Celebrity

MRTV-4မှာ လက်ရှိပြသနေတဲ့ “မကြေးစည်” ဇာတ်လမ်းတွဲ ရိုက်တုန်းက နာရေးဇာတ်ဝင်ခန်းရိုက်ရင်း သူကြုံတွေ့ခဲ့တဲ့ အံ့ဩစရာအဖြစ်ပျက်ကို ပြောပြလာတဲ့ လင်းမြတ်

လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့် ပြသနေတဲ့ “မကြေးစည်” ဇာတ်လမ်းတွဲ ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြား ရရှိနေတာပဲဖြစ်ပါတယ်။ ဒါရိုက်တာရဲ့ ရိုက်ကူး တင်ဆက်မှု၊ ဇာတ်လမ်း ဇာတ်အိမ် တောင့်တင်းခိုင်မာမှု တို့ကလည်း ပြီးပြည့်စုံသလို ပါဝင်ကြတဲ့ သရုပ်ဆောင် တစ်ယောက်ချင်းစီတိုင်းကလည်း အကောင်းဆုံး ကြိုးစားကြတာကြောင့် ရလဒ်ကောင်း တစ်ခုကို ပိုင်ဆိုင် နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ “မကြေးစည်” ဇာတ်လမ်းတွဲမှာ ကိုမင်းနိုင်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် လင်းမြတ်ကလည်း သူသေဆုံးသွားခဲ့တဲ့ နာရေး ဇာတ်ဝင်ခန်း ရိုက်ကူးခဲ့စဉ်မှာပဲ ဘဝနဲ့ချီတဲ့ အသိတရား တစ်ခုကို ရရှိသွားခဲ့ကြောင်း အခုလိုပဲပြောပြလာပါတယ်။

“လင်းမြတ် ဆက်အသက်ရှင်ဖို့အတွက် မင်းနိုင်က သေပေးလိုက်တာပါ။ အဲ့လို နာရေးအခန်းမျိုး ရိုက်ရမယ်ဆို ကျနော်ကြောက်ပါတယ် မကောင်းတဲ့ ဘေးပယောဂကို ကြောက်တာတော့မဟုတ် အဲ့လိုမလှုပ်ရပဲ ငြိမ်ငြိမ်အကြာကြီး နေရတာကို ကြောက်တာ ကျ‌နော်က အဲ့လိုမလှုပ်ရရင် တစ်ကိုယ်လုံးက ညောင်းကိုက်လာတတ်လို့ 🤣 အဲ့လိုအခန်းရိုက်ရမယ် ကြားတော့အစက လူတစ်ကယ် ထည့်မရိုက်လောက်ဘူး ပဲထင်တာ ဒါပေမယ့်ဆရာကမရဘူး လူထည့်ကို ထည့်ရိုက်မယ်ဆိုတော့ မရိုက်ဖို့အရေး production manager မသဇင်နဲ့ ညှိကြသေးတယ် မသဇင်ကလည်းပြောပေးရှာတယ် ဒါပေမယ့် မရပါဘူး 😂 ဒါနဲ့မထူးပါဘူး ငါသေကြည့်တာပေါ့ ဆိုပြီးရိုက်မယ် လုပ်တယ်။ မရိုက်ခင်တော့ သရဏဂုံ တင်တာပေါ့ ပထမတစ်ရက် ရိုက်မယ် ဆိုတော့ မရိုက်ဖြစ်ဘူး ဆရာကအပြင်အဆင်စိတ်တိုင်းမကျလို့ နောက်တစ်ရက်တော့ ရိုက်တယ်ပေါ့။

နည်းနည်းတော့ ရှိန်တာပေါ့ ပတ်ဝန်းကျင်အနေအထားအရ ကောဘာကော ညနေစောင်းဆိုတော့ကော… အဲ့လိုနဲ့ နေ့လယ် ၂နာရီထဲက မောင်လေးရေ လာလှဲပေးပါတော့ ဆိုပြီးအဲ့ကုတင်မှာ အသုဘပုံ ပြင်ဆင်ကြရတယ်အစောကြီး ဟိုအုပ် ဒီဖုံးပြင်ပြီးတော့ နင်မလှုပ်နဲ့တော့နော် ဆိုပြီးပြောတော့ ငါတော့သွားပြီ ညောင်းပြီးသေရချီရဲ့ဆိုပြီး စိတ်တော်တော် ညစ်သွားတယ်။”“အဲ့လိုနဲ့ရိုက်ဖို့ reharsal လုပ် lighting ချိန်နဲ့ ၄နာရီကျော်ပြီ မရိုက်ရသေး ကြာချိန်၂နာရီရှိပြီ ကျနော်လည်း လှုပ်လို့မရ လူလည်း တော်တော်‌ညောင်းကိုက်ခဲနေပြီ ရိုက်လည်းရိုက်တော့ အရမ်းသတိထားရပါတယ် စရိုက်တော့ မျက်ခွံမလှုပ်အောင် အသက်ရူရင် ဗိုက်အပိန်အဖောင်း မဖြစ်အောင် အသက်အကြာကြီးအောင့် ထားရတာတွေပါနဲ့ သတိကြီးကြီ းထားရတယ် သေတဲ့အခန်းရိုက်လို့ အိပ်နေရင် ပြီးရောမရဘူး (မျက်လုံးပွင့်ပြီး သေတဲ့မသာအခန်းရိုက်ရရင်ပိုဆိုးပါတယ် 🤣) ပင်ပန်းပါတယ်။”

