ပရိတ်သတ် ကြီးရေ ဒါရိုက်တာ တစ်ယောက် လည်းဖြစ်သလို သရုပ်ဆောင် ဇာတ်ညွှန်းရေးဆရာ တစ်ယောက်လည်း ဖြစ်တဲ့ ဆူးခက်မင်း က တော့ ဟာသဇာတ်ရုပ် တွေကို အများဆုံးသရုပ်ဆောင်သလို သူ့ရဲ့အပြင်ဘဝကပုံစံကလည်း ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စိတ်ထဲရှိရာကို ပွင့်လင်းစွာပြောတတ်သူဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဆူးခက်မင်းက ဇာတ်လမ်းစာတန်းထိုးမှာ နာမည်ရှေ့နောက်နဲ့ပတ်သက်ပြီး ပြဿနာတက်နေတဲ့ မင်းသမီးအကြောင်းနဲ့စပ်ဆက်ကာ ဟာသလေးနှောပြီး အခုလိုပဲ ပြောလာတာကိုတွေ့ရပါ တယ် ။
ဆူးခက်မင်း က “အဲ့ဒါတွေ ကြိုမြင်လို့ ငါ့ဒါရိုက်တာကားတွေ စာတန်းထိုးရင် သရုပ်ဆောင်တွေကို Alphabetically ပဲ ရှေ့နောက်စီတာ။ သူတို့ဟာသူတို့ ပေးထားမိ တဲ့ နာမည် ဆိုတော့ အထွန့်တက် လို့လည်း မရတော့ဘူး ၊ အေးဆေးပဲ ။ ” ဆိုပြီး ဇာတ်ကားတွေ ရိုက်တဲ့အခါ သူ့ရဲ့ ဖြေရှင်းနည်းကို ပြောလာပါ တယ် ။
ဆူးခက်မင်း က တော့ သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်တွေအနေနဲ့ အချင်းချင်းအငြင်းပွားမှုမရှိအောင် ဇာတ်ကားစာတန်းထိုးမှာ နာမည်တွေကို အက္ခရာအစဉ်အလိုက်အတိုင်းသား ရေးသားဖော်ပြတယ်ဆိုပြီးပြောလာတာပဲ ဖြစ်ပါတယ် ။
crd :
zawgyi
crd :