အလှမယ် သင်းသင်း က တော့ နာမည်ကြီး မင်းသားတစ်ယောက်နဲ့ အမှုအခင်းတွေဖြစ်ခဲ့ပြီး ပရိသတ်တွေကြားမှာ လူသိများလာခဲ့တာပဲ ဖြစ်ပါတယ်။ သင်းသင်း ဟာ အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်ပြီး သူမရဲ့ဘဝကိုလည်း အကောင်းဆုံးရှေ့ဆက်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒီက နေ့ မှာ တော့ သင်းသင်းက ပထမတစ်ကြိမ်မှာမှားယွင်းခဲ့တဲ့အချစ်ရေးကြောင့် အိမ်ထောင်ပြုဖို့အကြောင်းကိစ္စကိုတော့ လေးလေးနက်နက်စဉ်းစားထားကြောင်း ပြောလာပါတယ်။

သင်းသင်း က “ဘဝမှာလေ လူစိတ်ရှိတဲ့ ယောကျာ်းနဲ့ပဲ ဆုံချင်တယ် တကယ်ပြောတာ.. ရုပ်ရည်ချောမောတာ ချမ်းသာကြွယ်ဝတာ.. အရာအားလုံးဟာ အလ ကားပဲ။ လူစိတ်ရှိပြီး ကိုယ်ချင်းစာတရားရှိမှ တည်မြဲတဲ့ —ချစ်သူ ရည်စား အိမ်ထောင်ဖြစ်မှာပါ—” ဆိုပြီး သူမခံယူထားတဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ပြောလာ တာပဲ ဖြစ်ပါတယ်။

သင်းသင်း က တော့ လက်ရှိမှာ သူမကိုတန်ဖိုးထားမြတ်နိုးတဲ့ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး သူမအနေနဲ့ အိမ်ထောင်ဘက်ကို ရုပ်ရည်ချောမောတာ ချမ်း သာကြွယ်ဝတာတွေထက် ကိုယ်ချင်းစာတရားရှိတဲ့သူကိုပဲ ရွေးချယ်မယ်လို့ပြောလာတာပဲဖြစ်ပါတယ်။

source :  Thin   Thin ’ s  f b

zawgyi




source :  Thin   Thin ’ s  f b