သရုပ် ဆောင် နန္ဒာလှိုင် က တော့ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပေမယ့် အိမ်ထောင်ကျပြီးသွားချိန် မှာတော့ အနုပညာအလုပ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပဲဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့မောင်အရင်းဖြစ်သူ မောင်ဟာလည်း ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရဆဲအချိန်မှာပဲ အနုပညာအလုပ်ကိုစွန့်လွှတ်ခဲ့ပြီး သာမာန်လူတစ်ယောက်အဖြစ်သာ နေထိုင်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ မတ်လ (၁၄) ရက် နေ့မှာတော့ နန္ဒာလှိုင်တို့ရဲ့ဖခင်ကြီး ဦးချိန်လှိုင်ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး မောင်က ဖခင်ရဲ့ နာရေးသတင်းနဲ့ပတ်သက်ပြီး အခုလိုပဲအသိပေးလာပါတယ်။
မောင် က “ညိုးငယ်သောစိတ်ထားဖြင့်အသိပေးအကြောင်းကြားခြင်း ရန်ကုန်မြို့နေ အဖ (ဦးဝမ်းခင်) အမိ (ဒေါ်ကျင်မြိုင်) တို့၏သား၊ (ဦးရွှေ)+(ဒေါ်ဖွားရှိန် ) တို့ ၏ သားသမက်၊ ဒေါ်ခင်လှ၏ ချစ်လှစွာသောခင်ပွန်း၊ (ဦးဘဝါ) + ဒေါ်ကေတင် (ဦးချိန်ဟုတ်)+ဒေါ်ကင်ဝှါး တို့၏ ညီမောင် ၊ ဦးကျော်ကျော်မင်း+ဒေါ်သိမ့်သိမ့်လှိုင် ၊ ဦးဇေသီဟ+ဒေါ်နန္ဒာလှိုင်၊ (ဦးငွေဇော်)+ဒေါ်နွေးနွေးလှိုင်၊ ဒေါ်သင်းသဇင်လှိုင်၊ Dr. စိုးလွင်ထက်+ Dr. မြတ်စပယ်လှိုင်၊ Dr. စိန်ဖြိုးလှိုင်+ဒေါ်ရီရီပွင့်ဖြူ တို့၏ မွေးသဖခင်ကျေးဇူးရှင်၊ မောင်အောင်ဘုန်းကျော်၊ မမနောဖြူသန့်၊ မသီရိဖြူသန့်၊ မဇေဝတီလှိုင်၊ မဇေရတီလှိုင်၊ မဇေမဒီလှိုင်၊ မောင်ရဲရင့်ဇော်၊ မသော်တာဇော် ၊ မခင်ငြိမ်းချမ်းဇော်၊ မောင်ထက်အောင်ဝင့်တို့၏ ဘိုးဘိုး ဦးချိန်လှိုင် သည် ၁၄.၃.၂၀၂၃ အင်္ဂါနေ့ နံနက် ၇:၁၅ အချိန်တွင် ဘဝတစ်ပါးသို့ ကူး ပြောင်းသွားပါသဖြင့် ၁၅.၃.၂၀၂၃ နေ့လည် ၁နာရီတွင် ရေဝေးသုဿာန်တွင် မီးသဂြိုဟ်မည်ဖြစ်ကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုး မိတ်သင်္ဂဟ ရအပေါင်းတို့အား ညှိုးငယ်သောစိတ်ထားဖြစ်အကြောင်းကြားအပ်ပါသည်။ နေအိမ်မှကားများ နေ့လည် ၁၁:၃၀ တွင်စတင်ထွက်ခွါပါမည်ဖြစ်ပါသည်။ ကျန်ရစ်သူမိသားစု ပူ ဆွေးသောကရောက်နေချိန်ဖြစ်ပါသဖြင့် သတင်း မီဒီယာများ သတင်းလာရောက်ရိုက်ကူးခြင်းမပြုလုပ်ရန် လေးစားစွာတောင်းပန်အပ်ပါသည်။” ဆိုပြီး မောင် က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးထားပါတယ်။
မောင် နဲ့ နန္ဒာလှိုင်တို့ရဲ့ ဖခင်ကြီးဟာ ကွယ်လွန်သွားချိန်မှာ အသက် (၈၀) ရှိနေပြီဖြစ်ပြီး လူကြီးရောဂါနဲ့ပဲ ဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။ မောင်တို့ရဲ့ ဖခင်ကြီး ဦးချိန်လှိုင် ကောင်းရာ မွန်ရာဘုံဘဝကိုရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
