အောင်ရေချမ်း က တော့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲ က နေ ပရိသတ်အားပေးမူကိုအပြည့်အဝရရှိထားသူတစ်ယောက်ပါ။သူကတော့ ကျွန်မကမဟေသီ ၊ ပျားရည်အိုင် စတဲ့ ရုပ်သံစီးရီးများမှာပါဝင်သရုပ်ဆောင်ကာပရိသတ်အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်နော်။နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီ နယ်ပရိသတ်တွေရဲ့အားပေးမူကိုအခိုင်အမာရရှိထားတာဖြစ်ပါတယ်။ခန့်ညားတည်ကြည်တဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့အသည်ကြော်လေးဆိုလည်းမမှားပါ ဘူး ။
အောင်ရေချမ်း ဟာ ဆိုရင် လက်ရှိထုတ်လွှင့်ပြသနေတဲ့ “မဟူရာပုလဲ” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတာပဲဖြစ်ပါတယ်။“မဟူရာပုလဲ” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေစိတ်ဝင်စားမှုကိုရရှိနေတဲ့ အောင်ရေချမ်းက ဒီကနေ့မှာတော့ ဇာတ်လမ်းတွဲထဲက မေရတနာမောင် ဇာတ်ရုပ်ကို သရုပ်ဆောင်ထားတဲ့ တက်သစ်စမင်းသမီးလေး နှင်းယုနဲ့ ဓာတ်ပုံတွေကို မျှဝေလာပါတယ်။
အောင်ရေချမ်း က နှင်းယုနဲ့အတူတူ သမီးရည်းစားတွေအတူတူလျှောက်လည်သလို ပျော်စရာဓာတ်ပုံတွေကို ရိုက်ကူးပြီး ပရိသတ်တွေအားကျစေဖို့ တင်ဆက်ပေးလာတာပဲဖြစ်ပါတယ်။အောင်ရေချမ်းနဲ့ နှင်းယုတို့ကတော့ “မဟူရာပုလဲ” ဇာတ်လမ်းတွဲမှာ ကိုသက်နဲ့ မေ ဆိုတဲ့ ဇနီးမောင်နှံချစ်သူကာရိုက်တာမှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အောင်ရေချမ်းနဲ့ နှင်းယုတို့ကို ဇာတ်ကားထဲမှာသာမက အပြင်မှာပါ သဘောတူနေကြတာပဲဖြစ်ပါ တယ် ။
source : Aung Yay Chan ’ s f b
zawgyi