သရုပ် ဆောင် ထက်ထက်ထွန်းကတော့ Miss Universe Myanmar 2016 ဆုရှင်တစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ် ။ ထက်ထက်ထွန်း ဟာ ပြီးခဲ့တဲ့ လကထုတ်လွှင့်ပြသခဲ့တဲ့ “သမီးဆိုး” ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အဆိုပါဇာတ်ကားထဲက ရွှေပုံဧရာ ဆို တဲ့ ဇာတ်ကောင်နဲ့ အောင်မြင်မှုတွေအကြီးအကျယ်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ “သမီးဆိုး” ဇာတ်လမ်းတွဲဟာ ထက်ထက်ထွန်းရဲ့အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး သူမအနေနဲ့ အနုပညာအလုပ်တွေကိုရှေ့ဆက်ပြီးအများကြီးလုပ်ခွင့်ရတဲ့ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။
ဒီ က နေ့ မှာလည်း ထက်ထက်ထွန်းက သူမကို ပရိသတ်တွေအနေနဲ့ ပြန်လည်တွေ့မြင်ရမယ့် ဇာတ်ကာလေးနဲ့ မိတ်ဆက်ပေးလာပါတယ်။ ထက်ထက်ထွန်းက “ အိမ် ထောင်တစ်ခု တည်ဆောက်ဖို့ အစီအစဉ်ရှိသူတွေ… အိမ်ထောင်တခု တည်ဆောက်ပြီးသားသူတွေ… အိမ်ထောင်တည်မြဲအောင် ထိန်းသိမ်းနေသူတွေ… အိမ်ထောင် တခုကို တည်ဆောက်ပြီးမှ စွန့်လွှတ်ခဲ့ရသူတွေ… အိမ်ထောင်တခုကို ဖျက်ဆီးဖို့ ကြိုးစားနေသူတွေ… မျှော်လင့်စောင့်စားပြီး ထပ်တူခံစားရစေမယ့် … “ အိမ် ထောင် “ Coming Soon” ဆိုပြီး ပြောလာပါတယ်။
ထက်ထက်ထွန်း က တော့ အိမ်ထောင်ရေးဇာတ်ကားကောင်းဖြစ်မယ့် “အိမ်ထောင်” ဆိုတဲ့ ဇာတ်ကားလေးမှာလည်း ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးလည်း ထက်ထက်ထွန်းရဲ့ ဇာတ်ကားသစ်လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။
source : Htet Htet Htun ‘ s f b
zawgyi