ဒီ တခါ တင်ဆက်ပေးမှာကတော့ မြန်မာ့ဂီတလောကမှာ အသံချိုချိုလေးနဲ့ ဆွဲဆောင်မှုရှိပြီး ပရိတ်သတ်တွေရဲ့ ရင်ထဲ နေရာယူထားသော အမျိုးသမီးအဆိုတော် ဝိုင်းစုခိုင်သိန်း ရဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်း ဟာ အဆိုတော်တယောက်ဖြစ်ရုံသာမက ကြော်ငြာနှင့် ဗီဒီယိုသရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ် ။ သူမကို ဒီဇင်ဘာ(၂၄)ရက်၊ (၁၉၈၆)ခုနှစ်တွင် အဖ ဦးသိန်းဌေး၊အမိ ဒေါ်မေရီအောင်တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါသည်။ အမည်ရင်းမှာ ဝိုင်းစုခိုင်သိန်းပင် ဖြစ်ပါတယ်။ အ.ထ.က(၁)ဒဂုံတွင် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်း အထိ တက်ရောက်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်မှာတော့ ဆယ်တန်းအောင်မြင်၍ ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရခဲ့ပါတယ်။
တေးသံရှင် ဝိုင်းစုခိုင်သိန်းဟာ ကိုဥက္ကာမြင့်ကြူနှင့် ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ရန်ကုန်မြို့၊ ဆဒိုးနားဟိုတယ်၌ မင်္ဂလာဆောင်ခဲ့ပြီး (၂၀၁၆)ခုနှစ်၊စက်တင်ဘာလ (၃၀)ရက်နေ့တွင် စိတ်သဘောထားချင်း မတိုက်ဆိုင်တော့သည့်အတွက် တရားဝင် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ပါသည်။ ယခု လက်ရှိတွင်တော့ အဆိုတော်အောင်လနှင့် လက်တွဲလျက်ရှိပါသည်။ ၂၀၀၄ခုနှစ်တွင် သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလုပ်ငန်းကို စတင်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ပထမဆုံး တေးစီးရီးအဖြစ် မက်လောက်စရာ တေးအလ်ဘမ်ကို (၂၀၀၉) ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။ ထို တေးစီးရီးဖြင့်ပင် ဂီတလောကတွင် အောင်မြင်မှုရရှိခဲ့ပါသည်။ဝိုင်းစုခိုင်သိန်းသည် တနှစ်တခါ တေးအလ်ဘမ်အသစ်များထုတ်ခဲ့ပြီး အလ်ဘမ်တိုင်းလိုလိုမှာလည်း လူကြိုက်များပြီး အောင်မြင်မှုရရှိခဲ့ပါသည်။သူမ၏ တေးစီးရီးများမှာ မျက်လှည့် (၂၀၁၁)၊ အာဘွား(၂၀၁၃)၊ ခါချနေရတယ်(၂၀၁၅) စသည်တို့ဖြစ်ပါသည်။တစ်ကိုယ်တော်စီးရီးသစ် “ဂါ”ကို ၂၀၁၆ခုနှစ်၊ အောက်တိုဘာ(၂၁)ရက်နေ့တွင် ထုတ်ဝေခဲ့ပါသည်။ ထို့အပြင် minimum album”မယ်သီတာ”ကိုလည်း (၂၀၁၇)ခုနှစ်၊ဂျူလိုင်လ (၁၆)ရက်နေ့တွင် ထုတ်ဝေခဲ့ပါသည်။ ဝိုင်းစုခိုင်သိန်း သည် တစ်ကိုယ်တော် ဖျော်ဖြေရေးပွဲများ (solo concert) များကို