နိုင်ငံကျော် မင်းသားကြီး နေမျိုးအောင်ရဲ့သား သရုပ်ဆောင်မင်းထိုက်ရဲ့ချစ်သူ DJ Violet ကတော့ လူငယ်တစ်ယောက်ပီပီ သူဝါသနာပါတဲ့ အနုပညာလမ်း ကြောင်းမှာလျှောက်လှမ်းနေသလို အောင်မြင်မှုတွေများစွာလည်းရရှိနေသူပါ။ DJ Violet ဟာ လူငယ်တစ်ယောက်ဖြစ်ပေမယ့် အလှူအတန်းမှာရက်ရောပြီး သူမရဲ့ ဘဝအမှန်ကိုလည်း ချပြဖို့ဝန်မလေးတဲ့ ပွင့်လင်းရိုးသားသူလေးတစ်ယောက် ဖြစ်ပါတယ်။ ကြက်သားသည် DJ မလေးအဖြစ် ပရိသတ်တွေကြားမှာ နာမည် ကြီးတဲ့ DJ Violet ဟာ ဒီကနေ့မှာတော့ စိတ်မကောင်းစရာအဖြစ်နဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။
DJ Violet ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ DJ သွားတီးပြီး မန္တလေးမြို့ကိုအပြန် မနေ့က ဧပြီလ (၃) ရက်နေ့မှာ မြစ်ကြီးနားမြို့လေဆိပ်မှာ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ DJ Violet ကို ဖမ်းဆီးရခြင်းအကြောင်းအရင်းဟာ နိုင်ငံရေးအမှုတွေနဲ့သက်ဆိုင်မှုမရှိပဲ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထိန် းသိမ်းထားတာလို့လည်း သတင်းတွေထွက်ပေါ်နေလျက်ရှိတာပဲဖြစ်ပါတယ်။
DJ Violet ရဲ့ချစ်သူဖြစ်တဲ့ သရုပ်ဆောင် မင်းထိုက်နဲ့ သူ့ရဲ့မိဘတွေဖြစ်တဲ့ သရုပ်ဆောင်နေမျိုးအောင်တို့ဇနီးမောင်နှံကတော့ DJ Violet နဲ့ ပတ်သက်ပြီး ဘာကို မှ အတည်ပြုခြင်းမရှိသေးတာကို တွေ့ရပါတယ်။ သတင်းသာအမှန်ဖြစ်ခဲ့ရင် DJ Violet တစ်ယောက် အမြန်ဆုံး လွတ်မြောက်လာပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
source ; DJ Violet ‘ s f b
zawgyi
source ; DJ Violet ‘ s f b