“ထူးဆန်းတာက ရိုက်ရင်းနဲ့ကိုယ့်ဟာကိုယ် သေလူလို့ လုံးဝသတ်မှတ်လိုက်တယ် ပြီးတော့ တရားမှတ်နေလိုက်တယ် ဘယ်သူ ဘာလုပ်လုပ် ဘာပြောပြော responseပြန်လုပ်ပေးစရာမှ မလိုတော့တာ ငါသေနေပြီပဲဆိုပြီး၊ အဲ့အချိန်မှာပဲ ချက်ချင်းကြီး ကျနော့်တစ်ကိုယ်လုံး ဘာဝေဒနာမှစမခံစားရတော့သလိုပဲ ညောင်းကိုက်တာတွေ ဝေဒနာတွေ ခြေထောက်ကျဉ် လာတာတွေ တစ်ခုမှမရှိတော့ဘူးဘေးက ညီမက အစ်ကိုအစ်ကိုဆိုပြီး လာဆွဲလှုပ်တာလည်းနည်းနည်းပဲသိတော့တယ် ထိရင်ထိတယ် ကြားရင် ကြားတယ်ပဲ မှတ်နေမိတယ် တော်တော်ကြီးကို relax အဖြစ်ဆုံး အချိန်ပါ။ ဘယ်အချိန်မှာပဲ ထဆဲမိလည်းဆိုတော့ အသုဘချဖို့ကုတင်မလိုက်တဲ့အချိန် ကုတင်ကြီး စောင်းသွားပြီး ကျနော်ဘေးတိုက်လျှောသွားမှ ပြုတ်ကျတော့မယ်ဆိုပြီး ထယောင်တာ 😁 လက်ထဲဘေးကို လှမ်းကုတ်တာမြန်လို့ မဟုတ်ရင် ကိုယ်တစ်ပိုင်းပြုတ်ကျလောက်တယ် 🤣🤣🤣

နောက်ဆုံး အားလုံးရိုက် အပြီးထလို့ရပြီဆိုလို့ထတော့ ညောင်းတာ ကိုက်တာ နည်းနည်းမှမဖြစ်တဲ့အပြင် လူကပေါ့ပါး လန်းဆန်းနေတာပဲ အားအပြည့်နဲ့ စိတ်ကလည်း အတော်အေးချမ်းနေတာ၊ ရိုက်တဲ့ လူတွေကတော့မျက်ရည်တွေနဲ့ … ရိုက်ပြီးတဲ့ အချိန်မှာတော့ ညနေ ၅နာရီခွဲနီးပါးဖြစ်တော့မယ်ထင်တယ်။ အဲ့နေ့ကစပြီးတရားမှတ်ရတဲ့အရသာကို သိသွားပြီး ဆက်တိုက်လုပ်ဖြစ်တာ၊ ဒါပေမယ့်လည်း မနှစ်ကစပြီး ဆဲစရာကိစ္စတွေက တောက်လျှောက်ပေါ်လာတာပဲ ကြာကြာထိန်းမရလိုက်ပါဘူး အရာအားလုံး အတွက်ဆရာဦးသီ (ဆေးဆရာကြီးအဘသီ) နဲ့ ဆရာအောင်ဗပါဝါကို ကျေးဇူးတင် ရှိခိုးကန်တော့ပါတယ်။ ” ဆိုပြီး သူ့ရဲ့အတွေ့အကြုံကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi

