မင်္ဂလာ ဆောင်လိုက် ပြီဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ပရိတ်သတ်ကြီးကို ဝန်ခံလိုက်ပြီဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် Project K အဖွဲ့ဝင် ဝီလီယံ

မိန်းကလေး ပရိသတ် တွေ အားပေး ကြတဲ့ Project K အ ဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ် တဲ့ ဝီလီယံ ဟာ ဆယ် ကျော်သက် မိန်းကလေး ပရိသတ် တွေ ရဲ့ အား ပေးမှုအခိုင် အမာ ရရှိ ထားသူတစ်ဦး ဖြစ်ပါတယ် ။ ဝီဝီ လို့ ချစ်စနိုး ခေါ်ကြတဲ့ ဝီလီယံ က Project K အဖွဲ့ ရဲ့ ထင်ရှား တဲ့ အဆိုတော် တစ်ဦးလဲ ဖြစ် ပါတယ် ။ ပျော်ပျော် နေတတ် ပြီး ပရိသတ် တွေကို လည်း မကြာ ခဏစနောက် ကျီစယ် လေ့ရှိတဲ့ ဝီလီယံ ဟာ ဒီကနေ့ မှာတော့ မင်္ဂလာ ဆောင်လိုက် တာကို ဝန်ခံ လိုက်ပါတယ် ဆိုပြီး အတည် ပေါက်ကြီး အရွှန်း ဖောက် လာတာ ကို တွေ့ရပါ တယ် ။

“ သတင်း က အမှား ဆိုပေမယ့် မင်္ဂလာဆောင် လိုက် တာ တော့ အမှန်ပါ ။ တစ်လက် စတည်း ဝန်ခံ လိုက်ရပါ တယ် ။ ကျွန်တော် မင်္ဂလာဆောင် လိုက်ပါ ပြီ ။ အမှတ် တရ‌ဖြစ် အောင် Black Pink က ချစ် သူ Rosé လေးရဲ့ မွေးနေ့မှာပဲ သူ့ကို လက်ထပ်ခွင့် တခါတည်းတောင်းပြီး မင်္ဂလာ ဆောင်လိုက်ပါပြီ။ ခုဟန်း ဂုက ဂျယ်ဂျူဒိုမှာ ဟန်းနီးမွန်း ထွက်ရင်း ချစ်သူ Rosé လေး ကို နေ့လည်စာ ပြင်ပေးနေရာကနေ မအားတဲ့ ကြားက reply ပြန်လိုက် ရပါတယ်။ မီယားနယ် ဒဘလူ အိုင်ပီးစ် 😁😅”ဆိုပြီး ပရိသတ်တွေကို အတည် ပေါက် စနောက် လာခဲ့တာပဲ ဖြစ်ပါတယ် ။

ဝီလီယံ က တော့ ကိုရီးယား K Pop အဖွဲ့ ဖြစ်တဲ့ Black Pink အဖွဲ့ ဝင် Rosé နဲ့ မင်္ဂလာဆောင် လိုက် တယ်လို့ စနောက် လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း အစ အနောက်သန်လွန်းတဲ့ ဝီလီယံရဲ့ ပိုစ့်ကြောင့် ပြုံးရယ်မိ သွားမယ် ထင်ပါ တယ် ။

Source : William ’ s fb

zawgyi



Source : William ’ s fb