သရုပ် ဆောင်မင်းသားဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားတွေရဲ့ ဘုရင်လို့ဆိုရလောက်အောင် ဗီဒီယိုဇာတ်ကားရာကျော်ရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပါတယ် ။ ဇေရဲထက်ဟာ နောက်ပိုင်းမှာတော့ ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပဲ ပရိသတ်တွေနဲ့ ဝေးကွာသွား ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေက တော့ ဇေရဲထက်ကို အရင်အတိုင်းချစ်ပြီး အားပေးနေကြဆဲဖြစ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးလည်း မစဉ်းစားသေးတဲ့ ဇေရဲထက်ဟာ တစ် ကိုယ်တည်းလူပျိုကြီးအဖြစ်နဲ့ မိသားစုတွေနဲ့အတူတူနေထိုင်နေဆဲဖြစ်ပါတယ်။
ဒီ ကနေ့မှာတော့ ဇေရဲထက်က သူ့ရဲ့ညီမလေးကို တန်ဖိုးထားမြတ်နိုးစွာနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ယောက်ဖလောင်းလေးကြောင့် အစ်ကိုတစ်ယောက်အနေနဲ့ ပျော် ရွှင်ရကြောင်းပြောလာပါတယ်။ ဇေရဲထက်က “ငါ့ညီလေးတစ်ယောက်ထပ်တိုးလာပြီ။ အရမ်းချစ်တယ်နော် နှစ်ယောက်လုံး။ မိသားစုလေးထပ်တိုးလာ ပြီ . . ပျော်လိုက်တာ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်ာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။
ဇေရဲထက် က တော့ ညီမအရင်းလေးကို တန်ဖိုးထားချစ်မြတ်နိုးစွာနဲ့ လက်ထပ်ခွင့်တောင်းတဲ့ ယောက်ဖလောင်းလေးကြောင့် အစ်ကိုတစ်ယောက်အနေနဲ့ သ ဘောကျနေတာပဲဖြစ်ပါတယ်။ ဇေရဲထက်တစ်ယောက်လည်း ဘဝလက်တွဲဖော်အမြန်ဆုံးရှာဖွေတွေ့ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit :
zawgyi
Credit :