လက္ရွိ MRTV 4 ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ ျပသေနတဲ့ “မေၾကးစည္” ဇာတ္လမ္းတြဲ ကေတာ့ ပရိသတ္ေတြရဲ့ အားေပးမႈကို အမ်ားအျပား ရရွိေနတာပဲျဖစ္ပါတယ္။ ဒါရိုက္တာရဲ့ ရိုက္ကူး တင္ဆက္မႈ၊ ဇာတ္လမ္း ဇာတ္အိမ္ ေတာင့္တင္းခိုင္မာမႈ တို႔ကလည္း ၿပီးျပည့္စုံသလို ပါဝင္ၾကတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ခ်င္းစီတိုင္းကလည္း အေကာင္းဆုံး ႀကိဳးစားၾကတာေၾကာင့္ ရလဒ္ေကာင္း တစ္ခုကို ပိုင္ဆိုင္ နိုင္ခဲ့တယ္လို႔ ဆိုနိုင္ပါတယ္။ “မေၾကးစည္” ဇာတ္လမ္းတြဲမွာ ကိုမင္းနိုင္အျဖစ္ ပါဝင္ သ႐ုပ္ေဆာင္ခဲ့တဲ့ သ႐ုပ္ေဆာင္ လင္းျမတ္ကလည္း သူေသဆုံးသြားခဲ့တဲ့ နာေရး ဇာတ္ဝင္ခန္း ရိုက္ကူးခဲ့စဥ္မွာပဲ ဘဝနဲ႔ခ်ီတဲ့ အသိတရား တစ္ခုကို ရရွိသြားခဲ့ေၾကာင္း အခုလိုပဲေျပာျပလာပါတယ္။

“လင္းျမတ္ ဆက္အသက္ရွင္ဖို႔အတြက္ မင္းနိုင္က ေသေပးလိုက္တာပါ။ အဲ့လို နာေရးအခန္းမ်ိဳး ရိုက္ရမယ္ဆို က်ေနာ္ေၾကာက္ပါတယ္ မေကာင္းတဲ့ ေဘးပေယာဂကို ေၾကာက္တာေတာ့မဟုတ္ အဲ့လိုမလႈပ္ရပဲ ၿငိမ္ၿငိမ္အၾကာႀကီး ေနရတာကို ေၾကာက္တာ က်‌ေနာ္က အဲ့လိုမလႈပ္ရရင္ တစ္ကိုယ္လုံးက ေညာင္းကိုက္လာတတ္လို႔ 🤣 အဲ့လိုအခန္းရိုက္ရမယ္ ၾကားေတာ့အစက လူတစ္ကယ္ ထည့္မရိုက္ေလာက္ဘူး ပဲထင္တာ ဒါေပမယ့္ဆရာကမရဘူး လူထည့္ကို ထည့္ရိုက္မယ္ဆိုေတာ့ မရိုက္ဖို႔အေရး production manager မသဇင္နဲ႔ ညႇိၾကေသးတယ္ မသဇင္ကလည္းေျပာေပးရွာတယ္ ဒါေပမယ့္ မရပါဘူး 😂 ဒါနဲ႔မထူးပါဘူး ငါေသၾကည့္တာေပါ့ ဆိုၿပီးရိုက္မယ္ လုပ္တယ္။ မရိုက္ခင္ေတာ့ သရဏဂုံ တင္တာေပါ့ ပထမတစ္ရက္ ရိုက္မယ္ ဆိုေတာ့ မရိုက္ျဖစ္ဘူး ဆရာကအျပင္အဆင္စိတ္တိုင္းမက်လို႔ ေနာက္တစ္ရက္ေတာ့ ရိုက္တယ္ေပါ့။

နည္းနည္းေတာ့ ရွိန္တာေပါ့ ပတ္ဝန္းက်င္အေနအထားအရ ေကာဘာေကာ ညေနေစာင္းဆိုေတာ့ေကာ… အဲ့လိုနဲ႔ ေန႔လယ္ ၂နာရီထဲက ေမာင္ေလးေရ လာလွဲေပးပါေတာ့ ဆိုၿပီးအဲ့ကုတင္မွာ အသုဘပုံ ျပင္ဆင္ၾကရတယ္အေစာႀကီး ဟိုအုပ္ ဒီဖုံးျပင္ၿပီးေတာ့ နင္မလႈပ္နဲ႔ေတာ့ေနာ္ ဆိုၿပီးေျပာေတာ့ ငါေတာ့သြားၿပီ ေညာင္းၿပီးေသရခ်ီရဲ့ဆိုၿပီး စိတ္ေတာ္ေတာ္ ညစ္သြားတယ္။”“အဲ့လိုနဲ႔ရိုက္ဖို႔ reharsal လုပ္ lighting ခ်ိန္နဲ႔ ၄နာရီေက်ာ္ၿပီ မရိုက္ရေသး ၾကာခ်ိန္၂နာရီရွိၿပီ က်ေနာ္လည္း လႈပ္လို႔မရ လူလည္း ေတာ္ေတာ္‌ေညာင္းကိုက္ခဲေနၿပီ ရိုက္လည္းရိုက္ေတာ့ အရမ္းသတိထားရပါတယ္ စရိုက္ေတာ့ မ်က္ခြံမလႈပ္ေအာင္ အသက္႐ူရင္ ဗိုက္အပိန္အေဖာင္း မျဖစ္ေအာင္ အသက္အၾကာႀကီးေအာင့္ ထားရတာေတြပါနဲ႔ သတိႀကီးႀကီ းထားရတယ္ ေသတဲ့အခန္းရိုက္လို႔ အိပ္ေနရင္ ၿပီးေရာမရဘူး (မ်က္လုံးပြင့္ၿပီး ေသတဲ့မသာအခန္းရိုက္ရရင္ပိုဆိုးပါတယ္ 🤣) ပင္ပန္းပါတယ္။”

