မင်းသမီး ချောလေး ရွှေပိုးအိမ်ကတော့ လတ်တလောမှာဆိုရင် သီချင်းတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ် ဆောင် နေတာဖြစ်ပါတယ်။ရွှေပိုးအိမ်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်းရှိလို့ သူမကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိနေတာပဲဖြစ် ပါတယ်နော်။ရွှေပိုးအိမ်ရဲ့ အားသာချက်တစ်ခုကတော့ အမြဲတမ်းပြုံးနေတတ်ပြီး ချစ်စရာကောင်းစွာနေတတ်တာကြောင့် ပရိသတ်တွေက ပိုလို့တောင်ချစ် ကြတာဖြစ်ပါတယ်။

လှပြီး သားသူဖြစ်ပေမယ့် လှသထက်လှအောင်ပိုမိုပြောင်းလဲတတ်တဲ့ ရွှေပိုးအိမ်ဟာ ဒီကနေ့မှာလည်း သူမရဲ့ ကြီးကြီးမားမားပြောင်းလဲမှုကိုပြသလာပါတယ်။ ရွှေပိုးအိမ် က “Grand Plastic Surgery Center မှာ ဗိုက်ကို liposuction အောင်မြင်စွာလုပ်ပြီးပါကြောင်း.. Before after လေးကို Vlog နဲ့ ပြမယ်နော်” ဆိုပြီး သူမ ရဲ့ ဗိုက်ကို အဆီထုတ်ခဲ့တဲ့အကြောင်းကို ပရိသတ်တွေဆီ ပွင့်လင်းစွာပြောလာတာပဲဖြစ်ပါတယ်။

ရွှေပိုးအိမ် က တော့ ခန္ဓာကိုယ်ဝမ်းဗိုက်ကအဆီတွေကို ခေတ်မှီနည်းပညာတွေအသုံးပြုပြီး အဆီထုတ်ပစ်ခဲ့တာပဲဖြစ်ပါတယ်။ ရွှေပိုးအိမ်ရဲ့ ခန္ဓာကိုယ်လေး ဘယ် လောက်တောင်ပြောင်းလဲပြီး လှပသွားမလဲဆိုတာ ပရိသတ်ကြီးလည်းသိချင်နေကြပြီထင်ပါတယ်နော်။

crd :

zawgyi




crd :