲ့ တာပါ။ ကလေးလေး တစ်ယောက်လို ချစ်တက်တဲ့ ပက်ထရစ်ရှာ အတွက် တော့ အရမ်း ခံစား ခဲ့ရ တာပါ။
သူမ ရဲ့ ခွေးလေး ဟာ အကောင်းတိုင်း ဖြစ်ပေမယ့် မှားယွင်းမှု တစ်ခု ကနေ ခုလို အသက် ဆုံးရှုံး ခဲ့ရ တာပါ။ သူမ ခွေးလေး သေဆုံး ရတဲ့ အကြောင်း ကို လည်း ပရိသတ်တွေ သိစေဖို့ရှင်းပြ ခဲ့ပါ သေးတယ်။ အဲ့စာလေးကို ဖတ်ပြီးတော့ လည်း ပရိသတ်တွေ ဟာ ဝမ်းနည်း ပူဆွေး ခဲ့ ရ တာပါ။
ခုချိန် မှာတော့ သားလေးကို မြေမြုပ် ရတော့မယ့် အချိန်ထိ ထွေးပွေ့ ထားတဲ့ ပုံရိပ်လေးက ပရိသတ် ရင်ထဲ ဝမ်းနည်း စေမိ တာပါ။ အရမ်း ချစ်ရတဲ့ သားလေး မလို့ ရင်ကွဲ မတတ် ခံစား နေတဲ့ ပုံရိပ် လေးက ခွေးချစ်တဲ့ ပရိသတ် တွေလည်း နားလည် မိမှာပါ။ ပရိသတ် တွေ လည်း သူ့ သားလေးနဲ့ မနှုတ်ဆက်မီ ထွေးပွေးထားတဲ့ ပုံလေးကို ကြည့်ပြီး အားပေး စကားလေး ပြောသွားကြ ပါဦးနော်။
Zawgyi