သရုပ်ဆောင် ဆောင်းယွန်းစံ နဲ့ သရုပ်ဆောင် ပိုင်တံခွန် ရဲ့ အစ်မ ဖြစ်သူ ဓာတ်ပုံ ဆရာမလေး မေချစ်သွေး တို့ ကတော့ တစ်ယောက် ကို တစ်ယောက် ချစ်ခင် စုံမက် ပြီး ချစ်သူတွေ အဖြစ် လူသိ ရှင်ကြား လက်တွဲ နေကြ သူတွေ ပဲ ဖြစ်ပါတယ်။ LGBT အတွဲလေး အဖြစ် ပရိသတ် တွေ က အချစ်ပို ကြတဲ့ ဆောင်းယွန်းစံ နဲ့ မေချစ်သွေး တို့ ဟာ လိုက်ဖက် လွန်း ကြတယ် လို့ ပရိသတ် တွေက သက်မှတ်ထား ပေးကြ တာပဲ ဖြစ်ပါတယ်။
ဒီကနေ့ မတ်လ (၉) ရက်နေ့ ကတော့ မေချစ်သွေး ရဲ့ မွေးနေ့ လေးပဲ ဖြစ်ပါတယ်။ မေချစ်သွေး က သူ့ရဲ့ မွေးနေ့မှာ ည (၁၂) နာရီထိ စောင့် ဆိုင်းပြီး မွေးနေ့ ဆုတောင်း ပေးတဲ့ ချစ်သူဆောင်းယွန်းစံကို “12:00 ထိစောင့်ပြီး BD Wish ပေးလို့ ကျေးဇူးပါ အမျိုးသမီးလေးရေ..” ဆိုပြီး ကြည်နူး ပီတိ ဖြစ်စွာ နဲ့ မျှဝေ ပေးလာ တာကို တွေ့ရ ပါတယ်။
ဆောင်းယွန်းစံ နဲ့ မေချစ်သွေး တို့ ကတော့ တစ်ယောက် ကို တစ်ယောက် ဂရုစိုက် ကြင်နာရင်း ခိုင်မာတဲ့ အချစ်ရေး တစ်ခုကို တည်ဆောက် ထားကြ တာပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းစံ နဲ့ မေချစ်သွေး တို့စုံတွဲ လေး ကတော့ ပရိသတ်တွေ အားမကျ ပဲနဲ့ကို မနေနိုင်တဲ့ အတွဲလေး တစ်တွဲ ပါပဲနော်။
Zawgyi