Posted on

ပရိသတ် ကြီးရေဆယ်လီနေဆန်းဟာဆိုရင်ဘဝကိုကြိုးစားရုန်းကန်ရင်းအောင်မြင်တဲ့ဖေ့ဘုတ်ဆယ်လီတစ်ယောက်ဖြစ်လာတာပဲဖြစ်ပါတယ်။မိဘအပေါ်သိတတ်လိမ္မာတဲ့သားသမီးဖြစ်လို့ အောင်မြင်မှုတွေကိုတစ်ခဲနက်ပိုင်ဆိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိခဲ့သူဖြစ်ပါတယ်။

အလုပ် တွေ ကြိုးစားလုပ်ကိုင်ပြီး မိဘတွေရဲ့ ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးတတ်တဲ့ နေဆန်းဟာ ဒီကနေ့မှာလည်း သူ့ရဲ့မိဘတွေအတွက် မြေကွက်တစ်ကွက်ဝယ် ယူပေးခဲ့ကြောင်း ပြောပြလာပါတယ်။ နေဆန်းက “လွန်ခဲ့တဲ့ ၁ဝနှစ်လောက်ကအဖေနဲ့အမေအမြဲပြောနေတဲ့စကား.. ဒီရွာလမ်းဝမှာ မြေကွက်လေး ကြိုက် လိုက်တာ ပိုက်ဆံလဲမရှိ တနေ့ဝယ်နိုင်ရင်ကောင်းမှာပဲဆိုပြီး အမြဲပြောနေတယ် ။ ဒီနေ့တော့ အဖေနဲ့အမေလိုချင်တဲ့ မြေကွက် သိန်းတစ်ထောင်ငါးရာငါး ဆယ် မြေကွက်ကို ဝယ်ပေးလိုက်ပါပြီ  အဖေနဲ့အမေအမြဲပျော်ရွှင်ပါစေ  Nay Sann” ဆိုပြီး သူ့ရဲ့ ပီတိလေးကို မျှဝေလာပါတယ်။

နေဆန်း က တော့ မွန်ပြည်နယ်က ရွာလေးတစ်ရွာမှာ အခြေချနေထိုင်နေတဲ့ မိဘနှစ်ပါးကို သူ့ရဲ့ချွေးနည်းစာနဲ့ နေအိမ်၊ ကား စသည်တို့ကိုဖြည့်ဆည်းပေးခဲ့ပြီး အခု တစ်ခါမှာ အဖေနဲ့ အမေလိုချင်နေတဲ့ သိန်းထောင်ချီမြေကွက်ကြီးကို ထပ်မံဝယ်ယူပေးနိုင်ခဲ့တာ တကယ့်ကိုအားကျစရာပါပဲနော်။

crd :

zawgyi




crd :