ညိုမင်းလွင်ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်ကနေ သူဝါသနာပါတဲ့ ဒါရိုက်တာတစ်ယောက်အဖြစ်ကို တက်လှမ်းနိုင်ခဲ့ပြီး အောင်မြင်မှုတွေရရှိနေပြီပဲဖြစ်ပါတယ်။ ညိုမင်းလွင် ရိုက်ကူးခဲ့တဲ့ ညကျောင်း၊ နှင်းဆီစကားထာ၊ လူအများကိုဂျင်းထည့်ရန် ဇာတ်ကားတစ်ကားအလိုရှိသည်၊ မြမြ စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက အောင်မြင်မှုရရှိခဲ့ပြီး လူသိများခဲ့တာပဲဖြစ်ပပါတယ်။ လက်ရှိမှာလည်း The Teacher ဇာတ်ကားကြီးနဲ့ အောင်မြင်မှုတွေရရှိနေတဲ့ ညိုမင်းလွင်ဟာ ဒီကနေ့မှာတော့ သူကိုယ်တိုင် သူ့ရဲ့အစဉ်အလာကိုချိုးဖောက်ခဲ့တဲ့ ရိုက်ကွင်းပေါ်က အမှတ်တရကိုပြောလာပါတယ်။
ညိုမင်းလွင်က “ကျွန်တော်က ကျွန်တော့် shooting မှာအရက်သောက်တာကိုလုံးဝမကြိုက်တဲ့သူထဲမှာပါ ပါတယ်။ သရုပ်ဆောင်တစ်ယောက်အရက်သောက်လာရင် ဆက်မရိုက်တော့ပဲရပ်ပစ်လိုက်တဲ့အထိအဲဒီကိစ္စကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ ဒါပေမယ့် The Teacher ရိုက်ကွင်းမှာတော့ သန်းဓနစိုးလိုသရုပ်ဆောင်သစ်တစ်ယောက်ကို ကျွန်တော်လိုချင်တဲ့ရီဝေဝေမျက်လုံးတွေရအောင် ကျွန်တော်ကိုယ်တိုင်ပဲ အရက်တိုက်ခဲ့ပါတယ်။ သူ့အတွက်ရော ကျွန်တော့်အတွက်ပါ အမှတ်တရပါ” ဆိုပြီး သရုပ်ဆောင် သန်းဓနစိုးအကြောင်းကိုပြောလာပါတယ်။
ညိုမင်းလွင်ကတော့ The Teacher ရိုက်ကွင်းမှာ သရုပ်ဆောင်သစ် သန်းဓနစိုးကို သူလိုချင်တဲ့ မျက်လုံးအိုက်တင်မျိုးရဖို့အတွက် သူကိုယ်တိုင်အရက်တိုက်ပြီး ဇာတ်ကားရိုက်ကူးခဲ့ကြောင်း ပြောလာပါတယ်။ ညိုမင်းလွင်ရဲ့ The Teacher ဇာတ်ကားကတော့ တကယ့်ကို အမှတ်တရတွေအပြည့်နဲ့ပါပဲနော်။
source ; Nyo Min Lwin ’ s f b
zawgyi
ညိဳမင္းလြင္ကေတာ့ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ကေန သူဝါသနာပါတဲ့ ဒါရိုက္တာတစ္ေယာက္အျဖစ္ကို တက္လွမ္းနိုင္ခဲ့ၿပီး ေအာင္ျမင္မႈေတြရရွိေနၿပီပဲျဖစ္ပါတယ္။ ညိဳမင္းလြင္ ရိုက္ကူးခဲ့တဲ့ ညေက်ာင္း၊ ႏွင္းဆီစကားထာ၊ လူအမ်ားကိုဂ်င္းထည့္ရန္ ဇာတ္ကားတစ္ကားအလိုရွိသည္၊ ျမၿမ စတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြက ေအာင္ျမင္မႈရရွိခဲ့ၿပီး လူသိမ်ားခဲ့တာပဲျဖစ္ပပါတယ္။ လက္ရွိမွာလည္း The Teacher ဇာတ္ကားႀကီးနဲ႔ ေအာင္ျမင္မႈေတြရရွိေနတဲ့ ညိဳမင္းလြင္ဟာ ဒီကေန႔မွာေတာ့ သူကိုယ္တိုင္ သူ႔ရဲ့အစဥ္အလာကိုခ်ိဳးေဖာက္ခဲ့တဲ့ ရိုက္ကြင္းေပၚက အမွတ္တရကိုေျပာလာပါတယ္။
ညိဳမင္းလြင္က “ကၽြန္ေတာ္က ကၽြန္ေတာ့္ shooting မွာအရက္ေသာက္တာကိုလုံးဝမႀကိဳက္တဲ့သူထဲမွာပါ ပါတယ္။ သ႐ုပ္ေဆာင္တစ္ေယာက္အရက္ေသာက္လာရင္ ဆက္မရိုက္ေတာ့ပဲရပ္ပစ္လိုက္တဲ့အထိအဲဒီကိစၥကိုတင္းတင္းၾကပ္ၾကပ္တားျမစ္ထားပါတယ္။ ဒါေပမယ့္ The Teacher ရိုက္ကြင္းမွာေတာ့ သန္းဓနစိုးလိုသ႐ုပ္ေဆာင္သစ္တစ္ေယာက္ကို ကၽြန္ေတာ္လိုခ်င္တဲ့ရီေဝေဝမ်က္လုံးေတြရေအာင္ ကၽြန္ေတာ္ကိုယ္တိုင္ပဲ အရက္တိုက္ခဲ့ပါတယ္။ သူ႔အတြက္ေရာ ကၽြန္ေတာ့္အတြက္ပါ အမွတ္တရပါ” ဆိုၿပီး သ႐ုပ္ေဆာင္ သန္းဓနစိုးအေၾကာင္းကိုေျပာလာပါတယ္။
ညိဳမင္းလြင္ကေတာ့ The Teacher ရိုက္ကြင္းမွာ သ႐ုပ္ေဆာင္သစ္ သန္းဓနစိုးကို သူလိုခ်င္တဲ့ မ်က္လုံးအိုက္တင္မ်ိဳးရဖို႔အတြက္ သူကိုယ္တိုင္အရက္တိုက္ၿပီး ဇာတ္ကားရိုက္ကူးခဲ့ေၾကာင္း ေျပာလာပါတယ္။ ညိဳမင္းလြင္ရဲ့ The Teacher ဇာတ္ကားကေတာ့ တကယ့္ကို အမွတ္တရေတြအျပည့္နဲ႔ပါပဲေနာ္။
source ; Nyo Min Lwin ’ s f b