နှစ်စဥ်ပြုလုပ်လေ့ရှိပါတယ်။ (၂၀၁၅)ခုနှစ်တွင် ပထမဆုံး solo concert ပွဲကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။ ထိုနှစ်ထဲမှာပဲ ဒုတိယ solo concert ပွဲကို မန္တလေးမြို့တွင် ပြုလုပ်ခဲ့ပါတယ်။ (၂၀၁၇)ခုနှစ်တွင်တော့ သူမရဲ့ (၃၃)နှစ်ပြည့် မွေးနေ့ solo concert ကို ရန်ကုန်မြို့တွင်ပဲကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်တွင်တော့ solo concert ပွဲကို မန္တလေးမြို့၌ ပြုလုပ်ခဲ့ပါတယ်။
သူမ၏ နောက်ဆုံး solo concert ကို တော့ ရန်ကုန်မြို့ ဝေဇယန္တာလမ်း ပေါ် ရှိ FG Live Lounge စတူဒီယိုတွင် ကျင်းပပြုလုပ်ခဲ့ကာ သူမ၏အမာခံ ပရိတ်သတ်များစွာဖြင့် အောင်မြင်ခဲ့ပါတယ်။တစ်ကိုယ်တော် တေးစီးရီးများနဲ့ solo concertပွဲ များသာ မကပဲ ဂီတနဲ့ ပတ်သက်တဲ့ ဆုပေါင်းများစွာကို ရရှိထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းဟာ ၂၀၀၉၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေမှာတော့ Best Selling Studio Music Album Female Vocalist of the Year(နှစ်တစ်နှစ်ရဲ့ ရောင်းအားအကောင်းဆုံး အမျိုးသမီး တေးအလ်ဘမ်ဆု) ကိုရရှိခဲ့ပါတယ်။ထိုမျှသာမက ၂၀၁၁ ခုနှစ်တွင် Best Couple song award (အကောင်းဆုံး စုံတွဲသီချင်းဆု)၊ Best Vocalist award (အကောင်းဆုံး တေးသံရှင်ဆု) ကို ဆွတ်ခူးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဆိုရင်တော့ Most Popular Female Vocalist of the Year (နှစ်တစ်နှစ်တွင် အကျော်ကြားဆုံး အမျိုးသမီး တေးသံရှင်ဆု)ကို လည်းထပ်မံ ရရှိခဲ့ပါတယ်။ ပြီးခဲ့သည့် ၂၀၂၀ခုနှစ် တွင်တော့ Joox App တွင် Top 10 Artist of the Year ဆုကိုလည်း ရရှိထားပါတယ်။ဝိုင်းစုခိုင်သိန်း ဟာ ထွက်ရှိခဲ့သမျှ တေးစီးရီး အားလုံး အောင်မြင်ခဲ့ပြီး အမျိုးသမီး ပရိတ်သတ်များသာမက အမျိုးသား ပရိတ်သတ်များရဲ့ အားပေးမှု များကိုပါ အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ဆိုရင်တော့ ကမ္ဘာဆုံးထိ(၂၀၀၅)၊ ရတနာ(၂၀၀၆) အစရှိတဲ့ ဇာတ်ကားများကို ရိုက်ကူးခဲ့ပါတယ်။ ဂီတာရော စန္တရား ပါတီးတတ်ပြီးတော့ သူမ၏ အားလပ်ချိန်များတွင် တီးလေ့ရှိတယ်လို့လည်း သိရပါတယ်။ လက်ရှိတွင်တော့ သူမ၏ ချစ်သူ အဆိုတောင် အောင်လနဲ့အတူ ဂီတနဲ့ အနုပညာ အလုပ်တွေလုပ်ကိုင်ရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလျက်ရှိပါတယ်။
