မျက်ခုံး ထူထူနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်တဲ့ မင်းသားချော ဥက္ကာမင်းမောင်ကတော့ အလှမောင်တစ်ယောက်အဖြစ်ကနေ သ ရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က လက်ရှိမှာ နိုင်ငံရပ်ခြားမှာနေထိုင်နေတာမို့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့ရပေမယ့် သူ အားရင်အားတဲ့အချိန်တွေမှာတော့ မြန်မာပြည်ပြန်လာပြီး ဇာတ်ကားတွေရိုက်ကူးဖြစ်တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဥက္ကာမင်းမောင်က လွန်ခဲ့တဲ့ (၆) နှစ် က ရိုက်ကူးခဲ့တဲ့ “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး အခုလိုပဲပြောလာပါတယ်။
ဥက္ကာမင်းမောင် က “ကျွန်တော်ဟာသကားရိုက်ရင် ရှူတင်မှာ အရယ်သန်ချက်က ရုပ်ပျက်ဆင်းပျက်.. 🤣 အိန္ဒြေရှင်ဆိုတာ ဒါမျိုး.. လွန်ခဲ့သော ၆ နှစ် memory လေး ပြန်တက်လာလို့… ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင် ရိုက်တုန်းက ကိုယ် ရယ်တာကို ထိုင်စောင့်ပြီးမှ ဆက်ရိုက်လို့ရတယ်.. ခွီတာ ခွီတာဆိုတာ.. ကျွန်တော် ရယ်ရင် အော်ကြီးဟစ်ကျယ် ရပ်ကွက်လိုရယ်တာ မြင်တဲ့အတိုင်းပဲ.. ဟားဟား..😁” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ “ဝက်ဝက်ကွဲအောင်ပွင့် ” ရုပ် ရှင်ဇာတ်ကားကြီး ရိုက်ကွင်းပေါ်က အမှတ်တရလေးနဲ့တကွပြောလာတာပဲဖြစ်ပါတယ်။
ဥက္ကာမင်းမောင် က တော့ အရယ်သန်လွန်းတဲ့အကျင့်ကြောင့် ဟာသကားရိုက်ရင် ရယ်ကြောမပြတ်တာကြောင့် သရုပ်ဆောင်တွေနဲ့ ရှုတင်အဖွဲ့သားတွေက သူရယ် တာ ကို စောင့်ပြီးမှ ဆက်ရိုက်လို့ရတဲ့အကြောင်း ပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်တွေထဲမှာလည်း ဥက္ကာမင်းမောင်လို အရယ်သန်လွန်းတဲ့သူတွေရှိမယ် ထင် ပါတယ်နော်။
source : Okkar Min Maung ’ f b
zawgyi
ဥက္ကာမင်းမောင် က “ကျွန်တော်ဟာသကားရိုက်ရင် ရှူတင်မှာ အရယ်သန်ချက်က ရုပ်ပျက်ဆင်းပျက်.. 🤣 အိနြေ္ဒရှင်ဆိုတာ ဒါမျိုး.. လွန်ခဲ့သော ၆ နှစ် memory လေး ပြန်တက်လာလို့… ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင် ရိုက်တုန်းက ကိုယ် ရယ်တာကို ထိုင်စောင့်ပြီးမှ ဆက်ရိုက်လို့ရတယ်.. ခွီတာ ခွီတာဆိုတာ.. ကျွန်တော် ရယ်ရင် အော်ကြီးဟစ်ကျယ် ရပ်ကွက်လိုရယ်တာ မြင်တဲ့အတိုင်းပဲ.. ဟားဟား..😁” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ “ဝက်ဝက်ကွဲအောင်ပွင့် ” ရုပ် ရှင်ဇာတ်ကားကြီး ရိုက်ကွင်းပေါ်က အမှတ်တရလေးနဲ့တကွပြောလာတာပဲဖြစ်ပါတယ်။