ပရိတ် သတ် အားပေးမှု အမြောက်အမြား ရရှိထားတဲ့ မြန်မာအိုင်ဒေါ အစီအစဉ်ကိုတော့ ပရိတ်သတ်ကြီးနဲ့ အထူးမိတ်ဆက်ပေးစရာမလိုလောက်ပါဘူးနော်။ အဆို တော် နီလန်းကတော့ မြန်မာအိုင်ဒေါကနေ မွေးထုတ်ပေးခဲ့တဲ့ အဆိုရှင်တစ်ဦး ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နေစဉ်ကာလကတည်းက ပရိတ်သတ် အခိုင်အမာ ရရှိ ခဲ့တဲ့ နီလန်းက အခုဆိုရင် အနုပညာအလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။သူမ ပြိုင်ပွဲဝင်နေစဉ်အတွင်းမှာ သူမရဲ့ ချစ်သူက ကိုယ့် ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ အတွက် ပရိတ်သတ်တွေအားလုံးက ဂရုဏာ သက်ခဲ့ရပါတယ်။

အဆို တော် အဖြစ်သာမက မိတ်ကပ်အနုပညာရှင် တစ်ဦးအနေနဲ့ပါ ရပ်တည်နေပြီး ဘဝကို ဖြတ်သန်းနေတဲ့သူပါ။ အလှအပကို အရမ်းဝါသနာပါပြီး သူမရဲ့ဝါ သနာကို တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်တင်နေလျက်ရှိတဲ့ နီလန်းဟာ ဒီကနေ့မှာလည်း သူမရဲ့ အောင်မြင်မှုအသစ်တစ်ခုကို ပြောပြလာပါတယ်။ နီလန်းက အ လှအပအတွက်လိုအပ်တဲ့ မျက်တောင်တုဆက်နည်းသင်တန်းကိုတက်ရောက်ပြီးစီးခဲ့ပြီး သူမရဲ့ ပန်းတိုင်အတွက်

“ ဘဝ အတွက် နောက်ထပ်ခြေလှမ်းအသစ် တစ်ခု ❤️ Thanks God 🙏🏻 ” ဆိုပြီး မျှဝေလာပါတယ်။နီလန်းကတော့ အဆိုတော်တစ်ယောက်အဖြစ်လည်း ပရိသတ် တွေက ကြိုက်နှစ်သက်အားပေးခြင်းခံရသလို အလှဖန်တီးရှင်တစ်ယောက်အဖြစ်နဲ့လည်း အားလုံးရဲ့ လက်ခံပေးမှုကိုရရှိထားသူတစ်ယောက်ဖြစ်ပါတယ် ။ နီလန်း တစ်ယောက် ဝါသနာပါတဲ့လမ်းကြောင်းပေါ်မှာ အောင်မြင်စွာနဲ့ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

source  :  Nilen  ‘ s   f b

zawgyi




source  :  Nilen  ‘ s   f b