“ထူးဆန္းတာက ရိုက္ရင္းနဲ႔ကိုယ့္ဟာကိုယ္ ေသလူလို႔ လုံးဝသတ္မွတ္လိုက္တယ္ ၿပီးေတာ့ တရားမွတ္ေနလိုက္တယ္ ဘယ္သူ ဘာလုပ္လုပ္ ဘာေျပာေျပာ responseျပန္လုပ္ေပးစရာမွ မလိုေတာ့တာ ငါေသေနၿပီပဲဆိုၿပီး၊ အဲ့အခ်ိန္မွာပဲ ခ်က္ခ်င္းႀကီး က်ေနာ့္တစ္ကိုယ္လုံး ဘာေဝဒနာမွစမခံစားရေတာ့သလိုပဲ ေညာင္းကိုက္တာေတြ ေဝဒနာေတြ ေျခေထာက္က်ဥ္ လာတာေတြ တစ္ခုမွမရွိေတာ့ဘူးေဘးက ညီမက အစ္ကိုအစ္ကိုဆိုၿပီး လာဆြဲလႈပ္တာလည္းနည္းနည္းပဲသိေတာ့တယ္ ထိရင္ထိတယ္ ၾကားရင္ ၾကားတယ္ပဲ မွတ္ေနမိတယ္ ေတာ္ေတာ္ႀကီးကို relax အျဖစ္ဆုံး အခ်ိန္ပါ။ ဘယ္အခ်ိန္မွာပဲ ထဆဲမိလည္းဆိုေတာ့ အသုဘခ်ဖို႔ကုတင္မလိုက္တဲ့အခ်ိန္ ကုတင္ႀကီး ေစာင္းသြားၿပီး က်ေနာ္ေဘးတိုက္ေလၽွာသြားမွ ျပဳတ္က်ေတာ့မယ္ဆိုၿပီး ထေယာင္တာ 😁 လက္ထဲေဘးကို လွမ္းကုတ္တာျမန္လို႔ မဟုတ္ရင္ ကိုယ္တစ္ပိုင္းျပဳတ္က်ေလာက္တယ္ 🤣🤣🤣

ေနာက္ဆုံး အားလုံးရိုက္ အၿပီးထလို႔ရၿပီဆိုလို႔ထေတာ့ ေညာင္းတာ ကိုက္တာ နည္းနည္းမွမျဖစ္တဲ့အျပင္ လူကေပါ့ပါး လန္းဆန္းေနတာပဲ အားအျပည့္နဲ႔ စိတ္ကလည္း အေတာ္ေအးခ်မ္းေနတာ၊ ရိုက္တဲ့ လူေတြကေတာ့မ်က္ရည္ေတြနဲ႔ … ရိုက္ၿပီးတဲ့ အခ်ိန္မွာေတာ့ ညေန ၅နာရီခြဲနီးပါးျဖစ္ေတာ့မယ္ထင္တယ္။ အဲ့ေန႔ကစၿပီးတရားမွတ္ရတဲ့အရသာကို သိသြားၿပီး ဆက္တိုက္လုပ္ျဖစ္တာ၊ ဒါေပမယ့္လည္း မႏွစ္ကစၿပီး ဆဲစရာကိစၥေတြက ေတာက္ေလၽွာက္ေပၚလာတာပဲ ၾကာၾကာထိန္းမရလိုက္ပါဘူး အရာအားလုံး အတြက္ဆရာဦးသီ (ေဆးဆရာႀကီးအဘသီ) နဲ႔ ဆရာေအာင္ဗပါဝါကို ေက်းဇူးတင္ ရွိခိုးကန္ေတာ့ပါတယ္။ ” ဆိုၿပီး သူ႔ရဲ့အေတြ႕အၾကဳံကို ေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။

Y T