ပရိတ်သတ် ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ ထပ်ဆင့်အကယ်ဒမီသီဟတင်စိုး၏ တစ်ဦးတည်းသောညီမလေး ခင်စံပါယ်ဦးက မိခင်ကြီး၏ မေတ္တာတရားကို စ ကားလုံးတွေနဲ့အခုလိုပြန်လည် ဖွင့်ဟပြလာခဲ့ပါတယ်နော်။ထပ်ဆင့်အကယ်ဒမီသီဟတင်စိုး၏ တစ်ဦးတည်းသောညီမလေး ခင်စံပါယ်ဦးက အမေ၊ ယောကျာ်း ၊ သား ၊ သမီး ၊ ချွေးမ ၊ သမက် ၊ မြေး တွေ အပေါ်မှာတာဝန်ကျေလွန်းတဲ့အမေ၊ပတ်ဝန်းကျင်အပေါ်မှာလည်းတာဝန်ကျေတဲ့အမေ၊အကိုကြီး၊
မဇင်မာ နဲ့ ကလေးတွေအပေါ် ညီမလေးတစ်ယောက်အနေနဲ့ကူညီစောင့်ရှောက်ခဲ့တုန်းကလည်း အမေ့ရဲ့စောင့်ရှောက်ကူညီပေးမှုတွေပါ၊ကိုလူမင်းအနားမှာမရှိတဲ့ အချိန်တွေမှာလည်း အမေကထပ်တူသမီးရဲ့အပူတွေကိုမျှယူပေးတယ်၊အမေ့ရဲ့ဆုံးမသွန်သင်ဆုံးမမှုတွေ၊ကျေးဇူးတရားတွေကဆပ်လို့မကုန်ပါဘူးအမေ။အခု လည်းအကိုကြီးသားနဲ့ သမီးလေးကိုအထူးသဖြင့်အမေ့ရဲ့အရိပ်အောက်မှာ ကလေးတွေလုံခြုံနွေးထွေးပြီး၊သူတို့လေးတွေဘဝအတွက်ရပ်တည်နိုင်အောင်အမေ တည်ဆောက်ပေးမှာ၊
သား အကြီးဆုံးကိုမင်းသားမဖြစ်ဖြစ်အောင်လုပ်ပေးခဲ့တဲ့အမေ၊ကျန်တဲ့သားသမီးတွေအပေါ်မှာလည်းအမေတာဝန်ကျေခဲ့တယ်၊အမေ့ရဲ့အလိမ်မာဆုံးသားလေး ကိုညာ ဆုံးပြီးကတည်းကအမေ မပြုံးမပျော်တော့တာသိပါတယ်။နောက်ထပ် အမေ့ကိုမျက်ရည်တွေမကျစေချင်ဘူး၊အမေ့ရင်တွေခဏခဏမကွဲစေချင်ဘူး ၊ အမေ့ကိုအေးချမ်းစေချင်တယ်၊အမေ့ အကြောင်းလေးကိုတွေးမိပြီးဒီစာလေးကို အမေ့အတွက်အမှတ်တရရေးလိုက်တာပါ အမေ ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
crd :
zawgyi
crd :