Celebrity

MRTV-4 က ထုတ်လွှင့်နေဆဲဖြစ်တဲ့ “မကြေးစည်” ဇာတ်လမ်းရဲ့ ဒိုင်ယာလော့ကြောင့်ထီပေါက်ကြတဲ့ အတွက်ဝမ်းသာနေတဲ့ ဦးကံပွင့်

လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့် ပြသနေတဲ့ “မကြေးစည်” ဇာတ်လမ်းတွဲ ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိနေတာ ပဲဖြစ်ပါတယ်။ “မကြေးစည်” ဇာတ်လမ်းတွဲမှာ အရူးပေါက် ကြီးအဖြစ် ပါဝင် သရုပ်ဆောင် ထားတဲ့ သရုပ်ဆောင် ကိုကံပွင့်ကလည်း အပီပြင်ဆုံး သရုပ်ဆောင် နိုင်တဲ့ ဇာတ်ကောင် တစ်ယောက်အဖြစ် ပရိသတ် တွေကြားမှာ ထင်ရှား သူဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကိုကံပွင့်က “မကြေးစည်” ဇာတ်လမ်းတွဲ ထဲက ဒိုင်ယာလော့ကြောင့် နှစ်လုံး ထီပေါက် သူတွေရှိကြောင်း ပြောလာပါတယ်။ ကိုကံပွင့်က “ညကအရူးပေါက်ကြီး ကြယ်တွေ ရီတာ မှတ်မိလား ၆၇-၈၈-၉၂တဲ့*အရူး ဂဏန်းမှန်တတ်တယ် ဆိုပီး ပေါက်ကြီး ဂဏန်း လိုက်ထိုး လိုက်ကြတာ မြန်မာပြည် အနံ့ရွာတော်တော် များများက အမျိုးတွေ ရွာလုံး ကျွတ်ပေါက်ကြတယ်ဆိုပဲ*ခုညနေ ၈၈ ထွက်* ဝမ်းသာလိုက်တာဗျာ–# အရူးပေါက်ကြီး” ဆိုပြီး ဝမ်းသာအားရ ပြောလာတာပဲဖြစ်ပါတယ်။

ကိုကံပွင့်ကတော့ ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ဒိုင်ယာလော့ခ် ကနေ တိုက်ဆိုင်စွာနဲ့ နှစ်လုံး ထီဂဏန်းနဲ့ တူနေပြီး တချို့ “မကြေးစည်” ဇာတ်လမ်း ကြည့်သူတွေ ရွာလုံးကျွတ် နှစ်လုံး ထီပေါက် ကြကြောင်း ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi




Y T