ဖေ့စ်ဘုတ် ဆယ်လီဘရစ်တီတစ်ယောက်ဖြစ်တဲ့ ပန်ကိတ်ဒါဒါကတော့ သူမရဲ့ ခွန်အားဖြစ်စရာစာစုတွေနဲ့ သူမရဲ့ဘဝဖြတ်သန်းနေထိုင်မှုပုံစံတို့ကြောင့် ပရိသတ် တွေအားပေးခြင်းခံရသူတစ်ယောက်ဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းအထူးခံရတဲ့ ပန်ကိတ်ဒါဒါဟာ လက်ရှိ မှာတော့ သူမနဲ့ လူမျိုး ဘာသာချင်းလုံးဝမတူညီတဲ့ လူမျိုးခြားအမျိုးသားတစ်ယောက်နဲ့ သာယာတဲ့ အချစ်ရေးတစ်ခုကိုဖန်တီးနေလျက်ရှိပါတယ်။
ဒီ ကနေ့မှာတော့ ပန်ကိတ်ဒါဒါက သူမအတွက် အလုပ်တွေကြိုးစားနေတဲ့ချစ်သူလေးအကြောင်းကို “အလုပ်တွေ တအားကြိုးစားတဲ့ ချစ်သူ ခရီးမသွားခင်လေး ❤️ Love you my Bun Bun 🐻🥞 အဲ့လိုပဲ ကောင်လေးတွေက မိန်းမလိုချင်ပြီဆို အလုပ်တွေ တအားကြိုးစားကြတာလားမသိဘူး 🙈”ဆိုပြီး ပြောပြ လာခဲ့ပါတယ်။
ပန်ကိတ်ဒါဒါ က တော့ ပထမအကြိမ်အချစ်ရေးမှာ အဆင်မပြေခဲ့ပေမယ့် ဒီတစ်ခါအချစ်ရေးမှာတော့ သူမအပေါ် သစ္စာရှိပြီး ရှေ့ရေးအတွက်လည်း အလုပ်တွေ ကြိုးစားတတ်တဲ့ ချစ်သူလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
Source : Pancake Da Da ’ s f b
zawgyi