Posted on

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ မင်းမော်ကွန်းကတော့ လက်ရှိစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ စစ်အာဏာရှင် လူတစ်စုကို ဆန့်ကျင်တော်လှန်နေသူတစ်ယောက်ဖြစ်ပါတယ်။ မင်းမော်ကွန်းက တော်လှန်ရေးအတွက် ပြည်သူ့ထောက်ပို့တပ်သားတစ်ယောက်အ ဖြစ် အရေးတော်ပုံအတွက် လိုအပ်တဲ့ရန်ပုံငွေတွေကို ရှာဖွေပေးနေတာပဲဖြစ်ပါတယ်။ တော်လှန်ရေးအတွက် ပြည်သူအားလုံးကို အာရုံစိုက်စေချင်တဲ့ မင်းမော်ကွန်း ဟာ သူကိုယ်တိုင်လည်း မပြောင်းလဲတဲ့ခံယူချက်နဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်တော်လှန်နေဆဲဖြစ်ပါတယ်။

ဒီ ကနေ့ မတ်လ (၂၆) ရက်နေ့ကတော့ စစ်အာဏာရှင်တွေကို ကျဆုံးသွားခဲ့ပြီဖြစ်တဲ့ အဆိုတော် ဇေယျာသော်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မင်းမော်ကွန်းက တော့ လူ့လောကကြီးထဲမှာရှိမနေတော့တဲ့ သူငယ်ချင်းအတွက် “တော်လှန်နေဆဲပါ။ ဇေယျာသော် တော်လှန်မွေးနေ့ပါ။ ဘယ်တော့မှမပြောင်းလဲမဖေါက်ပြန်ပါ ။ ကတိ စကားပါ သူငယ်ချင်း”ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

မင်းမော်ကွန်း က တော့ သူငယ်ချင်းဇေယျာသော်ကျဆုံးသွားခဲ့ပြီဆိုပေမယ့် သူငယ်ချင်းအတွက်ပါ ဘယ်တော့မှမပြောင်းလဲ မဖောက်ပြန်တဲ့စိတ်ထားတဲ့ တော်လှန် နေ့ရက်တွေကို ရှေ့ဆက်နေဦးမယ်ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါ တယ် ။

source     Min  Maw  Kun  ‘ s   f b

zawgyi




source     Min  Maw  Kun  ‘ s   f b