သရုပ် ဆောင် စမိုင်းလ်ကတော့ ချမ်းသာ ကြွယ်ဝမှုတွေများစွာ ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပါတယ်။ အမေရိကားတွင် လူချမ်းသာတွေနေထိုင်ရဲ့ရပ်ကွက်မှာ နန်းတော် အလားထင်ရတဲ့ အမိုက်စားအိမ်ကြီးမှာ နေထိုင်နေတာ ဖြစ်ပါတယ်။ အချိန်တိုအတွင်း ကျိကျိတက်ချမ်းသာသွားတဲ့အတွက် အားလုံးကလည်း အံ့အား သင့်နေရတာပါ။
လူမှု ကွန်ရက်မှာလည်း သူတို့ရဲ့ကြွယ်ဝမှုတွေကိုအမြဲတင်ပေးလေ့ ရှိတာပါ။ ဒါ့အပြင် သူမတို့ရဲ့ ချမ်းသာမှုတွေကိုဆက်ခံမယ့် သမီးလေးနှစ်ယောက်လည်းရှိနေ သေးတာပါ။ သမီးလေးနှစ်ယောက်လုံးကလည်း ပရိသတ်တွေနဲ့ ရင်းနှီးနေကြသူတွေပဲ ဖြစ်ပါတယ်။ အကြီးဆုံးသမီးလေးကတော့ စမိုင်းလ်လိုပဲ အနုပညာ ဝါသနာ ပါတာ ဖြစ်ပါတယ်။
စမိုင်းလ် ရဲ့ သမီးကြီး ပေါ်ရှာကတော့ Tiktokလေးတွေ အမြဲဆော့ကစားလေ့ရှိပြီး သူမရဲ့လူမှုကွန်ရက်ပေါ်တွင် တင်ပေးလေ့ရှိတာပါ။ အမေရိကားနိုင်ငံရဲ့နာမည် ကျော် မော်ဒယ်သင်တန်းကျောင်းမှာပါ သင်တန်းတက်ခဲ့တာကြောင့် သူမရဲ့ဝတ်စားပုံတွေကလည်း အမြဲဖက်ရှင်ကျကျနဲ့ ဆွဲဆောင်မှုရှိနေတာပါ။ ပြီးခဲ့တဲ့ မွေး နေ့တုန်းကလည်းအမိုက်စား အမိုးဖွင့်ပြိုင်ကားကြီးကို လက်ဆောင်ရခဲ့သေးတာဖြစ်ပါတယ်။ အခုမှာလည်း နန်းတော်ကြီးကဲ့သို့ ကြီးကျယ်ခမ်းနားလှတဲ့ သူမရဲ့ အိမ်ထဲမှာ ခါးလေးကိုလှုပ်ပြီး အပီအပြင်ဒွန့်နေတဲ့ ပေါ်ရှာရဲ့ဗီဒီယိုဖိုင်လေးကို ကြည့်ရှုအားပေးကြပါဦးနော်။
zawgyi