သရုပ် ဆောင် ထက်ထက်မိုးဦးက လူကိုချိုးသလိုနိမ်သလို လာဆက်ဆံတာရီချင်တယ်၊ ငိုချင်တာမဟုတ်ဖူး၊ မျက်လုံးထဲ မှာမြင်ကြည့်လိုက်ကြစမ်းပါ၊ ကိုယ်တွေ က ဘယ်သူ့စိန်နားကပ်နဲ့မှပါးမပြောင်ခဲ့ဘူး၊ ငယ်ကထဲကနဖူးကချွေးခြေမထိကျအောင်ရှာစားလာခဲ့တာ၊ ကိုယ်ရှာတဲ့ပိုက်ဆံနဲ့ကိုယ့်စိတ်ကြိုက်လှူနိုင်တန်းနိုင် သုံးနိုင်ခဲ့တာ။

မိဘ နားလက်ဖြန့်တောင်းပြီး အပူကပ်ပီးကြီးပြင်းခဲ့တာမဟုတ်ဖူး၊ လာချိုးနိမ်ပြောရအောင် စားစရာမရှိလို့အလုပ်မရှိလို့ သူ့ပတ်ဝန်းကျင်နားလာတယ်မှတ်နေလား မသိဘူး။ လူဆိုတာလူမှု့ရေးရှိရမယ်၊ မိတ်ဆွေကောင်းတွေရှိရမယ်၊ ချမ်းသာတဲ့လူတွေကိုဖားစရာအကြောင်းမရှိသလိုဆင်းရဲတဲ့လူတွေကိုလဲနိမ်စရာမလိုဘူး  ။

ကိုယ့် အစွမ်းအစနဲ့ အလုပ်ကိုပဲအာရုံစိုက်ပြီးမှန်မှန်ကန်ကန်ကြိုးစား ရုန်းကန်လာတာ၊ ရှေ့နောက်မစဉ်းစားပဲပြောကြေးဆိုငါလေအရင်လိုပါးချည်းပဲချပစ်ချင်တာ အားရပါးရသိလား၊ ရှင်တို့တော့ဘယ်သူပါလိမ့်တွေးနေမှာမလား၊ မတွေးနဲ့ငယ်ငယ်ကကြည့်ဖူးတဲ့ကာတွန်းကားထဲကစုန်းမကြီးကိုပဲမြင်ယောင် လိုက်တော့ နော်တပုံစံထဲပဲ ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်။

crd :

zawgyi




crd :