သရုပ်ဆောင် နေမင်းကတော့ ဗီဒီယိုဇာတ်ကားကြီးတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက် ဖြစ်ပါတယ်။ နေမင်းဟာ နောက်ပိုင်းမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ နည်းပါးသွားပြီး သူ့ရဲ့မိသားစုတွေရှိရာ နယ်မြို့လေးမှာပဲ အခြေချနေထိုင် နေလျက် ရှိတာပဲဖြစ်ပါတယ်။ နေမင်းဟာ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပေမယ့် ပရိသတ်တွေကတော့ နေမင်းရဲ့ လှုပ်ရှားမှုတွေကို စိတ်ဝင်တစားစောင့်ကြည့်နေဆဲဖြစ်ပါတယ်။

ဒီ ကနေ့မှာတော့ နေမင်းက သူ့ရဲ့ ပရိသတ်တွေအတွက် အလွမ်းပြေကြည့်နိုင်ဖို့ သူ့ရဲ့ဓာတ်ပုံလေးတွေကို ဝေမျှပေးခဲ့ရာ အဆိုပါ ဓာတ်ပုံထဲက မိန်းကလေးဟာ ဘယ် သူများဖြစ်မလဲဆိုပြီး ပရိသတ်တွေက စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။ ဓာတ်ပုံထဲက မိန်းကလေးဟာ အဆိုတော် မေလသံစဉ်ဖြစ်ပြီး နေမင်းနဲ့ သီ ချင်း MV တစ်ခုအတွက် သရုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။

နေမင်း က တော့ အခုအချိန်ထိ လူပျိုကြီးလုပ်နေလျက်ရှိပြီး အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေကို တစုံတရာဖွင့်ဟခြင်းလည်းမရှိသေးပါဘူး။ ပရိသတ် တွေကလည်း လူပျိုကြီးနေမင်းရဲ့ မင်္ဂလာသတင်းကိုစောင့်မျှော်နားစွင့်နေကြတာပဲဖြစ်ပါတယ်။

source :  Nay  Min  ‘ s  f b

zawgyi




source :  Nay  Min  ‘ s  f b