MRTV-4 ဇာတ်လမ်းတွဲ လေးတွေကနေ ပရိသတ်တွေ သတိထားမိပြီး ချစ်လာတာကတော့ မြတ်သူသူပဲဖြစ်ပါတယ်။ သူမကတော့ တက်သစ်စ မင်းသမီး တစ်ယောက် ဖြစ်ပေမယ့်လည်း အနုပညာအပေါ် ကြိုးစားတဲ့ စိတ်လေးတွေကြောင့် ပရိသတ် အားပေးမှုကို အချိန်ခဏလေး ရရှိအောင်မြင်လာတာပါ။
စိတ်ထား ဖြူစင်တာတွေကြောင့်လည်း ပိုပြီး အောင်မြင်လာတာပါ။ သူမရဲ့ လူမှုကွန်ရက်မှာလည်း အားပေးသူ ပရိသတ်တွေက အများအပြား တိုးလာတာပါ။ လူမှုကွန်ရက်ကနေလည်း သူမရဲ့ ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။
ခုလိုအနုပညာအလုပ်တွေ နားထားချိန်လေးမှာလည်း ပရိသတ်တွေနဲ့ မပြတ်အောင် social media ကနေ ပုံရိပ်လေးတွေ အမြဲတင်ပေးလေ့ရှိတာပါ။ ခုမှာလည်း V day အကြို စပရိုက်လေး တစ်ခုအကြောင်း ခုလိုပြောပြထားတာပါ။
ကဲ Vday အကြိုစပရိုက်ဆိုပြီး ရောက်ချလာတာ ပြန်ရောင်းရမလိုပဲ။ တကယ်စပရိုက်ဖြစ်ပါတယ် အခန်းရှေ့ ခဏထွက်ခဲ့ဆိုပြီး ပုံးကြီး (၂)ပုံးက ရောက်နေတာ …အခုလို အချိန်တွေမှာတောင် ပျော်အောင်ထားပေးတာ တကယ်ကျေးဇူးတင် ပျော်ရွှင်ရပါတယ် ကိုးရေ Edit-တယောက်ထဲမစားပါဘူး FA တွေကို ပြန်မျှပေးမှာပါ ဆိုပြီး ရေးသားထားခဲ့တာပါ။
Zawgyi