အနု ပညာလောက မှာ နှစ်ပေါင်းများစွာ ကြာအောင် ရပ်တည်နိုင် ခဲ့ပြီး ဇာတ်ရုပ်မျိုးစုံမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦး ဖြစ်သော ဦးဝင်းမြိုင် ကို တော့ မိတ်ဆက်ပေးစရာ မလိုတော့အောင် အားလုံး သိပြီးသား ဖြစ်မှာပါပဲနော်။

ဦးဝင်းမြိုင် ဟာ ဆိုရင် ယခုနောက်ပိုင်းနှစ်တွေမှာ အသက်အရွယ်ကြီးရင့် လာတာနဲ့အမျှ အဖေခန်းတွေ မှာ သရုပ်ဆောင်နေခဲ့ရသူ တစ်ဦးဖြစ်ပြီး ဝါရင့်အနု ပညာရှင် တစ်ဦးပီပီသူဌေးခန်း ဆင်းရဲသားခန်းတွေ သာမက ကျရာဇာတ်ရုပ်တိုင်းမှာလည်း အကောင်းဆုံး ပုံဖော်နိုင်ခဲ့တာကြောင့် ပရိသတ် အားပေးမှု အခိုင် အမာ ရယူပိုင်ဆိုင်ထားသော သူတစ်ဦးလို့ ဆိုရမှာပါနော်။

ယခု အခါ မှာဆော့ ဦးဝင်းမြိုင်က အကယ်ဒမီပေးပွဲနှင့် ပတ်သက်ပြီး သူ့ရဲ့ အယူအဆ သဘောထားတွေ ကို ခုလို ချပြ ပြောကြားလို့ လာခဲ့တာကို တွေ့မြင် ရပါတယ် ။ “အနုပညာလောကသားတွေ အတွက် အကယ်ဒမီပေးပွဲ ဆိုတာကို ကျင်းပစေချင်တယ်။ အားလုံးကိုလည်း ဝိုင်းဝန်းပြီး ကူညီစေချင် ပါတယ်။ဖြတ်လျှောက် ပါတဲ့သူကအစအကယ်ဒမီကို မျှော်လင့်ကြတာ ပါပဲ။ သရုပ်ဆောင်တိုင်း မျှော်လင့်ခွင့် ရှိတယ်။ ရခြင်း မရခြင်းကတော့ သူတို့ကံပါပဲ၊ အကယ်ဒမီပေးပွဲ မ တတ်ရောက်တဲ့ အနုပညာသမားတွေကိုလည်း အပြစ်မပြောပါဘူး။” ဆိုပြီး အကယ်ဒမီ ပေးပွဲ ကျင်းပမည့်အကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့သထေားကို ​သရုပ် ဆောင် ဦးဝင်းမြိုင်က ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော်။

crd :

zawgyi




crd :