အဆို တော် အိုင်းရင်းဇင်မာမြင့်ကတော့ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ ပရိသတ်ကြိုက် တေးသံရှင်တစ်ယောက်ပါ ပဲ ။ သီချင်းကောင်းတွေကိုသီဆိုတတ်တဲ့အပြင် ချစ်စရာလည်းကောင်းပြီး စိတ်ထားလေးလည်းဖြူစင်တာကြောင့် အိုင်းရင်းဇင်မာမြင့်ဟာ ပရိသတ်တွေကြား နာမည် ကောင်းနဲ့ ကျော်ကြားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။
ဒီကနေ့ မှာတော့ အိုင်းရင်းဇင်မာမြင့်က သူမရဲ့ ပရိသတ်တွေကို သတင်းကောင်းတစ်ခုမျှဝေစရာရှိတယ်ဆိုပြီး ပြောလာပါတယ်။ အိုင်းရင်းဇင်မာမြင့်က သူမရဲ့နာမည် ပါတဲ့ မင်္ဂလာစာချုပ်တစ်ခုကိုကိုင်ထားတဲ့ဓာတ်ပုံနဲ့ “ညကြီးအချိန်မတော်သတင်းထူးမတင်တော့ဖူး မနက်ဖြန် ပြောပြမယ် Good Night ” ဆို ပြီး စိတ် ဝင်စားဖို့ကောင်းအောင် လုပ်ခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ် တွေ က တော့ မင်္ဂလာစာချုပ်ပေါ်က အိုင်းရင်းဇင်မာမြင့်ရဲ့နာမည်ကြောင့် အိုင်းရင်းဇင်မာမြင့်ဟာ သူမရဲ့ မင်္ဂလာသတင်းကိုများချပြတော့မှာလားဆိုပြီး စိတ် ဝင် စား နေကြတာပဲ ဖြစ်ပါတယ်။ အိုင်းရင်းပြောမယ်ဆိုတဲ့ သတင်းထူးက ဘာများဖြစ်မလဲဆိုတာ ပရိသတ်ကြီးက စောင့်မျှော်ပေးကြပါဦးနော်။
source : Irene Zin Mar Myint ’ s f b
zawgyi