သရုပ်ဆောင် ပွင့် က တော့ ချစ်စရာကောင်းပြီး သူမရဲ့ ဝဝကစ်ကစ်ပုံစံလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို နှစ်တွေရှည်ကြာစွာ ခံယူရရှိထားသူတစ်ယောက် ပဲ ဖြစ်ပါတယ်။ နာမည်ရအနုပညာရှင်တစ်ယောက်ဖြစ်တာမို့ ချစ်ခင်မှုတွေ ဝေဖန်မှုတွေကို ရရှိနေတဲ့ ပွင့်ဟာ သူမမှာ အိမ်ထောင်ရှိတယ်ဆိုပြီးလည်း မကြာ ခဏအထင်ခံရသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပွင့်က သူမကို အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်ညစ်ရတယ်လို့ရေးသားထားတဲ့ပိုစ့်တစ်ခု ကြောင့် စိတ်အနှောင့်အယှ့်ဖြစ်ရကြောင်း အခုလိုပဲပြောလာပါတယ်။
“ ပွင့် က ခုချိန်ထိ တခါမှယောကျ်ားမယူဘူးတဲ့ အပျိုပါရှင့်။ဤမှန်သောသစ္စာစကားကြောင့်အပျိုကို အိမ်ထောင်သည်လို့ မဟုတ်တာစွပ်စွဲနာမည်ဖျက်နေသောသူ တွေ လည်းတူသောအကျိုးပေးပါစေဘုရား🙏🙏🙏။သတို့သမီးဝတ်စုံနဲ့ပုံကလည်း ပွင့်ကအနုပညာရှင်တယောက်မို့(Aroma Wedding show)မဂ်လာဝတ်စုံ ကြော်ငြာအနေနဲ့ရှိုးပွဲလျှောက်တုန်းက သတို့သမီးဝတ်စုံနဲ့ရှိုးပွဲလျှောက်တုန်းကပုံကို ယူသုံးပြီး ကောလဟလတွေ ဇာတ်လမ်းဆင်ရေးပြီးပွဲရှာတဲ့ page အတုက ဖွတဲ့ကောလဟာလသတင်းအတုပါ။အာ့အကြောင်းကိုလည်းအင်တာဗျူးတွေမှာရော Pwint-ပွင့် ရဲ့ blue mark ရထားတဲ့ followers 2.5Mရှိတဲ့ official page မှာ ရော အကြိမ်ကြိမ်ရှင်းပြရလွန်းလို့မောနေပါပြီအသဲတို့😍 အဲ့ဝတ်စုံကြော်ငြာရှိုးပွဲမှာ တွဲရိုက်ထားတဲ့ ဓါတ်ပုံထဲကသဘော်သားဝတ်စုံနဲ့မင်းသား ကလည်း ခုတော့ မင်းသား ဟိန်းရတုပါနော်😍 အာ့ချိန်တုန်းကတော့သူကမင်းသားသစ်မို့လူသိပ်မသိသေးလို့ပါ။ ပွင့် အင်တာဗျူးတိုင်းမှာ မြန်မာလို အပြည့်စုံ ဖြေထားပါတယ်နော်။ကာယကံရှင်ကိုယ်တိုင်ရှင်းပြနေတာကို ထပ်ပြီးလာရေးနေတာကတော့ လွန်လွန်းပါတယ်။ဝစီဗေဒထိတိုင်းရှမို့ အာ့လို page အတု ယောင်တွေက အပျိုတယောက်ကို မဟုတ်တဲ့ ခေါင်းစဉ်တလွဲတွေတပ်ပြီး လူစိတ်ဝင်စားအောင်လုပ်တာ ဝစီကံကိုမကြောက်/ဝဋ်ဆိုတာကို မကြောက်ပေမယ့် ကိုယ့်စေတနာကိုယ်အကျိုးပေးတာမို့ ကံ ကံ၏အကျိုးကို ရှောင်လွှဲလို့မရပါဘူး။ကိုယ်စိုက်တာကိုယ်ပြန်ရိတ်ရမှာပါ☺ အကုသိုလ်အထုပ်ယူသွားကြတာ အမ တို့ အတွက် စိတ်မကောင်းလို့ လူ့ဘဝရခိုက်မှာ သူများအကြောင်းမဟုတ်တာပြော အချိန်ကုန်ခံ အကုသိုလ်ပွားနေမယ့်အစား ကုသိုလ်/ပညာ/စီးပွားရှာ ပြီး လူပီသစွာ အကျိုးရှိရှိနေစေချင်တဲ့စေတနာနဲ့ပါနော်😍” ဆိုပြီး ပြောလာပါတယ်။
ပွင့် က တော့ သူမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သွားပုပ်လေလွင့်ပြောနေသူတွေကို တူသောအကျိုးပေးရရှိမှာသေချာကြောင်း ပြောလာခဲ့တာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးကလည်း ပွင့်ရဲ့ဖြေရှင်းချက်ကိုကြည့်ပြီး ပွင့်ဟာ အိမ်ထောင်မရှိတဲ့ လူလွတ်တစ်ယောက်ဖြစ်ကြောင်း သိရှိသွားကြမယ်ထင်ပါတယ်နော်။
source ; Pwint ’ s f b
zawgyi