source : Maung ’ s f b
zawgyi
သ႐ုပ္ ေဆာင္ နႏၵာလွိုင္ က ေတာ့ တစ္ေခတ္တစ္ခါက လၽွမ္းလၽွမ္းေတာက္ေက်ာ္ၾကားခဲ့တဲ့ ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္ေပမယ့္ အိမ္ေထာင္က်ၿပီးသြားခ်ိန္ မွာေတာ့ အႏုပညာအလုပ္ေတြနဲ႔ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့တာပဲျဖစ္ပါတယ္။ နႏၵာလွိုင္ရဲ့ေမာင္အရင္းျဖစ္သူ ေမာင္ဟာလည္း ဗီဒီယိုဇာတ္ကားေတြ ရိုက္ကူးေနရဆဲအခ်ိန္မွာပဲ အႏုပညာအလုပ္ကိုစြန႔္လႊတ္ခဲ့ၿပီး သာမာန္လူတစ္ေယာက္အျဖစ္သာ ေနထိုင္ေနခဲ့တာပဲျဖစ္ပါတယ္။ ဒီကေန႔ မတ္လ (၁၄) ရက္ ေန႔မွာေတာ့ နႏၵာလွိုင္တို႔ရဲ့ဖခင္ႀကီး ဦးခ်ိန္လွိုင္ကြယ္လြန္သြားခဲ့ၿပီျဖစ္ၿပီး ေမာင္က ဖခင္ရဲ့ နာေရးသတင္းနဲ႔ပတ္သက္ၿပီး အခုလိုပဲအသိေပးလာပါတယ္။
ေမာင္ က “ညိဳးငယ္ေသာစိတ္ထားျဖင့္အသိေပးအေၾကာင္းၾကားျခင္း ရန္ကုန္ၿမိဳ႕ေန အဖ (ဦးဝမ္းခင္) အမိ (ေဒၚက်င္ၿမိဳင္) တို႔၏သား၊ (ဦးေရႊ)+(ေဒၚဖြားရွိန္ ) တို႔ ၏ သားသမက္၊ ေဒၚခင္လွ၏ ခ်စ္လွစြာေသာခင္ပြန္း၊ (ဦးဘဝါ) + ေဒၚေကတင္ (ဦးခ်ိန္ဟုတ္)+ေဒၚကင္ဝွါး တို႔၏ ညီေမာင္ ၊ ဦးေက်ာ္ေက်ာ္မင္း+ေဒၚသိမ့္သိမ့္လွိုင္ ၊ ဦးေဇသီဟ+ေဒၚနႏၵာလွိုင္၊ (ဦးေငြေဇာ္)+ေဒၚေႏြးေႏြးလွိုင္၊ ေဒၚသင္းသဇင္လွိုင္၊ Dr. စိုးလြင္ထက္+ Dr. ျမတ္စပယ္လွိုင္၊ Dr. စိန္ၿဖိဳးလွိုင္+ေဒၚရီရီပြင့္ျဖဴ တို႔၏ ေမြးသဖခင္ေက်းဇူးရွင္၊ ေမာင္ေအာင္ဘုန္းေက်ာ္၊ မမေနာျဖဴသန႔္၊ မသီရိျဖဴသန႔္၊ မေဇဝတီလွိုင္၊ မေဇရတီလွိုင္၊ မေဇမဒီလွိုင္၊ ေမာင္ရဲရင့္ေဇာ္၊ မေသာ္တာေဇာ္ ၊ မခင္ၿငိမ္းခ်မ္းေဇာ္၊ ေမာင္ထက္ေအာင္ဝင့္တို႔၏ ဘိုးဘိုး ဦးခ်ိန္လွိုင္ သည္ ၁၄.၃.၂၀၂၃ အဂၤါေန႔ နံနက္ ၇:၁၅ အခ်ိန္တြင္ ဘဝတစ္ပါးသို႔ ကူး ေျပာင္းသြားပါသျဖင့္ ၁၅.၃.၂၀၂၃ ေန႔လည္ ၁နာရီတြင္ ေရေဝးသုႆာန္တြင္ မီးသၿဂိဳဟ္မည္ျဖစ္ေၾကာင္း ရပ္နီးရပ္ေဝးမွ ေဆြမ်ိဳး မိတ္သဂၤဟ ရအေပါင္းတို႔အား ညႇိုးငယ္ေသာစိတ္ထားျဖစ္အေၾကာင္းၾကားအပ္ပါသည္။ ေနအိမ္မွကားမ်ား ေန႔လည္ ၁၁:၃၀ တြင္စတင္ထြက္ခြါပါမည္ျဖစ္ပါသည္။ က်န္ရစ္သူမိသားစု ပူ ေဆြးေသာကေရာက္ေနခ်ိန္ျဖစ္ပါသျဖင့္ သတင္း မီဒီယာမ်ား သတင္းလာေရာက္ရိုက္ကူးျခင္းမျပဳလုပ္ရန္ ေလးစားစြာေတာင္းပန္အပ္ပါသည္။” ဆိုၿပီး ေမာင္ က သူ႔ရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အသိေပးထားပါတယ္။
ေမာင္ နဲ႔ နႏၵာလွိုင္တို႔ရဲ့ ဖခင္ႀကီးဟာ ကြယ္လြန္သြားခ်ိန္မွာ အသက္ (၈၀) ရွိေနၿပီျဖစ္ၿပီး လူႀကီးေရာဂါနဲ႔ပဲ ဆုံးပါးသြားခဲ့တာပဲျဖစ္ပါတယ္။ ေမာင္တို႔ရဲ့ ဖခင္ႀကီး ဦးခ်ိန္လွိုင္ ေကာင္းရာ မြန္ရာဘုံဘဝကိုေရာက္ရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
source : Maung ’ s f b