crd : mdatenews
zawgyi
ဒီ တခါ တင္ဆက္ေပးမွာကေတာ့ ျမန္မာ့ဂီတေလာကမွာ အသံခ်ိဳခ်ိဳေလးနဲ႔ ဆြဲေဆာင္မႈရွိၿပီး ပရိတ္သတ္ေတြရဲ့ ရင္ထဲ ေနရာယူထားေသာ အမ်ိဳးသမီးအဆိုေတာ္ ဝိုင္းစုခိုင္သိန္း ရဲ့ အေၾကာင္းေလးပဲျဖစ္ပါတယ္။ ဝိုင္းစုခိုင္သိန္း ဟာ အဆိုေတာ္တေယာက္ျဖစ္႐ုံသာမက ေၾကာ္ျငာႏွင့္ ဗီဒီယိုသ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္ ။ သူမကို ဒီဇင္ဘာ(၂၄)ရက္၊ (၁၉၈၆)ခုႏွစ္တြင္ အဖ ဦးသိန္းေဌး၊အမိ ေဒၚေမရီေအာင္တို႔မွ ရန္ကုန္ၿမိဳ႕တြင္ ေမြးဖြားခဲ့ပါသည္။ အမည္ရင္းမွာ ဝိုင္းစုခိုင္သိန္းပင္ ျဖစ္ပါတယ္။ အ.ထ.က(၁)ဒဂုံတြင္ သူငယ္တန္းမွ တကၠသိုလ္ဝင္တန္း အထိ တက္ေရာက္ခဲ့ပါတယ္။ ၂၀၀၃ခုႏွစ္မွာေတာ့ ဆယ္တန္းေအာင္ျမင္၍ ဒဂုံတကၠသိုလ္မွ အဂၤလိပ္စာ အဓိကျဖင့္ ဘြဲ႕ရခဲ့ပါတယ္။
ေတးသံရွင္ ဝိုင္းစုခိုင္သိန္းဟာ ကိုဥကၠာျမင့္ၾကဴႏွင့္ ၂၀၁၄ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁၄)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ ဆဒိုးနားဟိုတယ္၌ မဂၤလာေဆာင္ခဲ့ၿပီး (၂၀၁၆)ခုႏွစ္၊စက္တင္ဘာလ (၃၀)ရက္ေန႔တြင္ စိတ္သေဘာထားခ်င္း မတိုက္ဆိုင္ေတာ့သည့္အတြက္ တရားဝင္ ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲခဲ့ပါသည္။ ယခု လက္ရွိတြင္ေတာ့ အဆိုေတာ္ေအာင္လႏွင့္ လက္တြဲလ်က္ရွိပါသည္။ ၂၀၀၄ခုႏွစ္တြင္ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ အႏုပညာလုပ္ငန္းကို စတင္ခဲ့ပါတယ္။ ထို႔ေနာက္မွာေတာ့ ပထမဆုံး ေတးစီးရီးအျဖစ္ မက္ေလာက္စရာ ေတးအလ္ဘမ္ကို (၂၀၀၉) ခုႏွစ္တြင္ ထုတ္ေဝခဲ့ပါသည္။ ထို ေတးစီးရီးျဖင့္ပင္ ဂီတေလာကတြင္ ေအာင္ျမင္မႈရရွိခဲ့ပါသည္။ဝိုင္းစုခိုင္သိန္းသည္ တႏွစ္တခါ ေတးအလ္ဘမ္အသစ္မ်ားထုတ္ခဲ့ၿပီး အလ္ဘမ္တိုင္းလိုလိုမွာလည္း လူႀကိဳက္မ်ားၿပီး ေအာင္ျမင္မႈရရွိခဲ့ပါသည္။သူမ၏ ေတးစီးရီးမ်ားမွာ မ်က္လွည့္ (၂၀၁၁)၊ အာဘြား(၂၀၁၃)၊ ခါခ်ေနရတယ္(၂၀၁၅) စသည္တို႔ျဖစ္ပါသည္။တစ္ကိုယ္ေတာ္စီးရီးသစ္ “ဂါ”ကို ၂၀၁၆ခုႏွစ္၊ ေအာက္တိုဘာ(၂၁)ရက္ေန႔တြင္ ထုတ္ေဝခဲ့ပါသည္။ ထို႔အျပင္ minimum album”မယ္သီတာ”ကိုလည္း (၂၀၁၇)ခုႏွစ္၊ဂ်ဴလိုင္လ (၁၆)ရက္ေန႔တြင္ ထုတ္ေဝခဲ့ပါသည္။ ဝိုင္းစုခိုင္သိန္း သည္ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖေရးပြဲမ်ား (solo concert) မ်ားကို ႏွစ္စဥ္ျပဳလုပ္ေလ့ရွိပါတယ္။ (၂၀၁၅)ခုႏွစ္တြင္ ပထမဆုံး solo concert ပြဲကို ရန္ကုန္ၿမိဳ႕တြင္ က်င္းပခဲ့ပါသည္။ ထိုႏွစ္ထဲမွာပဲ ဒုတိယ solo concert ပြဲကို မႏၲေလးၿမိဳ႕တြင္ ျပဳလုပ္ခဲ့ပါတယ္။ (၂၀၁၇)ခုႏွစ္တြင္ေတာ့ သူမရဲ့ (၃၃)ႏွစ္ျပည့္ ေမြးေန႔ solo concert ကို ရန္ကုန္ၿမိဳ႕တြင္ပဲက်င္းပျပဳလုပ္ခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္တြင္ေတာ့ solo concert ပြဲကို မႏၲေလးၿမိဳ႕၌ ျပဳလုပ္ခဲ့ပါတယ္။
သူမ၏ ေနာက္ဆုံး solo concert ကို ေတာ့ ရန္ကုန္ၿမိဳ႕ ေဝဇယႏၲာလမ္း ေပၚ ရွိ FG Live Lounge စတူဒီယိုတြင္ က်င္းပျပဳလုပ္ခဲ့ကာ သူမ၏အမာခံ ပရိတ္သတ္မ်ားစြာျဖင့္ ေအာင္ျမင္ခဲ့ပါတယ္။တစ္ကိုယ္ေတာ္ ေတးစီးရီးမ်ားနဲ႔ solo concertပြဲ မ်ားသာ မကပဲ ဂီတနဲ႔ ပတ္သက္တဲ့ ဆုေပါင္းမ်ားစြာကို ရရွိထားသူ တစ္ေယာက္လည္းျဖစ္ပါတယ္။ ဝိုင္းစုခိုင္သိန္းဟာ ၂၀၀၉၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခုႏွစ္ေတြမွာေတာ့ Best Selling Studio Music Album Female Vocalist of the Year(ႏွစ္တစ္ႏွစ္ရဲ့ ေရာင္းအားအေကာင္းဆုံး အမ်ိဳးသမီး ေတးအလ္ဘမ္ဆု) ကိုရရွိခဲ့ပါတယ္။ထိုမၽွသာမက ၂၀၁၁ ခုႏွစ္တြင္ Best Couple song award (အေကာင္းဆုံး စုံတြဲသီခ်င္းဆု)၊ Best Vocalist award (အေကာင္းဆုံး ေတးသံရွင္ဆု) ကို ဆြတ္ခူးခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ဆိုရင္ေတာ့ Most Popular Female Vocalist of the Year (ႏွစ္တစ္ႏွစ္တြင္ အေက်ာ္ၾကားဆုံး အမ်ိဳးသမီး ေတးသံရွင္ဆု)ကို လည္းထပ္မံ ရရွိခဲ့ပါတယ္။ ၿပီးခဲ့သည့္ ၂၀၂၀ခုႏွစ္ တြင္ေတာ့ Joox App တြင္ Top 10 Artist of the Year ဆုကိုလည္း ရရွိထားပါတယ္။ဝိုင္းစုခိုင္သိန္း ဟာ ထြက္ရွိခဲ့သမၽွ ေတးစီးရီး အားလုံး ေအာင္ျမင္ခဲ့ၿပီး အမ်ိဳးသမီး ပရိတ္သတ္မ်ားသာမက အမ်ိဳးသား ပရိတ္သတ္မ်ားရဲ့ အားေပးမႈ မ်ားကိုပါ အခိုင္အမာ ရရွိထားသူလည္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ပိုင္းမွာ ဆိုရင္ေတာ့ ကမၻာဆုံးထိ(၂၀၀၅)၊ ရတနာ(၂၀၀၆) အစရွိတဲ့ ဇာတ္ကားမ်ားကို ရိုက္ကူးခဲ့ပါတယ္။ ဂီတာေရာ စႏၲရား ပါတီးတတ္ၿပီးေတာ့ သူမ၏ အားလပ္ခ်ိန္မ်ားတြင္ တီးေလ့ရွိတယ္လို႔လည္း သိရပါတယ္။ လက္ရွိတြင္ေတာ့ သူမ၏ ခ်စ္သူ အဆိုေတာင္ ေအာင္လနဲ႔အတူ ဂီတနဲ႔ အႏုပညာ အလုပ္ေတြလုပ္ကိုင္ရင္း ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းလ်က္ရွိပါတယ္။
crd : mdatenews