သရုပ် ဆောင် ရတနာဗိုလ်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေရိုက်ကူးရင်း နာမည်ရလာခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ရတနာဗိုလ်ဟာ အခုဆိုရင် ရုပ်ရှင် ဇာတ်ကားကြီးတွေပါရိုက်ကူးနေပြီဖြစ်ပြီး အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားလုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ရတနာဗိုလ်ဟာ ပြီးခဲ့တဲ့လတွေ မှာ လည်း “သမီးဆိုး” ဇာတ်လမ်းတွဲက ချမ်းမြချိုဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။
ဒီ ကနေ့ မတ်လ (၆) ရက်နေ့ကတော့ ရတနာဗိုလ်ရဲ့ တစ်ဦးတည်းသောညီမလေး ခင်နီလာခန့်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ရတနာဗိုလ်က သူမရဲ့အချစ်ဆုံးညီမလေး အ တွက် “Happy birthday အချစ်ကလေးးးးးး လိမ္မာသိတတ်တဲ့ကလေးလေးးးးးးဖြစ်ချင်တဲ့ဆန္ဒတွေအကုန်ဖြစ်ပါစေ🫶🏻🎈🎂❤️😘” ဆိုပြီး ဖေ့စ် ဘုတ် စာမျက်နှာပေါ်ကနေ မွေးနေ့ဆုတောင်းပေးထားတာကိုတွေ့ရပါတယ်။
ရတနာဗိုလ် က တော့ “ သမီးဆိုး” ဇာတ်လမ်းတွဲမှာလည်း အစ်မကောင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ပိုင်နိုင်ခဲ့သလို လက်တွေ့ဘဝမှာလည်း ညီမလေးအ တွက် အကောင်းဆုံးအဖော်မွန်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရတနာဗိုလ်ရဲ့ ချစ်စရာကောင်းတဲ့ ညီမလေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင် ပါတယ်နော် ။
source : Yadanar Bo ‘ s f b
zawgyi
source : Yadanar Bo ‘ s f b