ခြူးလေးဆိုတာနဲ့ လတ်တလော ပရိတ်သတ်တွေစိတ်ဝင်စားမှု ရရှိနေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ မကြာခင်ရိုက်ကူးတော့မယ့် ရုပ်သံဇာတ်လမ်းတွဲရဲ့ ကန်တော့ပွဲမှာ သူမရဲ့နာမည်ကို အနောက်ထားတာကြောင့် ဒါရိုက်တာနဲ့ ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်လမ်းတွဲက နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။
အဆိုပါကိစ္စဟာ အတော်လေးကိုလှုပ်ခတ်သွားပြီး မီဒီယာတွေမှာလဲ အင်တာဗျူးတွေတော်တော် တက်လာခဲ့တာပါ ။ ဒါ့အပြင်ဝေဖန်မှုတွေကလဲ ဘက်ပေါင်းစုံက မြင့်တက်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ သူမဟာခေါင်းဆောင်မင်းသမီးဖြစ်ပေမယ့် ကန်တော့ပွဲနေ့မှ ခုလိုကိစ္စမျိုးဖြစ်သွားခဲ့တာဖြစ်ပါတယ် ။ အခုနောက်ပိုင်း တောက်လျောက်ဆိုသလို ခြူးလေးရဲ့ အတိတ်ကပုံရိပ်တွေလဲ တက်လာခဲ့ပါတယ် ။
မနှစ်က ဘန်ကောက်မှာ ခြူးလေးဟာ သူမရဲ့ချစ်သူလက်ကိုတွဲပြီး Centralworld မှာလမ်းလျှောက်နေတဲ့ ပုံရိပ်တွေတက်လာခဲ့တာဖြစ်ပါတယ်။ခြူးလေးလက်ရှိတွဲနေတဲ့သူဟာ မိန်းမနဲ့ကလေးရှိတာဖြစ်ပါတယ်။ ကာမပိုင်မိန်းမရှိတဲ့ အမျိုးသားနဲ့ လက်တွဲနေတဲ့အတွက် ပရိတ်သတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုကို များစွာခံနေရတာဖြစ်ပါတယ်။ ဘယ်လောက်ထိ ပွဲတွေဆူနေအုံးမလဲဆိုတာတော့ ပရိတ်သတ်တွေစောင့်ကြည့်လိုက်ပါအုံးနော် ။
zawgyi