သရုပ် ဆောင် ဘေဘီမောင်ကတော့ လူလှရုံသာမကပဲ လုံးဝန်းကျစ်လျစ်တဲ့ခန္ဓာကိုယ်အချိုးအစားကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်တစားအားပေးမှုကို ခံခဲ့ရတာ ပဲ ဖြစ်ပါတယ်။ ဘေဘီမောင်ဟာ အိမ်ထောင်ကျ ကလေးမွေးပြီးတဲ့နောက်မှာတော့ ခန္ဓာကိုယ်က ဝသွားခဲ့ပြီး သမီးလေး (၆) လကျော်တဲ့အချိန်မှာ ဝိတ်ပြန် ချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဘေဘီမောင်က သူမရဲ့ကမ်းခြေရောက်အမှတ်တရဓာတ်ပုံလေးကို တင်ပေးခဲ့ရာ သူမအနေနဲ့ ရေကူးဝတ်စုံဝတ် လို့ ညီမလေးသံစဉ်မောင်ဆီကနေ အဆူခံခဲ့ရကြောင်း ပြောပြလာပါတယ်။
ဘေဘီမောင် က “ကမ်းခြေရောက်ပြီးရေထဲမဆင်းဘူးလားမေးလို့💚 ဟီး ရေကူးဝတ်စုံကဘယ်သူဟာမှတ်လို့ သံစဉ်မောင်အခန်းကသွားယူဝတ်တာ😁 ရေကူး ဝတ်စုံမဝယ်တာ၃နှစ်ကျော်ပီလေ ကလေးရပြီးတော့ကပ်စေးနည်းပြီးမဝယ်တာရယ် ခလေးမွေးပြီးဗိုက်ပူနေတာရယ် မဝတ်ရဲလို့ဝယ်ဖြစ်ဘူးရယ်😁 ခုတော့ ရေကူဝတ်စုံဝတ်တာ ယောကျာ်းကမဆူပဲ သံစဉ်မောင်ကဆူနေပါတယ်လို့ 😫 သူဝယ်ထားတာယူဝတ်လို့တဲ့ခ်ခ်😝ပြန်ဝယ်ပေးမယ်လို့ချေချလိုက်တယ်😉” ဆို ပြီး ပြောလာပါတယ်။
ဘေဘီမောင် က တော့ ညီမလေးသံစဉ်မောင်ရဲ့ ရေကူးဝတ်စုံကို မပြောမဆိုပဲယူဝတ်မိတာကြောင့် ညီမလေးဆီကနေ အခူခံနေရတယ်လို့ ပြောလာခဲ့တာပဲ ဖြစ် ပါတယ်။ ပရိသတ်ကြီးလည်း ဘေဘီမောင်ရဲ့ ရေကူးဝတ်စုံလှလှလေးနဲ့ပုံရိပ်လေးကိုကြည့်ပြီး သဘောကျမယ်လို့ ထင်ပါတယ်နော်။
source ; Baby Maung ‘ s f b
zawgyi
source ; Baby Maung ‘ s f b