မိန်းကလေးတစ်ယောက်လိုဝတ်ဆင်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် လူသိများလာတဲ့သူကတော့ ဇာတ်ပို့သရုပ်ဆောင် ရဲလေးမပဲဖြစ်ပါတယ် ။ ရဲလေးမဟာ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာကိုပါ အပြည့်အဝရရှိထားသူပဲဖြစ်ပါတယ်။
လက်ရှိအချိန်အထိလဲ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ် ။ သရုပ်ဆောင်ရဲလေးမက မုန့်ဟင်းခါးက တစ်နေ့ကို (၄)သိန်းကျော်ဖိုး ရောင်းရကြောင်းကို ခုလိုပဲ ထုတ်ကြွားလာပါတယ်။
သရုပ်ဆောင် ရဲလေးမက မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် လမ်းသွယ်တစ်ဆယ် မနက်ဈေးအနီးမှာ ရဲလေးမ မုန့်ဟင်းခါးဆိုင်ခွဲလေး ထပ်မံဖွင့်လှစ်ထားပါတယ်နော် ဖွင့်ပွဲလေးမှာ တက်ရောက်ချီးမြှင့် အားပေးကြတဲ့ ချစ်သောမိတ်ဆွေများကို ကျေးဇူးတင်ပါကြောင်းနဲ့ ကောင်းသည်ထက် ကောင်းအောင် ကြိုးစားနေမယ့် ရဲလေးမမုန့်ဟင်းခါးပါလို့ ပြောရင်း ဆက်လက်ရှင်သန်မယ့် ရဲလေးမမုန့်ဟင်းခါး ပါနော်အားလုံးကိုချစ်ပါတယ် ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ် ။
crd :
zawgyi
crd :